လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။-
မဿဲ 4:8 - မြန်မာ တစ်ဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း ပြညွှန်၍၊- Common Language Bible ထိုမှတစ်ဖန်မာရ်နတ်သည်ကိုယ်တော်အားမြင့် သောတောင်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် လောက နိုင်ငံရှိသမျှနှင့်ထိုနိုင်ငံတို့၏ဘုန်းစည်းစိမ် ကိုညွှန်ပြ၏။- Garrad Bible တစ် ဖန် မာရ် နတ် သည် ကိုယ် တော် ကို အ လွန် မြင့် သော တောင် ပေါ် သို့ ခေါ် သွား၍ လော က နိုင် ငံ ရှိ သ မျှ ကို ဘုန်း စည်း စိမ် ပါ ပြ ပြီး သော်၊ Judson Bible တစ်ဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း ပြညွှန်၍၊- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် မာရ်နတ်သည် ကိုယ်တော်ကို အလွန်မြင့်မားသောတောင်ပေါ်သို့ ခေါ်ဆောင်သွား၍ လောကီနိုင်ငံအားလုံးနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်တို့ကိုညွှန်ပြကာ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို အလွန်မြင့်မားသော တောင်ထိပ်ပေါ်သို့ ခေါ်ဆောင်ပြီးလျှင် ကမ္ဘာလောကရှိ တိုင်းနိုင်ငံအားလုံးနှင့် ၎င်းတို့၏ ဘုန်းစည်းစိမ်အားလုံးကို ညွှန်ပြလေ၏။ |
လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။-
ထိုအခါ မာရ်နတ်သည် ယေရှုကို သန့်ရှင်းသောမြို့တော်သို့ ဆောင်သွား၍ ဗိမာန်တော်၏အထွတ်၌ တင်ထားပြီးလျှင်၊-
ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။ သင်တို့သည် အံ့ဩဖွယ်ရှိစေခြင်းငှာ ဤမျှမက သာ၍ကြီးစွာသော အမူအရာတို့ကို သားတော်အားပြတော်မူလိမ့်မည်။-