မဿဲ 5:13 - မြန်မာ သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ပစ်လိုက်၍ ကျော်နင်းခြင်းမှတစ်ပါး အဘယ်အသုံးမျှမဝင်။- Common Language Bible ``သင်တို့သည်လောက၏ဆားသဖွယ်ဖြစ်ကြ၏။ ဆားသည်အငန်ကင်းပျောက်သွားလျှင် အဘယ် သို့ပြန်၍ငန်အောင်ပြုလုပ်နိုင်ပါမည်နည်း။ မည် သို့မျှအသုံးမဝင်တော့ဘဲအပြင်သို့ပစ်လိုက် သဖြင့်လူတို့ကျော်နင်းသွားကြ၏။ Garrad Bible သင် တို့ သည် ဤ မြေ ကြီး၏ ဆား ဖြစ် ၏။ ဆား သည် အ ငံ ကုန် လျှင် အ ဘယ် အ ရာ ဖြင့် ငံ စေ ကြ မည် နည်း။ လူ တို့ ပစ် လိုက် ကျော် နင်း ခံ ရန် မှ တစ် ပါး မည် သည့် အ သုံး မျှ ဝင် ဦး မည် မ ဟုတ်။ Judson Bible သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ပစ်လိုက်၍ ကျော်နင်းခြင်းမှတစ်ပါး အဘယ်အသုံးမျှမဝင်။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ကမ္ဘာမြေ၏ဆားဖြစ်ကြ၏။ သို့သော် ဆားသည် အငန်ဓာတ်ကင်းမဲ့သွားလျှင် ၎င်းကို မည်ကဲ့သို့ပြန်၍ငန်စေမည်နည်း။ မည်သည့်အရာအတွက်မျှ အသုံးမဝင်တော့သဖြင့် အပြင်သို့ပစ်လိုက်၍ လူတို့၏နင်းချေခြင်းခံရရုံသာရှိပေတော့မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ဤလောက၏ဆား ဖြစ်ကြ၏။ သို့ရာတွင် ဆားသည် အငန်ဓာတ်ပျောက်ဆုံးလျှင် ငန်သောအရသာကို မည်သို့ပြန်ရနိုင်မည်နည်း။ မည်သည့်အရာအတွက်မျှ အသုံးမဝင်တော့ဘဲ အပြင်သို့ ပစ်လိုက်သဖြင့် လူတို့၏နင်းခြေခြင်းကို ခံရရုံသာ ရှိပေမည်။ |