မဿဲ 1:5 - မြန်မာ စာလမုန်သည် မိမိခင်ပွန်းရာခပ်တွင် မြင်သောသား ဗောဇ။ ဗောဇသည် မိမိခင်ပွန်းရုသတွင် မြင်သောသား ဩဗက်။ ဩဗက်သား ယေရှဲ။ ယေရှဲသား ဒါဝိဒ်မင်းကြီးတည်း။ Common Language Bible စာလမုန်နှင့်ရာခပ်မှရသောသားသည်ဗောဇ၊ ဗောဇ နှင့်ရုသမှရသောသားမှာဩဗက်၊ ဩဗက်၏သား သည်ယေရှဲ၊ ယေရှဲ၏သားကားဒါဝိဒ်မင်းတည်း။ Garrad Bible ရာ ခပ် ဖြင့် စာ လ မုန် ရ သော ဗော ဇ၊ ရု သ ဖြင့် ဗော ဇ ရ သော သြ ဗက်၊ သြ ဗက် သား ယေ ရှဲ၊ ယေ ရှဲ သား ဒါ ဝိဒ် မင်း၊ ဥ ရိ ယ မ ယား ဖြစ် ဖူး သူ ဖြင့် ဒါ ဝိဒ် ရ သော ရှော လ မုန်၊ Judson Bible စာလမုန်သည် မိမိခင်ပွန်းရာခပ်တွင် မြင်သောသား ဗောဇ။ ဗောဇသည် မိမိခင်ပွန်းရုသတွင် မြင်သောသား ဩဗက်။ ဩဗက်သား ယေရှဲ။ ယေရှဲသား ဒါဝိဒ်မင်းကြီးတည်း။ မြန်မာ့စံမီသမ္မာကျမ်း စာလမုန်သည် ရာခပ်အားဖြင့် သားဗောဇကိုရ၏။ ဗောဇသည် ရုသအားဖြင့် သားဩဗက်ကိုရ၏။ ဩဗက်သည် သားယေရှဲကိုရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း စာလမုန်နှင့် ဇနီးရာခပ်တို့၏သား ဗောဇဖြစ်၏။ ဗောဇနှင့် ဇနီးရုသတို့၏သား သြဗက်ဖြစ်၏။ သြဗက်သား ယေရှဲဖြစ်၏။ |
ဒါဝိဒ်မင်းကြီးသည် ဥရိယ၏ခင်ပွန်းဖြစ်ဖူးသော မိန်းမတွင် မြင်သောသား ရှောလမုန်။-
ဒါဝိဒ်အဘ ယေရှဲ၊ ယေရှဲအဘ ဩဗက်၊ ဩဗက်အာဘ ဗောဇ၊ ဗောဇအဘ စာလမုန်၊ စာလမုန်အဘ နာရှုန်၊-