ရှေ့ တော် ပြေး ရောက် လာ၍ ထာ ဝ ရ ဘု ရား ကို ငါ စောင့် မြင် လျှင် မူ ကား အ ဘယ် အ ကျိုး နည်း ဟူ၍ အ မိန့် တော် ပြန် သော်၊
သုတ္တံကျမ်း။ 19:3 - Garrad Bible လူ သည် မိုက် မဲ ခြင်း ကြောင့်၊ အ လေ့ အ လာ ကို မှောက် လှန်၍၊ ထာ ဝ ရ ဘု ရား ကို မာန် မူ သော စိတ် ရှိ တတ်၏။ Common Language Bible လူသည် မိုက်သောသဘောကြောင့်၊ လမ်းလွဲ၍ စိတ်ထဲမှာ ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်တတ်၏။ Judson Bible လူသည် မိုက်သောသဘောကြောင့်၊ လမ်းလွဲ၍ စိတ်ထဲမှာ ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း လူသည် မိမိ၏မိုက်မဲမှုကြောင့် မိမိလမ်းခရီးမှားယွင်းချွတ်ချော်သောအခါပင် သူ၏စိတ်နှလုံးတွင် ထာဝရဘုရားကိုစိတ်ဆိုးတတ်၏။ |
ရှေ့ တော် ပြေး ရောက် လာ၍ ထာ ဝ ရ ဘု ရား ကို ငါ စောင့် မြင် လျှင် မူ ကား အ ဘယ် အ ကျိုး နည်း ဟူ၍ အ မိန့် တော် ပြန် သော်၊
အ ဆိုး ပြု ကျင့် သူ တို့ ကြောင့် စိတ် မျက် ခြင်း၊ မ တ ရား ပြု ကျင့် သူ တို့ ကြောင့် ငြူ စူ ခြင်း မ ရှိ လင့်။
ထာ ဝ ရ ဘု ရား ရှေ့၊ ဆိတ် ဆိတ် နေ၍ စောင့် မျှော် လော့။ မ ကောင်း သော အ ကြံ အောင်၍ အ မှု ထ မြောက် ရ သူ ကြောင့် စိတ် မျက် ခြင်း မ ရှိ လင့်။
ဖြောင့် မှန် သူ တို့ ၏ ရိုး သား သော စိတ် သည်၊ ကိုယ် ကို လမ်း ပြ လိမ့် မည်။ သ စ္စာ မဲ့ သူ တို့ ၏ စဉ်း လဲ သော စိတ် မူ ကား၊ ကိုယ် ကို ဖျက် ဆီး လိမ့် မည်။
အ သို့ ဆို သော်၊ သူ ယုတ် သည် စ ကား ယုတ် ဆို လျက်၊ စိတ် နှ လုံး ဖြင့် ဒု စ ရိုက် ကို ကြံ စည်၍ လှောင် ပြောင် ခြင်း၊ ထာ ဝ ရ ဘု ရား အား မှောက် မှား ပြော ဆို ခြင်း၊ မွတ် သိပ် သူ့ ကို ဆာ လောင် စေ ခြင်း၊ ရေ ငတ် သူ့ ကို ခေါင်း ပါး စေ ခြင်း များ ကို ပြု လေ့ ရှိ ၏။
သင် တို့ က၊ အ ရှင် ဘု ရား ၏ တ ရား နည်း လမ်း တော် မ ဖြောင့် ဟု၊ ဆို လေ့ ရှိ ကြ သည် တ ကား၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ နာ ခံ ကြ ဦး၊ သင် တို့ အ လေ့ အ လာ သာ မ ဖြောင့်၊ ငါ့ တ ရား နည်း လမ်း ဖြောင့် သည် မ ဟုတ် လော၊
ရှ မွေ လ က၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ချက် ကို မ စောင့် ရှောက် သည် မှာ မိုက် လေ စွ တ ကား။ စောင့် ရှောက် ခဲ့ လျှင် ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် အုပ် စိုး ခွင့် ကို သင့် အ မျိုး မ ပြတ်၊ ဆက် လက် တည် စေ တော် မူ လိမ့် မည်။
လွန် ဆန် မှု သည် နတ် ဟော ခြင်း ပြစ် မှု နှင့် လည်း ကောင်း၊ မ ခန့် ညား မှု သည် ရုပ် တု ကိုး ကွယ် ခြင်း ပြစ် မှု နှင့် လည်း ကောင်း၊ တူ မျှ ၏။ ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို သင် ပယ် သော ကြောင့် ထာ ဝ ရ ဘု ရား လည်း သင့် ကို ဘု ရင့် အ ဖြစ် မှ ပယ် တော် မူ ပြီ ဟု ဆို ရာ အ ကျွန်ုပ် ပြစ် မှား မိ ပါ ပြီ။