ဟေရုဒ်မင်းကြီး၏အရာ၌ သားတော်အာခေလသည် ယုဒပြည်တွင် မင်းပြုကြောင်းကို ကြားရလျှင်၊ ထိုပြည်သို့ မသွားဝံ့၍ အိပ်မက်၌ ဗျာဒိတ်တော်ကိုရပြန်ပြီးမှ ဂါလိလဲပြည်သို့သွား၍၊-
မဿဲ 3:13 - မြန်မာ ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှာ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော်မူ၏။ Common Language Bible ထိုအခါသခင်ယေရှုသည်ယောဟန်ထံတွင် ဗတ္တိဇံမင်္ဂလာကိုခံယူရန်ဂါလိလဲပြည်မှ ယော်ဒန်မြစ်သို့ကြွလာတော်မူ၏။- Garrad Bible ထို့ နောက် ယေ ရှု သည် ယော ဟန့် ထံ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ခြင်း ငှာ ဂါ လိ လဲ နယ် မှ ယော် ဒန် မြစ် သို့ ကြွ လာ တော် မူ သော် Judson Bible ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှာ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုကာလတွင် ယေရှုသည် ယောဟန်ထံ၌ဗတ္တိဇံခံရန် ဂါလိလဲနယ်မှ ဂျော်ဒန်မြစ်နားရှိ ယောဟန်ထံသို့ ကြွလာတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် ယောဟန်ထံ၌ နှစ်ခြင်းမင်္ဂလာခံယူရန် ဂါလိလဲပြည်မှ ဂျော်ဒန်မြစ်သို့ ကြွတော်မူ၏။ |
ဟေရုဒ်မင်းကြီး၏အရာ၌ သားတော်အာခေလသည် ယုဒပြည်တွင် မင်းပြုကြောင်းကို ကြားရလျှင်၊ ထိုပြည်သို့ မသွားဝံ့၍ အိပ်မက်၌ ဗျာဒိတ်တော်ကိုရပြန်ပြီးမှ ဂါလိလဲပြည်သို့သွား၍၊-
ယောဟန်ကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည် အကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလောဟု ယေရှုကိုဆီးတားလေ၏။
အစက ထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှာ ငါသည် ရေ၌ ဗတ္တိဇံကိုပေးလျက်လာ၏။-