ဝမ်း၌ ငါ့ ကို ဖန် ဆင်း သော အ ရှင် သည်၊ ထို ကျွန် ကို လည်း ဖန် ဆင်း၍၊ နှစ် ဦး လုံး ကို ပင် တစ် ပါး တည်း ပြု ပြင် တော် မူ သည် မ ဟုတ် လော။
သုတ္တံကျမ်း။ 22:2 - Garrad Bible ကြွယ် ဝ သော သူ နှင့် နွမ်း ပါး သော သူ တို့ သည်၊ ဆုံ စည်း ကြ၏။ ၎င်း ရှိ သ မျှ တို့ ကို၊ ထာ ဝ ရ ဘု ရား ဖန် ဆင်း တော် မူ ပြီ။ Common Language Bible ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။ Judson Bible ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြုံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ချမ်းသာသောသူနှင့် ဆင်းရဲသောသူတို့၏ တူညီသောအချက်မှာ သူတို့အားလုံးကို ထာဝရဘုရားဖန်ဆင်းတော်မူခြင်းပင်ဖြစ်၏။ |
ဝမ်း၌ ငါ့ ကို ဖန် ဆင်း သော အ ရှင် သည်၊ ထို ကျွန် ကို လည်း ဖန် ဆင်း၍၊ နှစ် ဦး လုံး ကို ပင် တစ် ပါး တည်း ပြု ပြင် တော် မူ သည် မ ဟုတ် လော။
နွမ်း ပါး သူ့ ကို ညှဉ်း ပန်း သော သူ သည်၊ ဖန် ဆင်း တော် မူ သော အ ရှင် ကို ကဲ့ ရဲ့ ရာ၊ သူ ဆင်း ရဲ ကို သ နား သော သူ မူ ကား၊ ရို သေ ရာ ရောက်၏။
နွမ်း ပါး သော သူ နှင့် နှိပ် စက် တတ် သူ တို့ သည်၊ ဆုံ စည်း ကြ၏။ ၎င်း နှစ် ဦး လုံး တို့ မျက် စိ ကို ကား၊ ထာ ဝ ရ ဘု ရား လင်း စေ တော် မူ ၏။
သို့ ဖြစ်၍ မျက် စိ က လက် အား သင့် ကို ငါ မ လို ဟူ၍ သော် လည်း ကောင်း၊ ဦး ခေါင်း က ခြေ များ အား သင် တို့ ကို ငါ မ လို ဟူ၍ သော် လည်း ကောင်း မ ဆို နိုင် သည့် ပြင်၊
ထာ ဝ ရ ဘု ရား သည် ဆင်း ရဲ ခြင်း၊ ကြွယ် ဝ ခြင်း ကိုလည်း ကောင်း နှိမ့် ချ ခြင်း၊ ချီး မြှင့် ခြင်း ကိုလည်း ကောင်း၊ စီ ရင် တော် မူ ပါ၏။