လွန် ကျူး ချက် ဖြေ လွှတ် ခြင်း၊ အ ပြစ် ဖုံး အုပ် ခြင်း ခံ ရ သူ သည်၊ မင်္ဂ လာ ရှိ ၏။
သုတ္တံကျမ်း။ 17:9 - Garrad Bible လွန် ကျူး မှု ကို ဝှက် ထား သော သူ သည်၊ မေ တ္တာ ကို ရှာ မှီး ရာ၊ အ ထပ် ထပ် မြွက် သူ ကား၊ မိတ် ဖျက် ရာ ရောက် ၏။ Common Language Bible သူတပါးပြစ်မှားသော အမှုကိုဝှက်ထားသော သူသည် မေတ္တာကို ပြုစု၏။ ကြားပြောသောသူမူကား၊ မိတ်ဆွေတို့ကို ကွဲပြားစေ၏။ Judson Bible သူတစ်ပါးပြစ်မှားသော အမှုကို ဝှက်ထားသောသူသည် မေတ္တာကို ပြုစု၏။ ကြားပြောသောသူမူကား၊ မိတ်ဆွေတို့ကို ကွဲပြားစေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတစ်ပါးကျူးလွန်သောအပြစ်ကို ဖုံးအုပ်ပေးသောသူသည် ချစ်ခြင်းမေတ္တာကိုပြုစု၏။ အမှုအရာကိုထပ်တလဲလဲပြောဆိုသောသူမူကား အပေါင်းအဖော်ကို ကွဲပြားစေတတ်၏။ |
လွန် ကျူး ချက် ဖြေ လွှတ် ခြင်း၊ အ ပြစ် ဖုံး အုပ် ခြင်း ခံ ရ သူ သည်၊ မင်္ဂ လာ ရှိ ၏။
မုန်း ထား ခြင်း သည်၊ ရန် ဖြစ် စေ ရန် မွှေ နှောက် တတ်၏။ ချစ် ခြင်း မေ တ္တာ မူ ကား၊ လွန် ကျူး မှု ရှိ သ မျှ ကို ဖုံး အုပ် တတ်၏။
ကောက် ကျစ် သော သူ သည် လည်း၊ ရန် တွေ့ ခြင်း ကို ဖြစ် ပွား စေ ၍၊ ကုန်း ချော သူ သည် လည်း၊ မိတ် ပျက် စေ တတ် ၏။
မိုက် မဲ သူ့ အ ပေါ် တွင်၊ ဒဏ် ချက် တစ် ရာ လေး သည် ထက်၊ ဉာဏ် ကောင်း သူ့ အ ပေါ် တွင်၊ ဆုံး မ စ ကား တစ် ခွန်း သည် သာ၍ လေး၏။
မေတ္တာ သည် စိတ် ရှည် လျက် ကျေး ဇူး ပြု တတ်၏။ မေ တ္တာ သည် ငြူ စူ ခြင်း၊ ထောင် လွှား ခြင်း၊ ဝင့် ဝါ ခြင်း၊
အ ပြစ် သား ကို လမ်း လွဲ ရာ မှ ပြန် လာ စေ သော သူ သည် လူ ကို သေ ဘေး မှ ကယ် ဆယ် လျက် များ ပြား သော အ ပြစ် ဖုံး အုပ် သူ ဖြစ် လိမ့် မည် ဟု သိ မှတ် ကြ ကုန်။
အ ထူး ဆို သော် မေ တ္တာ သည် များ ပြား သော အ ပြစ် ကို ဖုံး အုပ် သည် ဖြစ်၍ အ ချင်း ချင်း မေ တ္တာ သ ဘော ကို တောင့် တ ကြ လော့။