များ စွာ သော လူ ဆိုး တို့၏ ကြိမ်း မောင်း သံ ထက်၊ ဖြောင့် မတ် သူ၏ အား နည်း ခြင်း ကောင်း၏။
သုတ္တံကျမ်း။ 17:1 - Garrad Bible ရန် တွေ့ ခြင်း ကို၊ ဖြစ် ပွား စေ သော အိမ် လုံး ပြည့် ခဲ ဖွယ် စား ဖွယ် ထက်၊ ငြိမ် သက် စွာ စား ရ သော မုန့် ခြောက် တစ် လုပ် စာ သည်၊ သာ၍ ကောင်း ၏။ Common Language Bible တအိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့ သော စိတ်နှင့်စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ် သော မုန့်တလုပ်စာသည်သာ၍ကောင်း၏။ Judson Bible တစ်အိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့သောစိတ်နှင့် စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ်သော မုန့်တစ်လုပ်စာသည် သာ၍ကောင်း၏။ မြန်မာ့စံမီသမ္မာကျမ်း ငြိမ်းချမ်းမှုနှင့်ယှဉ်တွဲလျက်ရှိသော မုန့်ခြောက်အနည်းငယ်သည် ခိုက်ရန်ဖြစ်ပွားခြင်းနှင့်ယှဉ်တွဲလျက်ရှိသည့် စားသောက်ဖွယ်အပြည့်ရှိသောအိမ်ထက် ပို၍ကောင်း၏။ |
များ စွာ သော လူ ဆိုး တို့၏ ကြိမ်း မောင်း သံ ထက်၊ ဖြောင့် မတ် သူ၏ အား နည်း ခြင်း ကောင်း၏။
သော က ကို ဖြစ် စေ သော ဘ ဏ္ဍာ များ စွာ ထက်၊ ထာ ဝ ရ ဘု ရား ကို ခန့် ညား လျက် ရ သော အ နည်း ငယ် သည်၊ သာ ၍ မြတ် ၏။
ဆူ ဖြိုး သော နွား တစ် ကောင် ကို၊ အ ချင်း ချင်း မုန်း ထား သော စိတ် နှင့် စား ရ သည် ထက်၊ ဟင်း ရွက် တစ် နပ် စာ ကို ချစ် ခြင်း မေတ္တာ နှင့် စား ရ ခြင်း သည်၊ သာ၍ မြတ်၏။
မ တ ရား သ ဖြင့် ရ သော အ စီး အ ပွား များ စွာ ထက်၊ တ ရား သ ဖြင့် ရ သော အ နည်း ငယ် သည် သာ၍ မြတ် ၏။
သ တိ ပ ညာ ရှိ သော ကျွန် သည်၊ အ ရှက် ခွဲ သော သား ကို အုပ် ချုပ်၍၊ ၎င်း ညီ အစ် ကို ချင်း တို့ နှင့် အ တူ၊ အ မွေ ဝေ ပုံ ကို ရ လိမ့် မည်။
စိတ် တို၍ ရန် ပြု တတ် သော မိန်း မ နှင့် နေ ရ သည် ထက်၊ တော အ ရပ်၌ နေ ရ သော်၊ သာ၍ ကောင်း၏။
ကြီး ကျယ် သော အိမ် တွင်၊ ရန် ပြု တတ် သော မိန်း မ နှင့် အ တူ နေ သည် ထက်၊ အိမ် မိုး ပျဉ် တွင် နေ ရ သော်၊ သာ၍ ကောင်း၏။