ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှာ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော်မူ၏။
မဿဲ 3:14 - မြန်မာ ယောဟန်ကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည် အကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလောဟု ယေရှုကိုဆီးတားလေ၏။ Common Language Bible သို့ရာတွင်ယောဟန်က ``အကျွန်ုပ်သည်အရှင်၏ ထံတွင် ဗတ္တိဇံမင်္ဂလာကိုခံယူသင့်သူဖြစ်ပါ လျက် အရှင်သည်အကျွန်ုပ်၏ထံသို့ကြွလာတော် မူပါသလော'' ဟုဆို၍ဆီးတားလေ၏။ Garrad Bible ယော ဟန် က အ ကျွန်ုပ် သည် ကိုယ် တော် ထံ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ရ မည့် အ ကြောင်း ရှိ ပါ လျက် အ ကျွန်ုပ် ထံ ကြွ လာ မူ ရ သ လော ဟု ငြင်း ဆို လျှင်၊ Judson Bible ယောဟန်ကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည် အကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလောဟု ယေရှုကိုဆီးတားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ယောဟန်သည် ကိုယ်တော်ကိုတားဆီးလျက် “အကျွန်ုပ်ကသာကိုယ်တော်ထံ၌ ဗတ္တိဇံခံရမည်ဖြစ်ပါလျက်နှင့် ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူပါသလော”ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ယောဟန်က “အကျွန်ုပ်သာလျှင် ကိုယ်တော်ထံ၌ နှစ်ခြင်းမင်္ဂလာကို ခံယူသင့်သူ ဖြစ်ပါ၏။ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်ထံ ကြွလာပါသနည်း” ဟု ဆိုကာ တားမြစ်လေ၏။ |
ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှာ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော်မူ၏။
ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။
အကျွန်ုပ်သခင်၏မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။-
ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။-