သုတ္တံကျမ်း။ 15:4 - Garrad Bible ချို သာ သော လျှာ သည်၊ အ သက် ပင် သ ဖွယ် ဖြစ်၏။ စဉ်း လဲ သော လျှာ မူ ကား၊ စိတ် ကို ကြေ ကွဲ စေ တတ်၏။ Common Language Bible ဖြည်းညှင်းသောလျှာသည် အသက်ဖြစ်၏။ ကြမ်းတမ်းသော လျှာမူကား စိတ်နာစေတတ်၏။ Judson Bible ဖြည်းညင်းသောလျှာသည် အသက်ဖြစ်၏။ ကြမ်းတမ်းသောလျှာမူကား စိတ်နာစေတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ညင်သာသောလျှာသည် အသက်ပင်သဖွယ်ဖြစ်၏။ ကောက်ကျစ်စဉ်းလဲသောလျှာမူကား စိတ်ကိုကြေကွဲစေတတ်၏။ |
သူ တော် ကောင်း၏ နှုတ် သည်၊ အ သက် ရေ တွင်း ဖြစ်၏။ လူ ဆိုး တို့၏ နှုတ် ကို ကား၊ ကြမ်း ကြုတ် ခြင်း ဖုံး အုပ် လေ၏။
သန် လျက် နှင့် ထိုး သ ကဲ့ သို့၊ မ စဉ်း စား ဘဲ ပြော ဆို တတ် သော သူ ရှိ၏။ ပ ညာ ရှိ တို့ လျှာ မူ ကား၊ သန် မာ ခြင်း သို့ ရောက် စေ တတ် ၏။
ထာ ဝ ရ ဘု ရား၏ စ က္ခု တော် သည် ထက် ဝန်း ကျင် အ ရပ် များ၌၊ လူ ဆိုး လူ ကောင်း တို့ ကို ရှု ကြည့် တော် မူ၏။
လူ မိုက် သည်၊ အ ဘ ဆုံး မ ခြင်း ကို မ ထီ မဲ့ မြင် ပြု တတ်၏။ ပဲ့ ပြင် ခြင်း ကို လိုက် နာ သူ မူ ကား၊ လိ မ္မာ၏။
ချို သော စ ကား များ သည်၊ ပျား လ ပို့ ကဲ့ သို့ ဖြစ် သ ဖြင့် အ သက်၌ အေး မြ၍၊ အ ရိုး သန် မာ ခြင်း အ ကြောင်း လည်း ဖြစ် ၏။
လူ့ စိတ် သည်၊ ရုပ် အား နည်း ခြင်း ကို ခံ နိုင် သော် လည်း၊ ကြေ ကွဲ သော စိတ် ကို ကား၊ မည် သူ ခံ ရပ် နိုင် သ နည်း။
ကုန်း ချော သူ၏ စ ကား သည် မြိန် ရှက် သော ဘော ဇဉ် သ ဖွယ် ဖြစ်၍၊ ဝမ်း အ တွင်း သို့ ဝင် တတ် ၏။
ကုန်း ချော သူ၏ စ ကား သည်၊ မြိန် ရှက် သော ဘော ဇဉ် သ ဖွယ် ဖြစ်၍၊ ဝမ်း အ တွင်း သို့ ဝင် တတ် ၏။
ကိုင် စွဲ သူ တို့ အ ဖို့ ဉာဏ် ပ ညာ သည် အ သက် ပင် သ ဖွယ် ဖြစ်၍၊ စွဲ မြဲ သူ တို့၌ လည်း မင်္ဂ လာ ရှိ၏။
နာ မ တော် ကို ခန့် ညား သော သင် တို့၌ မူ ကား၊ အောင် မြင် သော နေ မင်း သည်၊ ကု သ ခြင်း ရောင် ခြည် ကို လွှတ် သ ဖြင့်၊ တင်း ကုပ် လှောင် နွား သား ငယ် များ ကဲ့ သို့၊ သင် တို့ ထွက် သွား မြူး ထူး လျက်၊
မည် သူ မ ဆို ခြား နား သော ဒေ သ နာ ကို သင် ကြား လျက်၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ဟော တော် မူ သော ကျန်း ခံ့ ရေး တ ရား ကို လည်း ကောင်း၊ ဘု ရား တ ရား ကြည် ညို ခြင်း နှင့် ညီ လျော် သော ဒေ သ နာ တော် ကိုလည်း ကောင်း သ ဘော မ ကျ လျှင်၊
အ သင်း တော် တို့ အား ဝိ ညာ ဥ် တော် ဆင့် ဆို ရာ ကို နား ရှိ သူ ကြား နာ စေ။ အောင် မြင် သူ့ အား ဘု ရား သ ခင်၏ ဥ ယျာဉ် တော် ရှိ အ သက် ပင်၏ အ သီး စား ခွင့် ကို ငါ သ နား မည် ဟု မိန့် တော် မူ ကြောင်း တည်း။