သုတ္တံကျမ်း။ 27:7 - Garrad Bible စား၍ ဝ သော သူ သည်၊ ပျား လ ပို့ ကို ပင်၊ နင်း ချေ လိမ့် မည်။ မွတ် သိပ် သော မူ ကား၊ အ ခါး ဟူ သ မျှ ကို ပင်၊ ချို သည် ဟု ထင် လိမ့် မည်။ Common Language Bible စား၍ ဝသောသူသည် ပျားလပို့ကိုပင် ငြင်းပယ် လိမ့်မည်။ မွတ်သိပ်သောသူမူကား၊ ခါးသောအရာကို ချိုသည်ဟု ထင်တတ်၏။ Judson Bible စား၍ဝသောသူသည် ပျားလပို့ကိုပင်ငြင်းပယ်လိမ့်မည်။ မွတ်သိပ်သောသူမူကား၊ ခါးသောအရာကို ချိုသည်ဟု ထင်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း အစာဝသောသူသည် ပျားလပို့မှပျားရည်ကိုပင် နင်းချေတတ်၏။ ဆာလောင်မွတ်သိပ်သောသူအတွက်မူကား ခါးသောအရာရှိသမျှသည် ချိုမြိန်နေတတ်၏။ |
ငါ့ သား၊ ပျား ရည် ကောင်း သော ကြောင့်၊ စား လော့။ ပျား လ ပို့ လည်း ခံ တွင်း၌ ချို မြိန် သ ကဲ့ သို့၊
ချစ် ခင် သော သူ၏ ဒဏ် ချက် သည်၊ သ စ္စာ ကို စောင့် ထိန်း တတ်၏။ မုန်း ထား သူ၏ နမ်း ခြင်း မူ ကား၊ လှည့် စား တတ်၏။
နေ ရင်း အ ရပ် မှ ခွာ၍ လေ လွင့် သော သူ သည်၊ အ သိုက် မှ ပျံ လွင့် သော ငှက် နှင့် တူ၏။
သဲ က န္တာ ရ တွင် သေ ကြ စေ ရန် အိ ဂျစ် ပြည် မှ အ ဘယ် ကြောင့် ဆောင် ခဲ့ သ နည်း။ ခဲ ဖွယ် သောက် ဖွယ် မ ရှိ။ တင်း မ တိမ် သော ဤ မုန့် ကို ငါ တို့ ညည်း လှ ပြီ ဟု ဘု ရား သ ခင် ကို လည်း ကောင်း၊ မော ရှေ ကို လည်း ကောင်း ဆန့် ကျင် ဘက် ဆို ကြ သည့် အ တွက်၊
ဤတွင်မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသောသူငယ်တစ်ယောက်ရှိပါသည်။ သို့ရာတွင် ဤမျှလောက်များသောသူတို့အဖို့ မည်သို့ပါနည်းဟုလျှောက်သော်၊