ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။
မဿဲ 5:17 - မြန်မာ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။- Common Language Bible ``ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းတို့ကိုဖျက် သိမ်းရန်ငါလာသည်ဟုမထင်ကြနှင့်။ ဖျက်သိမ်း ရန်လာသည်မဟုတ်။ ထိုကျမ်းများတွင်ဖော်ပြ ပါရှိသည့်အတိုင်းဖြစ်ပျက်စေရန်သာငါလာ သတည်း။- Garrad Bible ငါ သည် ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း များ ကို ပယ် ဖျက် ရန် ရောက် လာ သည် မ ထင် ကြ နှင့်။ ပယ် ဖျက် ရန် မ ဟုတ်၊ ပြည့် စုံ စေ ရန် ငါ လာ ခဲ့ သ တည်း။ Judson Bible ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများကို ပယ်ဖျက်ရန် ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက်ရန်မဟုတ်ဘဲ ပြည့်စုံစေရန်သာ ငါလာ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို ပယ်ဖျက်ရန် ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက်ရန် လာသည်မဟုတ်။ ထိုကျမ်းများတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်လာစေရန် ငါလာ၏။ |
ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။
သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အချာပင် ဖြစ်သတည်း။
ပညတ္တိကျမ်း၌ အငယ်ဆုံးသော ဗိန္ဓုတစ်လုံးပျက်စီးလွယ်သည်ထက်၊ ကောင်းကင်နှင့် မြေကြီး ပျက်စီးလွယ်၏။-
ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည်အကျွန်ုပ်တို့အား ပညတ်တရား၌ စီရင်ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။-