ယာ ကုပ် က၊ ဧည့် သည် အ ဖြစ် နေ ခဲ့ ရ သော အ သက် ကား အ နှစ် တစ် ရာ့ သုံး ဆယ် ရှိ ပါ ပြီ။ အ သက် နှစ် ပေါင်း နည်း ပါး ၍ ဆိုး သွမ်း ပါ ၏။ ဧည့် သည် အ ဖြစ် နေ ခဲ့ သော ဘိုး ဘေး တို့ အ သက် တန်း ကို မ မှီ ပါ ဟု လျှောက် ဆို ပြီး လျှင်၊
ဒေသနာကျမ်း။ 8:3 - Garrad Bible ဘု ရင် မင်း၏ အ မိန့် တော် တွင် တန် ခိုး အာ ဏာ ပါ သည် နှင့် အ ညီ၊ မည် သို့ ပြု တော် မူ ပါ သ နည်း ဟု မေး ဝံ့ သူ မ ရှိ ဘဲ၊ အ လို တော် အ တိုင်း ပြု တတ် သည် ဖြစ်၍၊ အ ပါး တော် မှ အ ဆော တ လျင် ဆုတ် ခွာ ခြင်း၊ ဆိုး သွမ်း မှု၌ တည် နေ ခြင်း များ ကို မ ပြု နှင့်။ Common Language Bible သမ္မာသတိလစ်၍ အထံတော်မှမထွက်နှင့်။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့်။ အလိုတော်ရှိသည် အတိုင်း စီရင်တော်မူမည်။ Judson Bible သမ္မာသတိလစ်၍ အထံတော်မှ မထွက်နှင့်။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့်။ အလိုတော်ရှိသည်အတိုင်း စီရင်တော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း သူ၏ရှေ့မှောက်မှ အလျင်စလိုမထွက်သွားနှင့်။ မကောင်းသောအမှုဘက်၌ မရပ်တည်နှင့်။ အကြောင်းမူကား သူသည် အရာအားလုံးကိုအလိုရှိသည့်အတိုင်း စီရင်တတ်၏။” |
ယာ ကုပ် က၊ ဧည့် သည် အ ဖြစ် နေ ခဲ့ ရ သော အ သက် ကား အ နှစ် တစ် ရာ့ သုံး ဆယ် ရှိ ပါ ပြီ။ အ သက် နှစ် ပေါင်း နည်း ပါး ၍ ဆိုး သွမ်း ပါ ၏။ ဧည့် သည် အ ဖြစ် နေ ခဲ့ သော ဘိုး ဘေး တို့ အ သက် တန်း ကို မ မှီ ပါ ဟု လျှောက် ဆို ပြီး လျှင်၊
စိတ် ရှည် သော သူ သည်၊ ထူး ကဲ သော ဉာဏ် ပ ဋိ ဘာန် ရှိ၏။ စိတ် တို သော သူ မူ ကား၊ အ မိုက် တ ရား ကို ချီး မြှင့် တတ်၏။
ငါ့ သား၊ ထာ ဝ ရ ဘု ရား ကို လည်း ကောင်း၊ ဘု ရင် မင်း ကို လည်း ကောင်း၊ ခန့် ညား လော့။ ထို နှစ် ပါး တို့ စီ ရင် တော် မူ သော ဒဏ် သည် ရုတ် တ ရက် သင့်၍၊ မည် သူ မျှ မ သိ နိုင် သော ဘေး ရောက် မည် ကို စိုး သော ကြောင့်၊ ထ ကြွ တတ် သူ တို့ နှင့် မ ပေါင်း လင့်။
သင့် အ ပေါ် တွင် မင်း မျက် လျှင်၊ ရာ ထူး မှ မ ထွက် နှင့်။ သည်း ခံ ခြင်း သည် ကြီး စွာ သော အ ပြစ် ကို ငြိမ်း စေ တတ်၏။
လော က၌ နေ ထိုင် သူ ရှိ သ မျှ တို့ သည် အ ရေး ယူ တော် မ မူ ဖွယ် ရာ ဖြစ် လျက် ကောင်း ကင် ဗိုလ် ခြေ တို့ တွင် လည်း ကောင်း၊ လော က၌ နေ ထိုင် သူ တို့ တွင် လည်း ကောင်း စီ ရင် ပြု ပြင် တော် မူ၏။ မည် သို့ ပြု သ နည်း ဟု ဆို လျက် လက် ရုံး တော် ကို ဆီး ကာ နိုင် သူ မ ရှိ။
သ နား တော် မူ သော ထို အ ထွဋ် အ မြတ် ကြောင့် ဘာ သာ စ ကား အ မျိုး မျိုး ပြော ဆို သော လူ မျိုး ဟူ သ မျှ တို့ သည် ရှေ့ တော်၌ ကြောက် ရွံ့ တုန် လှုပ် လျက် နေ ရ ကြ၏။ အ လို တော် ရှိ ရာ ကွပ် မျက် ခြင်း၊ ချမ်း သာ စေ ခြင်း ကို ပြု တော် မူ၍ အ လို တော် ရှိ ရာ ပင် ချီး မြှင့် ခြင်း၊ နှိမ့် ချ ခြင်း ကို လည်း ပြု တော် မူ ပါ ၏။