ငါအမှန်ဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူ တစ်ယောက်မျှ မပေါ်မထွန်းသေး။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ ကြီးမြတ်၏။-
မဿဲ 11:12 - မြန်မာ ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုကြ၏။ အနိုင်အထက်ပြုသောသူတို့သည်လည်း လုယူဝင်စားရကြ၏။- Common Language Bible ဗတ္တိဇံဆရာယောဟန်စတင်ဟောပြောချိန်မှ အစပြု၍ ယနေ့တိုင်အောင်ကောင်းကင်နိုင်ငံ တော်သည် အကြမ်းဖက်သမားတို့၏တိုက်ခိုက် မှုကိုခံရ၏။ အကြမ်းဖက်သမားတို့သည်ထို နိုင်ငံတော်ကိုသိမ်းယူရန်ကြိုးစားကြ၏။- Garrad Bible ဗ တ္တိ ဇံ ဆ ရာ ယော ဟန့် လက် ထက် မှ ယ ခု တိုင် ကောင်း ကင် နိုင် ငံ တော် သည် အ နိုင့် အ ထက် ပြု ခြင်း ကို ခံ ရ သည့် အ လျောက် အ နိုင့် အ ထက် ပြု သူ တို့ သိမ်း ယူ ကြ သည် တ ကား။ Judson Bible ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုကြ၏။ အနိုင်အထက်ပြုသောသူတို့သည်လည်း လုယူဝင်စားရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဗတ္တိဇံဆရာယောဟန်လက်ထက်မှ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းကိုခံရလျက် အတင်းတိုးဝင်သောသူတို့သည် ၎င်းကိုလုယူဝင်စားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း နှစ်ခြင်းဆရာယောဟန် စတင်ဟောပြောချိန်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းခံရ၏။ ထိုအတင်းတိုးဝင်ကြသောသူတို့က နိုင်ငံတော်ကို လုယူသိမ်းပိုက်ကြ၏။ |
ငါအမှန်ဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူ တစ်ယောက်မျှ မပေါ်မထွန်းသေး။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ ကြီးမြတ်၏။-
ယောဟန်မရောက်မီတိုင်အောင် ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်း ရှိသမျှတို့သည် ဆုံးမဩဝါဒပေးကြ၏။-
ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။
ကျဉ်းမြောင်းသောတံခါးဝကို ဝင်ခြင်းငှာ ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား၊ အများသောသူတို့သည် ဝင်ခြင်းငှာအလိုရှိသော်လည်း မစွမ်းနိုင်ကြဟု ငါဆို၏။-
ယောဟန်မရောက်မီတိုင်အောင် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော်ကို အနိုင်အထက်ဝင်ကြ၏။-
အကြောင်းမူကား၊ အချိန်တန်လျှင် ကောင်းကင်တမန်သည် ရေကန်သို့ဆင်းသက်၍ ရေကို လှုပ်ရှားတတ်၏။ ထိုသို့ရေလှုပ်ရှားသည်နောက်၊ ရှေ့ ဦးစွာ ဝင်သောသူသည် မိမိ၌စွဲသမျှသောအနာရောဂါနှင့် ကင်းလွတ်ခြင်းသို့ ရောက်တတ်၏။
မုန့်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကို ရခြင်းငှာ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အားပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကို ရခြင်းငှာ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။