ထာ ဝ ရ ဘု ရား မြင့် မြတ် တော် မူ သော် လည်း၊ စိတ် နှိမ့် ချ သူ တို့ ကို ထောက် ရှု တော် မူ၍၊ စိတ် နေ မြင့် သူ တို့ ကို အ ဝေး က ပင် သိ မှတ် တော် မူ ၏။
သုတ္တံကျမ်း။ 3:34 - Garrad Bible မ ထီ လေး စား ပြု သူ တို့ အား၊ လေး စား တော် မ မူ။ စိတ် နှိမ့် ချ သူ တို့ ကို ကား၊ ကျေး ဇူး သ နား တော် မူ ၏။ Common Language Bible အကယ်စင်စစ် ကဲ့ရဲ့တတ်သောသူတို့ကို ကဲ့ရဲ့ တော်မူ၏။ စိတ်နှိမ့်ချသော သူတို့အားကား၊ ကျေးဇူးပြု တော်မူ၏။ Judson Bible အကယ်စင်စစ် ကဲ့ရဲ့တတ်သောသူတို့ကို ကဲ့ရဲ့တော်မူ၏။ စိတ်နှိမ့်ချသော သူတို့အားကား၊ ကျေးဇူးပြုတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ပြက်ရယ်ပြုတတ်သောသူတို့ကို ပြက်ရယ်ပြုတော်မူ၏။ စိတ်နှိမ့်ချသောသူတို့ကိုကား ကျေးဇူးတော်ခံစားစေတော်မူ၏။ |
ထာ ဝ ရ ဘု ရား မြင့် မြတ် တော် မူ သော် လည်း၊ စိတ် နှိမ့် ချ သူ တို့ ကို ထောက် ရှု တော် မူ၍၊ စိတ် နေ မြင့် သူ တို့ ကို အ ဝေး က ပင် သိ မှတ် တော် မူ ၏။
စင် ကြယ် သူ့ အား၊ စင် ကြယ် တော် မူ သည် ကိုလည်း ကောင်း၊ ဆုံး မ ခက် သူ့ အား ခက် ထန် တော် မူ သည် ကို လည်း ကောင်း၊ ကိုယ် တော် ဖော် ပြ တော် မူ ပါ ၏။
သင် တို့၌ ကပ် သင့် သော အ ခါ၊ ငါ ပြုံး ရယ်၍၊ ကြောက် မက် ဖွယ် အ ရေး ရောက် သော်၊ ကဲ့ ရဲ့ လိမ့် မည်။
လူ မိုက် တို့ သည်၊ အ ပြစ် ဒု စ ရိုက် ကို မ ထီ လေး စား ပြု တတ် ကြ၏။ ဖြောင့် မှန် သူ တို့၌ မူ ကား၊ အ ချင်း ချင်း နှစ် သက် သော သ ဘော ရှိ ကြ၏။
မာ န ကြီး သူ တို့ နှင့် အ တူ လက် ရ ဥ စ္စာ ကို ဝေ မျှ ခြင်း ထက်၊ ဆင်း ရဲ သူ တို့ နှင့် အ တူ စိတ် နှိမ့် ချ ရ ခြင်း သည် သာ ၍ မြတ် ၏။
မ ထီ လေး စား ပြု သူ တို့ အ ဖို့၊ အ ပြစ် စီ ရင် ခြင်း၊ မိုက် မဲ သူ တို့ ကျောက် ကုန်း အ ဖို့၊ ရိုက် နှက် ခြင်း သည်၊ အ ရံ သင့် ရှိ ၏။
မာ န ကြီး၍ ထောင် လွှား တတ် သူ သည်၊ ပြည့် လျှံ သော ထောင် လွှား ခြင်း၌ ကျင် လည် သည် ဖြစ်၍၊ မ ထီ လေး စား ပြု သူ ဟု အ ခေါ် ခံ ရ၏။
ဉာဏ် ပ ညာ ရှိ လျှင်၊ ကိုယ် ကျိုး ဖြစ်၏။ မ ထီ လေး စား ပြု လျှင်၊ ကိုယ့် ပြစ် ခံ ရ လိမ့် မည်။
သန့် ရှင်း သည် ဟု နာ မ ရှိ လျက်၊ အ န န္တ ကာ လ စံ တော် မူ၍၊ မြင့် မြတ် သော အ ရှင် မိန့် တော် မူ သည် မှာ၊ ငါ သည် သန့် ရှင်း မြင့် မြတ် သော စံ ရာ၌ လည်း ကောင်း၊ စိတ် နှိမ့် ချ ကြေ ကွဲ သူ တို့ နှင့် လည်း ကောင်း၊ နှိမ့် ချ ကြေ ကွဲ သူ တို့ စိတ် နှ လုံး အား တက် စေ ခြင်း ငှာ၊ ကိန်း ဝပ် ၏။
ထို နည်း တူ လူ ငယ် တို့၊ လူ ကြီး ဖြစ် သူ တို့ အ နော် အ တာ ကို ခံ လျက် နေ ကြ လော့။ ဘု ရား သ ခင် သည် မာ န ကြီး သူ တို့ ကို ခု ခံ၍ စိတ် နှိမ့် ချ သူ တို့ အား ကျေး ဇူး သ နား တော် မူ သော ကြောင့် စိတ် နှိမ့် ချ ခြင်း တန် ဆာ ကို အ ချင်း ချင်း တို့ ရှေ့ ရှိ သ မျှ တို့ ဆင် ကြ လော့။