ပိုင်း ခြား ခြင်း မ ရှိ သည် ကို ထောက်၍ ငါ က၊ ကိုယ် တော် သည် စုံ လင် သူ၊ ဆိုး သွမ်း သူ တို့ ကို ပယ် ရှင်း တော် မူ သည် ဟု ဆို လေ၏။
ဒေသနာကျမ်း။ 9:2 - Garrad Bible လူ ခပ် သိမ်း၌၊ အ ဖြစ် အ ပျက် ရှိ သ မျှ တူ၏။ လူ ကောင်း လူ ဆိုး တို့၌ လည်း ကောင်း၊ သူ တော် ကောင်း မှ စ၍၊ စင် ကြယ် သူ၊ မ စင် ကြယ် သူ တို့၌ လည်း ကောင်း၊ ပူ ဇော် သ က္ကာ ဆက် ကပ် သူ၊ မ ဆက် ကပ် သူ တို့၌ လည်း ကောင်း၊ အ ဖြစ် အ ပျက် တစ် မျိုး တည်း သင့် ရောက် တတ်၏။ သူ တော် ကောင်း သည်၊ အ ပြစ် သား နှင့်လည်း ကောင်း၊ သ စ္စာ ထား သူ သည်၊ မ ထား ဝံ့ သူ နှင့် လည်း ကောင်း၊ တူ၏။ Common Language Bible ခပ်သိမ်းသော သူတို့သည် ခပ်သိမ်းသောအမှု အရာတို့နှင့် ဆက်ဆံကြ၏။ တရားသောသူနှင့် မတရား သောသူ၊ ကောင်းသောသူနှင့် မကောင်းသောသူ၊ စင်ကြယ် သောသူနှင့် မစင်ကြယ်သောသူ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိ သောသူ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကို ကြောက် သောသူတို့သည် တခုတည်းသောအမှုနှင့် တွေ့ကြုံတတ် ၏။ Judson Bible ခပ်သိမ်းသောသူတို့သည် ခပ်သိမ်းသော အမှုအရာတို့နှင့် ဆက်ဆံကြ၏။ တရားသောသူနှင့် မတရားသောသူ၊ ကောင်းသောသူနှင့် မကောင်းသောသူ၊ စင်ကြယ်သောသူနှင့် မစင်ကြယ်သောသူ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိသောသူ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကိုကြောက်သောသူတို့သည် တစ်ခုတည်းသောအမှုနှင့် တွေ့ကြုံတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူဖြစ်စေ၊ ကောင်းသောသူနှင့် မကောင်းသောသူဖြစ်စေ၊ စင်ကြယ်သောသူနှင့် မစင်ကြယ်သောသူဖြစ်စေ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူဖြစ်စေ၊ သူတော်ကောင်းနှင့် အပြစ်ပြုသောသူဖြစ်စေ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကိုကြောက်သောသူဖြစ်စေ အားလုံးသည် အားလုံးနည်းတူ တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရ၏။ |
ပိုင်း ခြား ခြင်း မ ရှိ သည် ကို ထောက်၍ ငါ က၊ ကိုယ် တော် သည် စုံ လင် သူ၊ ဆိုး သွမ်း သူ တို့ ကို ပယ် ရှင်း တော် မူ သည် ဟု ဆို လေ၏။
စိတ် တော် နှင့် တွေ့ သော သူ အား၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ မှ စ၍ ရွှင် လန်း ခွင့် ကို၊ ဘု ရား သ ခင် ပေး သ နား တော် မူ၍၊ မှား ယွင်း တတ် သူ့ အား မူ ကား၊ စိတ် တော် နှင့် တွေ့ သူ ၏ လက် သို့ လွှဲ အပ် စေ ရန် သာ၊ ဆည်း ပူး ခြင်း စု ဆောင်း ခြင်း တာ ဝန် ကို တင် တော် မူ၏။ ထို အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် သ တည်း။
အ ဘယ့် ကြောင့် ဆို သော်၊ လူ သား တို့ နှင့် တိ ရ စ္ဆာန် တို့ အ ဖြစ် အ ပျက် ချင်း တူ လျက်၊ နှစ် မျိုး လုံး၌ တစ် ရပ် တည်း ဖြစ် ပျက် သည် နှင့် အ ညီ၊ တစ် မျိုး သေ က တစ် မျိုး သေ တတ်၏။ အား လုံး ပင် သက် ဇီ ဝ တစ် မျို တည်း ရှိ ကြ၍၊ လူ သည် တိ ရ စ္ဆာန် ထက် မ မြတ် ချေ။ အ ရာ ခပ် သိမ်း သည် အ န တ္တ ဖြစ်၏။
ထို သူ သည် အ ကောင်း ကို မ စား ရ ဘဲ၊ အ နှစ် တစ် ထောင် ထက် တိုး၍၊ ထမ်း ပိုး နေ ရ သော် လည်း၊ နှစ် ဦး လုံး ပင် တစ် နေ ရာ တည်း သို့ သွား ကြ ရ သည် မ ဟုတ် လော။
ဤ အ မှု ကို လက် မ လွှတ် ဘဲ၊ ထို အ မှု ကို စွဲ ကိုင် ရာ၏။ ဘု ရား သ ခင် ကို ခန့် ညား သူ သည်၊ နှစ် မျိုး အ တွင်း မှ လွတ် မြောက် လိမ့် မည်။
လူ ရှိ သ မျှ တို့ အ ဆုံး ကား၊ သေ ခြင်း ဖြစ် ကြောင်း ကို၊ အ သက် ရှင် သူ တို့ သည် နှ လုံး ပိုက် ကြ မည် ဖြစ်၍၊ အ သု ဘ အိမ် သို့ သွား ခြင်း သည်၊ စား သောက် ပွဲ သို့ သွား ခြင်း ထက် သာ၍ ကောင်း ၏။
ထို့ နောက်၊ အ ချိန် စေ့ ခြင်း၊ ဖြစ် ပျက် ခြင်း များ ကို၊ လူ ရှိ သ မျှ တွေ့ ကြုံ တတ် သည် ဖြစ်၍၊ လျင် သော သူ သည် အ ပြေး သာ ခြင်း၊ သူ ရဲ ကောင်း သည် စစ် အောင် ခြင်း၊ ပ ညာ ရှိ သည် စား သောက် ခြင်း၊ ဉာဏ် ကောင်း သူ သည် ကြွယ် ဝ ခြင်း၊ လိ မ္မာ သူ သည် မျက် နှာ ရ ခြင်း များ ကို မ ခံ ရ ကြောင်း၊ နေ အောက် တွင် ငါ သိ မြင် ၏။
နေ အောက် တွင် သင့် ရောက် သော ဘေး ဟူ မူ ကား၊ လူ ရှိ သ မျှ၌ ထို သို့ သော အ ဖြစ် အ ပျက် တစ် မျိုး တည်း ဖြစ် သ တည်း။ ၎င်း ပြင် လူ့ သား တို့ သည်၊ စိတ် နှ လုံး ဆိုး သွမ်း ခြင်း နှင့် ပြည့် သည့် အ တိုင်း၊ အ သက် ရှင် စဉ် တွင် ရူး သွပ် သော သ ဘော ရှိ၏။ ထို့ နောက် သေ ဆုံး ရ ကြ၏။
ယောက်ျား၊ မိန်း မ၊ သူ ငယ်၊ မင်း သ မီး တို့ မှ စ ၍၊ ရှာ ဖန့် မြေး၊ အ ဟိ ကံ့ သား ဂေ ဒ လိ အ ပါး တွင်၊ ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် ထား ခဲ့ သော လူ ဟူ သ မျှ ကို၊ ပ ရော ဖက် ယေ ရ မိ နှင့် နေ ရိ သား ဗာ ရုတ် တို့ ပါ၊ ခေါ် သွား လျက်၊
ယ ခု ကာ လ၊ ငါ တို့ သည်၊ မာ န ကြီး သူ တို့ ကို ချီး မွမ်း ရ သည့် ပြင်၊ ဆိုး သွမ်း စွာ ပြု ကျင့် သူ တို့ လည်း၊ တည် တံ့ ခွင့် ရ၍၊ ဘု ရား သ ခင် ကို စုံ စမ်း လျက် ပင် ဘေး လွတ် ရ ကြ သည် တ ကား ဟု၊ သင် တို့ ဆို ခြင်း ဖြင့် တည်း။
သူ တော် ကောင်း နှင့် မ သူ တော် ကိုလည်း ကောင်း၊ ဘု ရား သ ခင် အား ဝတ် ပြု သူ နှင့် မ ပြု သူ့ ကိုလည်း ကောင်း၊ သင် တို့ စိတ် ပြောင်း၍ ပိုင်း ခြား သိ မြင် ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ၏။
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ သည် တ ရား စီ ရန် ချဉ်း လာ လျက်၊ ငါ့ ကို မ ခန့် ညား ဘဲ စုန်း တတ် သူ၊ သူ့ သား အိမ် ရာ ကို ပြစ် မှား သူ၊ မု သာ ကျိန် ဆို သူ၊ သူ ရင်း ခ မ ပေး သူ၊ မု ဆိုး မ နှင့် ဖ သက် ဆိုး တို့ ကို ညှဉ်း ပန်း သူ၊ ဝင် နေ ကပ် ပါး ကို အ လွဲ စီ ရင် သူ တို့ တစ် ဘက်၌၊ အ လျင် အ မြန် သက် သေ ခံ မည်။
ဗိုလ် ထု သည် ပျား လ ပို့ ပေါ ရာ သို့ ရောက် လျှင် ပျား ရည် ယို ကျ လျက် ရှိ သော် လည်း သ စ္စာ တော် ခံ မိ သော ကြောင့် မည် သူ မျှ ခံ တွင်း ကို လက် နှင့် မ တို့ ဝံ့။