ဘု ရင် မင်း က၊ သူ ကောင်း ဖြစ် လျှင် ဆံ တစ် ပင် မျှ မြေ သို့ မ ကျ ရ။ အ ဆိုး တွေ့ လျှင် မူ ကား သေ ဒဏ် ခံ ရ မည် ဟူ သော အ မိန့် တော် နှင့်
သုတ္တံကျမ်း။ 13:6 - Garrad Bible အ လေ့ အ လာ စုံ လင် သော သူ့ ကို၊ ဖြောင့် မတ် ခြင်း စောင့် ရှောက် တတ်၏။ အ ပြစ် သား ကို ကား၊ ဆိုး သွမ်း ခြင်း မှောက် လှန် တတ်၏။ Common Language Bible ဖြောင့်မတ်ခြင်းတရားသည် လမ်းမလွှဲသော သူကိုစောင့်တတ်၏။ ဒုစရိုက်တရားမူကား၊ အပြစ်ရှိသော သူကိုလှဲတတ်၏။ Judson Bible ဖြောင့်မတ်ခြင်းတရားသည် လမ်းမလွှဲသောသူကို စောင့်တတ်၏။ ဒုစရိုက်တရားမူကား၊ အပြစ်ရှိသောသူကို လှဲတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်ခြင်းသည် တည်ကြည်သောလမ်းသို့လိုက်သောသူကို ကာကွယ်စောင့်ရှောက်တတ်၏။ ဆိုးယုတ်ခြင်းမူကား အပြစ်သားကို မှားယွင်းချွတ်ချော်စေတတ်၏။ |
ဘု ရင် မင်း က၊ သူ ကောင်း ဖြစ် လျှင် ဆံ တစ် ပင် မျှ မြေ သို့ မ ကျ ရ။ အ ဆိုး တွေ့ လျှင် မူ ကား သေ ဒဏ် ခံ ရ မည် ဟူ သော အ မိန့် တော် နှင့်
ယေ ရော ဗောင် မင်း မျိုး ကို မြေ ပြင် မှ ပယ် ရှား သုတ် သင် ထိုက် သော ပြစ် မှု ရောက် သ တည်း။
အ လေ့ အ လာ၌ စုံ လင် လျက်၊ ထာ ဝ ရ ဘု ရား၏ တ ရား တော် ကို လျှောက် လိုက် သူ တို့ သည် မင်္ဂ လာ ရှိ ကြ ၏။
မ ကောင်း ပြော ဆို သူ သည်၊ မြေ ပေါ် မှာ မ တည် မ နေ ခြင်း၊ လူ ကြမ်း လည်း၊ တွန်း ချ ရန် ဘေး လိုက် လံ ခြင်း ကို ခံ ရ ကြ ပါ စေ သော။
စုံ လင် စွာ ကျင် လည် လျက်၊ ဖြောင့် မတ် စွာ ပြု ကျင့် လျက်၊ စိတ် ပါ ကိုယ် ရောက် မှန် ကန် စွာ ပြော ဆို သူ၊
စုံ လင် ခြင်း နှင့်၊ ဖြောင့် မတ် ခြင်း သည်၊ ကိုယ် တော့် အား စောင့် မျှော် သူ အ ကျွန်ုပ် ကို ထိန်း သိမ်း ပါ စေ။
အို ထာ ဝ ရ ဘု ရား၊ စုံ လင် စွာ လျှောက် လိုက် ခဲ့ သော အ ကျွန်ုပ်၏ အ မှု ကို ဆုံး ဖြတ် တော် မူ ပါ။ အ ကျွန်ုပ် သည် ထာ ဝ ရ ဘု ရား ကို မ တိမ်း မ ယိမ်း ဘဲ ကိုး စား ခဲ့ ပါ ၏။
ထာ ဝ ရ ဘု ရား ၏ နည်း လမ်း တော် သည်၊ စုံ လင် သူ့ အ ဖို့ ခို လှုံ ရာ၊ ဒု စ ရိုက် ပြု ကျင့် သူ တို့ အ ဖို့ ပျက် စီး ရာ ဖြစ်၏။ သူ တော် ကောင်း သည်၊
စိတ် ကောက် သော သူ တို့ သည်၊ ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော်၌ စက် ဆုပ် ရွံ့ ရှာ ဖွယ်၊ အ လေ့ အ လာ စုံ လင် သူ တို့ သည်၊ နှစ် သက် တော် မူ ဖွယ် ဖြစ်၏။
ဖြောင့် မှန် သူ တို့ ၏ ရိုး သား သော စိတ် သည်၊ ကိုယ် ကို လမ်း ပြ လိမ့် မည်။ သ စ္စာ မဲ့ သူ တို့ ၏ စဉ်း လဲ သော စိတ် မူ ကား၊ ကိုယ် ကို ဖျက် ဆီး လိမ့် မည်။
ဖြောင့် မတ် တော် မူ သော အ ရှင် သည်၊ လူ ဆိုး၏ အိမ် ရာ ကို ဆင် ခြင် စဉ်း စား၍၊ ထို သို့ သော သူ တို့ ကို ပျက် စီး လေ အောင် မှောက် လှန် တော် မူ၏။
လူ ဆိုး ပြု သော ဒု စ ရိုက် သည်၊ ကိုယ် ကို ဖမ်း မိ၍၊ အ ပြစ် နှောင် ကြိုး များ လည်း ရစ် ပတ် လိမ့် မည်။