သုတ္တံကျမ်း။ 4:10 - Garrad Bible ငါ့ သား၊ ငါ့ စ ကား ကို နာ ခံ နာ ယူ လော့။ နှစ် ပေါင်း များ စွာ အ သက် ရှင် လိမ့် မည်။ Common Language Bible ငါ့သား၊ ငါ့စကားကိုနားထောင်နာယူလော့။ သို့ပြုလျှင်၊ သင့်အသက် နှစ်ပေါင်းများလိမ့်မည်။ Judson Bible ငါ့သား၊ ငါ့စကားကို နားထောင်နာယူလော့။ သို့ပြုလျှင်၊ သင့်အသက် နှစ်ပေါင်းများလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ငါ့သား၊ နားထောင်လော့။ ငါ့စကားကိုခံယူလော့။ သို့ပြုလျှင် သင့်အသက်တာ၏နှစ်ကာလတို့သည် များပြားလိမ့်မည်။ |
အ ဆုံး၌ ပ ညာ ရ စေ ခြင်း ငှာ၊ အ ကြံ ပေး ရာ ကို ဆင် ခြင်၍၊ ဆုံး မ သွန် သင် ခြင်း ကို လည်း၊ နာ ယူ လော့။
ငါ့ သား၊ သင် သည် ဉာဏ် ပ ညာ ကို နာ ယူ ၍၊ ဉာဏ် ပ ဋိ ဘာန် ကို စွဲ လမ်း သည့် တိုင် အောင်၊ ငါ့ စ ကား ကို နာ ခံ လျက်၊ ငါ ပ ညတ် များ ကို ပိုက် ကျုံး လျှင် လည်း ကောင်း၊
ဉာဏ် ပ ညာ၏ ယာ လက် တွင် အ သက် ရှည် ခြင်း၊ ဝဲ လက် တွင် ဂုဏ် သ ရေ နှင့် ကြွယ် ဝ ခြင်း တည် ၏။
သို့ ပြု လျှင်၊ ပ ညတ် တ ရား သည် အ သက် ရှည် သော နှစ် ပေါင်း ကို လည်း ကောင်း၊ ငြိမ် သက် ခြင်း ကို လည်း ကောင်း၊ သင် ၌ ထပ် ဆင့် တိုး ပွား စေ မည်။
ငွေ့ အ ရင်၊ ငါ၏ ဆုံး မ သွန် သင် ခြင်း ကို လည်း ကောင်း၊ ချွတ် ပြီး သော ရွှေ့ အ ရင်၊ အ သိ ပ ညာ ကို လည်း ကောင်း၊ ခံ ယူ ကြ လော့။
အို မိန်း မ တို့၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် မု က္ခ ပတ် တော် ကို နား ထောင် နာ ခံ လျက်၊ သ မီး တို့ အား မြည် တမ်း မှု ကို လည်း ကောင်း၊ အ ပေါင်း အ ဖော် တို့ အား ငို ချင်း ဖွဲ့ ဆို မှု ကိုလည်း ကောင်း၊ သွန် သင် ကြ လော့။
သို့ မှ မြေ ကြီး အ ထက် ကောင်း ကင် နေ့ ရက် တာ ရှည် သည့် နည်း တူ၊ သင် တို့ နေ့ ရက် တာ နှင့် သား သ မီး တို့ နေ့ ရက် တာ သည် ပေး မည် ဟု ဘိုး ဘေး တို့ အား ထာ ဝ ရ ဘု ရား သ စ္စာ ဆို တော် မူ ခဲ့ သော ပြည် တွင် ရှည် လျား လိမ့် မည်။
သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ပေး သ နား သော ပြည်၌ တာ ရှည် ကောင်း စား အံ့ သော ငှါ၊ ငါ မိန့် မှာ တော် မူ သည့် အ တိုင်း၊ မိဘ ကို ရို သေ သ မှု ပြု လော့။
၎င်း ပြင် သင် တို့ သည် ဘု ရား သ ခင့် တ ရား တော် ကို ငါ တို့ ထံ မှ ကြား နာ ကြ သည့် ကာ လ လူ့ တ ရား အ ဖြစ် မ ဟုတ်။ ဘု ရား သ ခင့် တ ရား တော် မှန် သည့် အ တိုင်း တ ရား တော် အ ဖြစ် ခံ ယူ ကြ သော ကြောင့် ငါ တို့ လည်း ဘု ရား သ ခင့် ကျေး ဇူး တော် ကို မ ပြတ် ချီး မွမ်း ကြ၏။ ယုံ ကြည် သော ညီ အစ် ကို တို့၊ သင် တို့၌ ထို တ ရား တော် ပြု ပြင် သည် နှင့် အ ညီ၊
ခ ရစ် တော် ယေ ရှု သည် အ ပြစ် သား တို့ ကို ကယ် တင် ခြင်း ငှါ ဤ လော က သို့ ကြွ လာ တော် မူ သည် ဟူ သော စ ကား မှာ သ စ္စာ တည် ရာ၊ အ ကြွင်း မဲ့ ခံ ယူ ထိုက် ရာ စ ကား တည်း။ ထို အ ပြစ် သား တို့ တွင် ငါ သည် လွန် ကဲ သူ ဖြစ် ပေ၏။