သုတ္တံကျမ်း။ 4:12 - Garrad Bible လျှောက် သွား သော အ ခါ ခြေ လှမ်း မ ကျဉ်း ရ။ ပြေး လျှင် လည်း မ လဲ ရ။ Common Language Bible ရှောက်သွားလျှင် ကျဉ်းမြောင်းရာသို့မရောက်၊ ပြေးသောအခါ တိုက်မိ၍မလဲရ။ Judson Bible လျှောက်သွားလျှင် ကျဉ်းမြောင်းရာသို့ မရောက်၊ ပြေးသောအခါ တိုက်မိ၍မလဲရ။ မြန်မာ့စံမီသမ္မာကျမ်း သင်လမ်းလျှောက်သောအခါ သင်၏ခြေလှမ်းသည် တားဆီးနှောင့်ယှက်ခြင်းခံရလိမ့်မည်မဟုတ်။ သင်ပြေးသောအခါလည်း ခလုတ်တိုက်လိမ့်မည်မဟုတ်။ |
တ ရား တော် ကို နှစ် သက် သူ တို့ သည်၊ ခ လုတ် မ တိုက် ရ ဘဲ၊ ကြီး စွာ သော ငြိမ် သက် ခြင်း ရှိ၏။
သို့ မှ သာ သင် သည် ဖြောင့် မတ် ခြင်း၊ တ ရား သ ဖြင့် စောင့် ခြင်း၊ တော် မှန် ညီ ညွတ် ခြင်း မှ စ၍၊ ကောင်း မြတ် သော အ လေ့ အ လာ ရှိ သ မျှ ကို နား လည် ခွင့် ရှိ လိမ့် မည်။
သွား ရာ လမ်း တွင် စိတ် ချ စွာ လျှောက် လိုက် ရ၍၊ ခြေ သည် ခ လုတ် တိုက် မိ မည် မ ဟုတ်။
လူ ဆိုး တို့၏ လမ်း မူ ကား၊ မှောင် မိုက် သ ဖွယ် ဖြစ်၍၊ ကိုယ် ကို လဲ စေ သော အ ရာ ကို မျှ မ သိ မ မြင် ကြ။
ထို ပ ညတ် တ ရား သည်၊ သင် သွား လာ သော အ ခါ လမ်း ပြ လျက်၊ အိပ် သော အ ခါ စောင့် ရှောက် ပြီး လျှင်၊ နိုး သော အ ခါ လည်း နှုတ် ဆက် လိမ့် မည်။
ထို သူ တို့ သည် ငို ကြွေး လျက်၊ အ သ နား တော် ခံ လျက် ပြန် လာ ကြ ရာ၊ ငါ သည် ဣ သ ရေ လ ၏ အ ဘ ဧ ဖ ရိမ် လည်း ငါ ၏ သား ဦး ဖြစ် သည့် အ လျောက်၊ ခ လုတ် မဲ့ ညီ ညွတ် သော လမ်း ဖြင့်၊ မြစ် ရေ အ နီး ညွှန် ပြ ပို့ ဆောင် မည် ဟု မိန့် တော် မူ ၏။
တိုက် လဲ ရာ ကျောက် ထိ လဲ ရာ ကျောက် ဖြစ် သည် ဟူ သော ကျမ်း ချက် အ ရ မ ယုံ ကြည် သူ တို့၌ ဖြစ် ၏။ နား မ ထောင် ကြ သော ကြောင့် တ ရား တော် ကို တိုက် လဲ ရန် ခန့် ထား တော် မူ သည့် အ တိုင်း ထို သူ တို့ လဲ ကြ ၏။