သူ တော် ကောင်း တို့၏ ဖြောင့် မတ် ခြင်း သည်၊ ကိုယ် ကို ကယ် လွှတ် လိမ့် မည်။ သ စ္စာ မဲ့ သူ တို့ မူ ကား၊ ကိုယ့် စွဲ လမ်း ခြင်း နှင့် ကျော့ မိ ကြ လိမ့် မည်။
ဖြောင့်မတ်သော သူတို့၏ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသော သူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။
ဖြောင့်မတ်သောသူတို့၏ ဖြောင့်မတ်သောသဘောသည် သူတို့ကို ကယ်တင်တတ်၏။ လွန်ကျူးသောသူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။
ဖြောင့်မှန်သောသူတို့၏ဖြောင့်မတ်ခြင်းသည် သူတို့ကိုကယ်နုတ်တတ်၏။ သစ္စာမဲ့သောသူတို့မူကား မိမိတို့၏အလိုရမ္မက်အားဖြင့် ဖမ်းဆီးခြင်းခံရတတ်ကြ၏။
နောင် ကာ လ၌ ကျွန် တော့် အ ခ ကို ဦး ရီး လာ ရောက် ကြည့် ရှု သော အ ခါ ကျွန် တော့် ဖြောင့် မတ် ခြင်း သည် ကျွန် တော့် အ ကြောင်း သက် သေ ခံ ပါ လိမ့် မည်။ အ ကွက် အ ပြောက် မ ရှိ သော ဆိတ်၊ မ ညို သော သိုး များ တွေ့ ရှိ ခဲ့ လျှင် ကျွန် တော် ခိုး ယူ ကြောင်း မှတ် ပါ လော့ ဟု လျှောက် ဆို ၏။
ကျွန် တော့် အ သုံး အ ဆောင် များ တွင် ရှာ ဖွေ သ ဖြင့်၊ ဦး ရီး အိမ် ထောင် အ သုံး အ ဆောင် မည် မျှ တွေ့ သ နည်း။ တွေ့ မိ ခဲ့ လျှင် နှစ် ဦး ဆွေ မျိုး သား ချင်း တို့ မျက် မှောက်၊ ဤ တွင် ထား၍ ကျွန် တော် တို့ နှစ် ဘက် ကြား မှာ စီ ရင် ကြ ပါ စေ။
ငါ့ ခ မည်း တော် ဒါ ဝိဒ် မင်း အား ပြု ခဲ့ သော ဒု စ ရိုက် ကို လည်း စိတ် တွင် သင် သိ သည့် အ တိုင်း ထာ ဝ ရ ဘု ရား သည် သင့် ဒု စ ရိုက် အ ပြစ် ကို သင့် ဦး ထိပ် ထက် တည် စေ တော် မူ လိမ့် မည်။
လူ မျိုး ခြား တို့ သည်၊ တူး လုပ် သော တွင်း ၌ နစ် မြုပ် လျက်၊ ဝှက် ထား သော ပိုက် တွင် ခြေ မိ လျက် ရှိ နေ ပါ ပြီ။
လူ ပျက် လူ သွမ်း သည်၊ နှုတ် ဖြင့် အ ပေါင်း အ ဖော် ကို ဖျက် ဆီး တတ်၏။ သူ တော် ကောင်း တို့ မူ ကား၊ အ သိ ပ ညာ အား ဖြင့် လွတ် မြောက် တတ် ကြ၏။
လူ ဆိုး ပြု သော ဒု စ ရိုက် သည်၊ ကိုယ် ကို ဖမ်း မိ၍၊ အ ပြစ် နှောင် ကြိုး များ လည်း ရစ် ပတ် လိမ့် မည်။
တွင်း ကို တူး ဖော် သော သူ သည်၊ ၎င်း တွင်း ၌ ပင် ကျ တတ်၏။ တံ တိုင်း ဖျက် တတ် သူ့ ကို လည်း၊ မြွေ ခဲ တတ် ၏။
ဣ သ ရေ လ သူ ရဲ တို့ လည်း လှန်၍ တိုက် သ ဖြင့် ဘေး သင့် ကြောင်း ကို ဗင်္ယာ မိန့် သူ ရဲ တို့ သိ မြင် လျှင် ကြောက် ရွံ့၍