ထာ ဝ ရ ဘု ရား ၏ တ ရား တော် စုံ လင်၍၊ အ သက် ဝိ ညာဉ် ကို အား ဖြည့် တတ်၏။ ထာ ဝ ရ ဘု ရား၏ သက် သေ တော် ဟုတ် မှန်၍၊ မ လိမ္မာ သူ့ ကို လိမ္မာ စေ တတ်၏။
သုတ္တံကျမ်း။ 8:5 - Garrad Bible မ လိ မ္မာ သူ တို့၊ အ လိ မ္မာ ဉာဏ် ကို နား လည် ၍၊ မိုက် မဲ သူ တို့၊ နား လည် သော စိတ် ကို ရ ရှိ ကြ လော့။ Common Language Bible ဥာဏ်တိမ်သောသူတို့၊ ပညာတရားကို နား လည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသော ဥာဏ်ရှိကြ လော့။ Judson Bible ဉာဏ်တိမ်သောသူတို့၊ ပညာတရားကို နားလည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသောဉာဏ်ရှိကြလော့။ မြန်မာ့စံမီသမ္မာကျမ်း အသိဉာဏ်နည်းပါးသောသူတို့၊ ဆင်ခြင်ဉာဏ်ကို ရယူကြလော့။ မိုက်မဲသောသူတို့၊ အသိဉာဏ်ကို ရယူကြလော့။ |
ထာ ဝ ရ ဘု ရား ၏ တ ရား တော် စုံ လင်၍၊ အ သက် ဝိ ညာဉ် ကို အား ဖြည့် တတ်၏။ ထာ ဝ ရ ဘု ရား၏ သက် သေ တော် ဟုတ် မှန်၍၊ မ လိမ္မာ သူ့ ကို လိမ္မာ စေ တတ်၏။
အ ချင်း ဉာဏ် တုံး သူ တို့၊ ဆင် ခြင် ကြ လော့။ အ ချင်း လူ မိုက် တို့၊ မည် သည့် ကာ လ မှ လိ မ္မာ ကြ မည် နည်း။
အ ချင်း တို့၊ မ လိ မ္မာ သူ သည် မ လိ မ္မာ ခြင်း ကို နှစ် သက် လျက်၊ မ ထီ လေး စား ပြု သူ သည် မ ထီ လေး စား ပြု ခြင်း၌ မွေ့ လျော် လျက်၊ မိုက် မဲ သူ သည် အ သိ ပ ညာ ကို မုန်း ထား လျက်၊ မည် မျှ ကြာ နေ ကြ မည် နည်း။
မ လိ မ္မာ သူ တို့၏ လမ်း လွဲ ခြင်း သည်၊ ကိုယ် ကို သတ်၍။ လူ မိုက် တို့၏ ကောင်း စား ခြင်း လည်း၊ ကိုယ် ကို ဖျက် ဆီး လိမ့် မည်။
ပ ညာ ရှိ တို့ သည် ဘုန်း အ သ ရေ ကို အ ပိုင် ရ၍၊ လူ မိုက် တို့၌ ချီး မြှောက် ခြင်း ကား၊ ရှုတ် ချ ခြင်း သာ ဖြစ် ရ လိမ့် မည်။
ကြွေး ကြော် သည် မှာ၊ အ ချင်း လူ မြတ် တို့၊ သင် တို့ အား ငါ ခေါ်၏။ လူ ယုတ် တို့ အား လည်း၊ ငါ မြွက် ဆို ၏။
ထာ ဝ ရ ဘု ရား သည် ရဲ မက် ကဲ့ သို့ ကြွ ချီ၍၊ သူ ရဲ သ ဖွယ် စိတ် အား သန် သ ဖြင့်၊ ရန် သူ တော် တို့ ကို ရဲ ရင့် စွာ တိုက် လျက်၊ ကြိမ်း ဝါး သံ၊ တပ် သံ ပေး တော် မူ သည် မှာ၊
မှောင် မိုက် မှ အ လင်း တော် သို့လည်း ကောင်း၊ စာ တန်၏ တန် ခိုး အောက် မှ ဘု ရား သ ခင့် အ ထံ တော် သို့လည်း ကောင်း၊ လှည့် ဝင် ခွင့် အ ပြစ် ပြေ လွတ် ခွင့် ငါ့ ကို ယုံ ကြည် ခြင်း အား ဖြင့် သီး သန့် ရာ ရောက် သူ တို့ ဘောင် တွင် ပိုင် ခွင့် ရ စေ ခြင်း ငှာ၊ ထို လူ မျိုး ခြား တို့၏ မျက် စိ ကို ဖွင့် စေ ရန် စေ လွှတ် မည် ဟု ပြန်၍ မိန့် တော် မူ ၏။