များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံ၍ စုဝေးလျက်ရှိကြသောကြောင့်၊ လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် ကုန်းပေါ်မှာ ရပ်နေကြ၏။-
မဿဲ 5:1 - မြန်မာ ထိုလူအပေါင်းတို့ကို မြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။- Common Language Bible ကိုယ်တော်သည်လူပရိသတ်တို့ကိုမြင်တော် မူသဖြင့်တောင်ပေါ်သို့တက်တော်မူ၏။ ကိုယ်တော် ထိုင်တော်မူသောအခါတပည့်တော်တို့သည် အထံတော်သို့လာကြ၏။- Garrad Bible ထို ပ ရိ သတ် တို့ ကို မြင် တော် မူ သော် ကိုယ် တော် သည် တောင် ပေါ် သို့ တက် ကြွ၍ ထိုင် တော် မူ ပြီး လျှင် လာ ရောက် ချဉ်း ကပ် ကြ သော တ ပည့် တော် တို့ အား နှုတ် မြွက်၍ ဒေ သ နာ ပေး တော် မူ သည် မှာ၊ Judson Bible ထိုလူအပေါင်းတို့ကို မြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် လူထုပရိသတ်များကိုမြင်သောအခါ တောင်ပေါ်သို့တက်၍ ထိုင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့၌ ယေရှုသည် လူထုပရိသတ်များကို မြင်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ထံသို့ စုဝေးလာကြ၏။ |
များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံ၍ စုဝေးလျက်ရှိကြသောကြောင့်၊ လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် ကုန်းပေါ်မှာ ရပ်နေကြ၏။-
ယေရှုသည် ထိုအရပ်မှကြွ၍ ဂါလိလဲအိုင်နားသို့ ရောက်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။-
ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရှုရှလင်မြို့မှစသော ယုဒပြည်၊ ယော်ဒန်မြစ်တစ်ဖက်မှ လာသော လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။
ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမဩဝါဒ ပေးတော်မူသည်မှာ၊-
ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင်၊ အထံတော်သို့ လာကြ၏။-
ထိုသူတို့သည် အိမ်သို့ဝင်ကြလျှင်၊ အစာကို မစားနိုင်သည်တိုင်အောင် လူများတို့သည် တစ်ဖန် စုဝေးကြပြန်၏။-
နောက်တစ်ဖန် အိုင်နားမှာ ဆုံးမဩဝါဒပေးတော်မူစဉ်တွင်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြသောကြောင့်၊ အိုင်တွင် လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် အိုင်နား ကုန်းပေါ်မှာ နေကြ၏။-
ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်းပတ္ထနာပြုခြင်းငှာ တောင်ပေါ်သို့ကြွ၍ ဘုရားသခင်အား ဆုတောင်းပတ္ထနာပြုလျက် တစ်ညလုံးနေတော်မူ၏။-
ထိုသူတို့နှင့်တကွ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွ၍ မြေညီရာအရပ်၌ ရပ်တော်မူ၏။ တရားနာခြင်းငှာလည်းကောင်း၊ အနာ ရောဂါတို့ကိုငြိမ်းစေခြင်းငှာလည်းကောင်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၊ ပင်လယ်ကမ်းနား၊ တုရုမြို့၊ ဇိဒုန်မြို့ အရပ်ရပ်တို့က လာကြသော လူအစုအဝေးအပေါင်းတို့နှင့် တပည့်တော်အပေါင်းတို့သည် ရှိကြ၏။-
ထိုအခါ ကိုယ်တော်သည်မျှော်၍ တပည့်တော်တို့ကို ကြည့်ရှုတော်မူလျှင်၊ ဆင်းရဲသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။-
ထိုသို့မိန့်တော်မူသည်နောက်၊ ရှစ်ရက်လောက်လွန်သောအခါ၊ ယေရှုသည် ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းခြင်းငှာ တောင်ပေါ်သို့ တက်ကြွတော်မူ၏။-
ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာလာ၍ အနိုင်အထက်ပြုကြမည်အကြောင်းကို ယေရှုသည်သိတော်မူလျှင်၊ တောင်ပေါ်သို့ တစ်ယောက်တည်းကြွတော်မူပြန်၏။