ထိုအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက် ပြည့်စုံမည်အကြောင်းတည်း။ နှုတ်ထွက်အချက် ဟူမူကား၊-
မဿဲ 1:22 - မြန်မာ ထိုအကြောင်းအရာမူကား၊ ထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းအတည်း။- Common Language Bible ဤအမှုအရာများမှာပရောဖက်အားဖြင့် ထာဝရဘုရားပေးတော်မူခဲ့သောဗျာဒိတ် တော်အတိုင်းဖြစ်ပျက်ခြင်းပင်ဖြစ်သတည်း။- Garrad Bible ထို သို့ ဖြစ် ပျက် ရ သည် မှာ အ ပျို က ညာ သည် သ န္ဓေ ယူ၍ သား ယော ကျ်ား ကို ဖွား မြင် သော အ ခါ ဧ မာ နွေ လ ဟု မှည့် ရ ကြ လ တ္တံ့ ဟူ ၍ ပ ရော ဖက် ဖြင့် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ ခဲ့ သည့် အ တိုင်း ပြည့် စုံ စေ ခြင်း ငှာ တည်း။ ဧ မာ နွေ လ အ ဓိ ပ္ပါယ် ကား ဘု ရား သ ခင် သည် ငါ တို့ နှင့် အ တူ ရှိ တော် မူ သည် ဟု ဆို လို သ တည်း။ Judson Bible ထိုအကြောင်းအရာမူကား၊ ထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းအတည်း။- မြန်မာ့စံမီသမ္မာကျမ်း ဤအရာအားလုံးဖြစ်ပျက်သည်မှာ ထာဝရဘုရားက ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာအားလုံးသည် ပရောဖက်မှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူခဲ့သော ဗျာဒိတ်တော်အတိုင်း ဖြစ်လာရန်ပင် ဖြစ်၏။ |
ထိုအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက် ပြည့်စုံမည်အကြောင်းတည်း။ နှုတ်ထွက်အချက် ဟူမူကား၊-
စိတ်နှလုံး၌ အမြစ်မစွဲ၊ ခဏသာတည်သဖြင့်၊ တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ချင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။-
ထိုသို့သောအားဖြင့် ပရောဖက်စကားဟူမူကား၊ ငါသည်နှုတ်ကိုဖွင့်၍ ဥပမာများကိုမြွက်ဆိုအံ့။ ကမ္ဘာဦးမှစ၍ ထိမ်ဝှက်သောအရာတို့ကို ဖော်ပြပေအံ့ဟု ဟောဖူးသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။-
ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင် ထိုပြည်၌နေလေ၏။ ဤအကြောင်းအရာကား၊ ငါ့သားကို အဲဂုတ္တုပြည်မှ ငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသောဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းတည်း။-
ခရစ်တော်ကို နာဇရက်လူဟု ခေါ်ဝေါ်ကြလတ္တံ့ဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက်အမည်ရှိသောမြို့သို့ ရောက်၍ အမြဲနေလေ၏။-
ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။-
ထိုအကြောင်းအရာမူကား၊ သူသည် အကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက်ဟေရှာယ ဟောဖူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။-
အကြောင်းမူကား၊ ထိုနေ့ရက်ကာလသည် ကျမ်းစာချက်များ ပြည့်စုံရသော ဒဏ်စီရင်ခြင်းနေ့ရက်ကာလ ဖြစ်သတည်း။-
တစ်ဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ၏။-
ဘုရားသခင်၏ဗျာဒိတ်တော်ကို ခံရသောသူတို့ကို ဘုရားဟူ၍ ခေါ်ရလျှင်လည်းကောင်း၊ ကျမ်းစကားကို မပယ်ရလျှင်လည်းကောင်း၊-
သို့ဖြစ်လျှင်၊ အကြောင်းမရှိဘဲ ငါ့ကိုမုန်းကြ၏ဟု သူတို့၏ပညတ္တိကျမ်းစာ၌ ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။-
အကျွန်ုပ်သည် ဤလောက၌ ဤသူတို့နှင့်တကွ ရှိစဉ်ကာလ၊ သူတို့ကိုကိုယ်တော်၏နာမ၌ တည်စေပါပြီ။ အကျွန်ုပ်အား ပေးတော်မူသောသူတို့ကို အကျွန်ုပ်စောင့်မပါပြီ။ ထိုသူတို့တွင် ပျက်စီးခြင်း၏သားတစ်ယောက်မှတစ်ပါး အဘယ်သူမျှ ပျက်စီးခြင်းသို့မရောက်ပါ။ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်သည်အကြောင်းကား၊ ကျမ်းစာ ပြည့်စုံမည်အကြောင်းတည်း။
ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသောသူတို့တွင် အဘယ်သူမျှပျက်စီးခြင်းသို့ မရောက်ပါဟူသော အထက်ကစကားတော်ကို ပြည့်စုံစေခြင်းငှာ ဤသို့မိန့်တော်မူ၏။