ကာ ဣ န သည် ညီ အာ ဗေ လ နှင့် စ ကား ပြော လျက် လယ်၌ ရှိ ကြ စဉ် ညီ အာ ဗေ လ ကို ရန် ဘက် ပြု၍ သတ် လေ ၏။
ဒေသနာကျမ်း။ 7:9 - Garrad Bible ဒေါ သ အ မျက် သည်၊ လူ မိုက် တို့ ၏ ရင် ခွင်၌ သာ တည် သည် ဖြစ်၍၊ ဒေါ သ ထွက် ရန် လျှင် မြန် သော စိတ် မ ရှိ နှင့်။ Common Language Bible အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏ စိတ်နှလုံး၌ နေရာကျတတ် ၏။ Judson Bible အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏စိတ်နှလုံး၌ နေရာကျတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း အမျက်ဒေါသသည် မိုက်မဲသောသူတို့၏ရင်ခွင်ထဲ၌ ကိန်းအောင်းတတ်သည်ဖြစ်၍ သင့်စိတ်ထဲတွင် အမျက်ဒေါသ အလျင်စလိုမထွက်ပါစေနှင့်။ |
ကာ ဣ န သည် ညီ အာ ဗေ လ နှင့် စ ကား ပြော လျက် လယ်၌ ရှိ ကြ စဉ် ညီ အာ ဗေ လ ကို ရန် ဘက် ပြု၍ သတ် လေ ၏။
အ ဗ ရှ လုံ လည်း နှ မ တော် တာ မာ ကို အာ မ နုန် ရှုတ် ချ သည် ဖြစ်၍ နောင် တော် အား အ ဆိုး အ ကောင်း ကို မျှ မ ပြော ဘဲ ရန် ငြိုး ဖွဲ့ လေ၏။
အိမ် တော် သား တို့ အား အ ဗ ရှ လုံ သည် တင် ကူး ၍ မှာ ထား သည် မှာ စ ပျစ် ရည် သောက် သ ဖြင့် အာ မ နုန် ရွှင် လန်း သော အ ခါ အာ မ နုန် ကို သတ် ကြ လော့ ဟု ငါ ဆို လျှင် ဆို ချင်း သတ် ကြ လော့။ မ ကြောက် ကြ နှင့်။ အ မိန့် ပေး သူ ငါ ရှိ ပြီ မ ဟုတ် လော။ အား ယူ လျက် ရဲ ရင့် စွာ ပြု ကြ ဟု မှာ ထား သည် နှင့် အ ညီ
နောင် တော် ရှိ မာ၏ သား ယော န ဒပ် က မင်း သား ပျို အ ပေါင်း တို့ အား သတ် ပြီ ဟူ သော သ တင်း ကို အ ရှင် ယုံ တော် မ မူ သင့် ပါ။ အာ မနုန် တစ် ပါး တည်း သာ သေ ပါ ပြီ။ နှ မ တော် တာ မာ ကို ရှုတ် ချ သည့် နေ့ က စ၍ အ ဗ ရှ လုံ ရန် ငြိုး ဖွဲ့ လေ ပြီ။
ငါ တို့ မူ ကား၊ ဘု ရင် မင်း ကို ဆယ် ပိုင်း ပိုင်၏။ သင် တို့ ထက် ဒါ ဝိဒ် မင်း နှင့် သာ၍ ဆိုင်၏။ ကိုယ့် ဘု ရင် မင်း ကို ဆောင် ကြဉ်း ရန် ဦး စွာ အ ကြံ ပေး သော ငါ တို့ အား အ ဘယ် ကြောင့် မ ထီ မဲ့ မြင် ပြု ကြ သ နည်း ဟု တုံ့ ပြန် ပြော ဆို ကြ ရာ ဣ သ ရေ လ သူ ရဲ တို့ စ ကား ထက် ယု ဒ သူ ရဲ တို့ စ ကား သည် ရုန့် ရင်း လေ စွ တ ကား။
စိတ် တို သော သူ သည်၊ မိုက် မဲ စွာ ပြု လေ့ ရှိ၏။ အ ဆိုး ကြံ စည် သော သူ သည်၊ မုန်း ထား ခြင်း ကို ခံ ရ လိမ့် မည်။
စိတ် ရှည် သော သူ သည်၊ ထူး ကဲ သော ဉာဏ် ပ ဋိ ဘာန် ရှိ၏။ စိတ် တို သော သူ မူ ကား၊ အ မိုက် တ ရား ကို ချီး မြှင့် တတ်၏။
စိတ် ရှည် သော သူ သည်၊ ခွန် အား ကြီး သူ ထက် လည်း ကောင်း၊ စိတ် ကို ချုပ် တည်း သော သူ သည်၊ မြို့ ကို သိမ်း ယူ သူ ထက် လည်း ကောင်း၊ သာ၍ မြတ် ၏။
ရန် တွေ့ ခြင်း ငှာ ခ ရီး မ လွန် နှင့်။ လွန် လျှင်၊ နောက်၌ အ ပေါင်း အ ဖော် သည်၊ သင့် ကို အ ရှက် ကွဲ စေ သော ကာ လ၌၊ မည် သို့ ပြု လုပ် နိုင် မည် နည်း။
ရှေး ကာ လ နေ့ ရက် သည်၊ ယ ခု ကာ လ ထက်၊ မည် သည့် အ ကြောင်း ကြောင့် ကောင်း သ နည်း ဟု မ မေး နှင့်။ ထို သို့ မေး လျှင် ပ ညာ မဲ့ ဖြစ်၏။
သို့ ဖြစ်၍၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ သက် ရှင် ရ ခြင်း ထက်၊ သေ ရ ခြင်း သည် သာ၍ ကောင်း သော ကြောင့်၊ အ ကျွန်ုပ် အ သက် ကို ရုတ် သိမ်း တော် မူ ပါ ဟု တောင်း လျှောက် သော်၊
နေ ထွက် သော အ ခါ၊ ဘု ရား သ ခင် သည် ပူ ပြင်း သော အ ရှေ့ လေ ကို စီ မံ တော် မူ၍၊ ဦး ခေါင်း ကို နေ ထိ ခိုက် သ ဖြင့်၊ မူး မော် သည် နှင့်၊ ယော န က၊ အ ကျွန်ုပ် အ သက် ရှင် ရ ခြင်း ထက်၊ သေ ရ ခြင်း သည် သာ၍ ကောင်း ပါ သည် ဟု မြည် တမ်း လျက်၊ သေ ဆု ကို တောင်း လျှောက် လေ၏။
ဘု ရား သ ခင် က လည်း။ ကြက် ဆူ ပင် အ တွက်၊ အ မျက် ထွက် သင့် သ လော ဟု မေး တော် မူ လျှင်၊ ယော န က၊ သေ လု အောင် အ မျက် ထွက် သင့် ပါ သည် ဟု လျှောက် ဆို သော်၊
ဟေ ရော ဒိ လည်း ယော ဟန် ကို ရန် ညိုး ဖွဲ့၍ သတ် လို သော် လည်း ဖြောင့် မတ် သန့် ရှင်း သူ ဖြစ် ကြောင်း ဟေ ရုဒ် မင်း သိ၍ ခန့် ညား သ ဖြင့် ယော ဟန် ကို လုံ ခြုံ စွာ ထား သည့် အ တွက် မ သတ် နိုင် ချေ။ ယော ဟန် ဟော ပြော ချက် ကို ဟေ ရုဒ် မင်း ကြား သော် အ လွန် စိတ် ရှုပ် ထွေး ခြင်း ရှိ သော် လည်း ရွှင် လန်း စွာ ကြား နာ လေ့ ရှိ ၏။
ထို အ ခါ သူ ငယ် မ ထွက် သွား၍ မည် သည့် အ ရာ တောင်း ရ မည် ကို မယ် တော့် ထံ မေး ရာ ဗ တ္တိ ဇံ ဆ ရာ ယော ဟန် ၏ ဦး ခေါင်း ဟု ပြန် ဆို လျှင် ဆို ချင်း၊
ငါ ချစ် သော ညီ အစ် ကို တို့၊ သင် တို့ သည် ဤ အ ကြောင်း အ ရာ များ ကို သိ ကြ၏။ သို့ ရာ တွင် အ သီး အ သီး ကြား နာ ရန် လျင် မြန် ကြ စေ။ ပြော ဆို ရန် နှင့် အ မျက် ထွက် ရန် နှောင့် နှေး ကြ စေ။