လူ သ ရော် လူ ပျက်၏ အ သက် ကို၊ ဘု ရား သ ခင် နုတ် ယူ သိမ်း တော် မူ သော အ ခါ၊ သူ၌ မည် သို့ စောင့် မျှော် ရာ အ ကြာင်း ရှိ တော့ အံ့ နည်း။
ဒေသနာကျမ်း။ 9:4 - Garrad Bible အ သက် ရှင် သော လူ့ ဘောင်၌ အ ပါ အ ဝင် ဖြစ် သူ သည်၊ စောင့် မြော် ရန် အ ကြောင်း ရှိ၏။ ရှင် သော ခွေး သည်၊ သေ သော ခြင်္သေ့ ထက် ကောင်း ၏။ Common Language Bible အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေး သောသူသည် မြော်လင့်စရာရှိ၏။ အသက်ရှင်သောခွေး သည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်၏။ Judson Bible အသက်ရှင်သောလူစုအပေါင်းနှင့် ဆိုင်သေးသောသူသည် မျှော်လင့်စရာရှိ၏။ အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်၏။ မြန်မာ့စံမီသမ္မာကျမ်း အမှန်စင်စစ် အသက်ရှင်သောသူအားလုံးတို့တွင်ပါဝင်လျက်ရှိသောသူ၌ မျှော်လင့်ခြင်းရှိ၏။ အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက် ပို၍ကောင်း၏။ |
လူ သ ရော် လူ ပျက်၏ အ သက် ကို၊ ဘု ရား သ ခင် နုတ် ယူ သိမ်း တော် မူ သော အ ခါ၊ သူ၌ မည် သို့ စောင့် မျှော် ရာ အ ကြာင်း ရှိ တော့ အံ့ နည်း။
နေ အောက် တွင် သင့် ရောက် သော ဘေး ဟူ မူ ကား၊ လူ ရှိ သ မျှ၌ ထို သို့ သော အ ဖြစ် အ ပျက် တစ် မျိုး တည်း ဖြစ် သ တည်း။ ၎င်း ပြင် လူ့ သား တို့ သည်၊ စိတ် နှ လုံး ဆိုး သွမ်း ခြင်း နှင့် ပြည့် သည့် အ တိုင်း၊ အ သက် ရှင် စဉ် တွင် ရူး သွပ် သော သ ဘော ရှိ၏။ ထို့ နောက် သေ ဆုံး ရ ကြ၏။
အ ဘယ့် ကြောင့် ဆို သော်၊ သူ ရှင် တို့ သည် သေ ကြ ရ မည် ကို သိ၏။ သူ သေ တို့ မူ ကား၊ မည် သည် ကို မျှ မ သိ။ အ ကျိုး အ ပြစ် ကို လည်း မ ခံ ရ။ သူ တို့ ကို မေ့ လျော့ တတ် ကြ၏။
မ ရ ဏာ့ နိုင် ငံ သည် ဂုဏ် တော် ကို ချီး မွမ်း ခွင့်၊ သေ သူ တို့ လည်း ထော မ နာ ပြု ခွင့်၊ သင်္ချိုင်း တွင်း ဆင်း ရ သူ တို့ သည် သ စ္စာ တော် ကို စောင့် မြော် ခွင့် မ ရ ကြ ချေ။