မု ချ အား ဖြင့်၊ ငါ့ အ လောင်း ကို ငါ ကိုက် ချီ၍၊ အ သက် ကို လည်း ဆောင် ကိုင် တော့ မည်။
ဒေသနာကျမ်း။ 4:5 - Garrad Bible လူ မိုက် မူ ကား၊ လက် ပိုက် လျက်၊ ကိုယ့် အ သား ကို စား တတ် ၏။ Common Language Bible မိုက်သောသူသည် မိမိလက်ချင်းပိုက်ထား၍၊ မိမိ အသားကို စားတတ်၏။ Judson Bible မိုက်သောသူသည် မိမိလက်ချင်းပိုက်ထား၍၊ မိမိအသားကို စားတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲသောသူသည် မိမိလက်ကိုပိုက်ထား၍ မိမိအသားကိုစားတတ်၏။ |
မု ချ အား ဖြင့်၊ ငါ့ အ လောင်း ကို ငါ ကိုက် ချီ၍၊ အ သက် ကို လည်း ဆောင် ကိုင် တော့ မည်။
က ရု ဏာ ရှိ သော သူ သည်၊ ကိုယ် ကို ကျေး ဇူး ပြု ရာ၊ ရက် စက် သော သူ မူ ကား၊ ကိုယ် ကို နှောင့် ရှက် ရာ ရောက် တတ်၏။
ပျင်း ရိ သော သူ သည်၊ ကိုယ့် အ ဖို့ အ မဲ ဟင်း လျာ ကို မ ရှာ။ လုံ့ လ ဝိ ရိ ယ မူ ကား၊ လူ၌ အ ဖိုး ထိုက် သော ဘ ဏ္ဍာ ဖြစ်၏။
ပျင်း ရိ သော သူ သည်၊ တပ် မက် သော် လည်း မည် သည် ကို မျှ မ ရ တတ်။ ဝိ ရိ ယ စိုက် သော သူ တို့ မူ ကား၊ ကြွယ် ဝ လိမ့် မည်။
ပျင်း ရိ သော သူ သည်၊ မိုး ဥ တု တွင်၊ လယ် မ ထွန် ဘဲ နေ သ ဖြင့်၊ ရိတ် သိမ်း ရာ ကာ လ၌၊ တောင်း သော် လည်း မ ရ ချေ။
ပ ညာ ရှိ စ ကား သည်၊ ကျေး ဇူး များ၏။ လူ မိုက်၏ နှုတ် ထွက် မူ ကား၊ ကိုယ် ကို မျို စား လျက်၊
လက်ျာ က ခုတ် ယူ ခြင်း၊ လက် ဝဲ က ခဲ မျို ခြင်း ပြု ကြ သော် လည်း မ ဝ၊ ငတ် မွတ် ခြင်း ရှိ သေး လျက်၊ မ နာ ရှေ အ နွယ် သည် ဧ ဖ ရိမ့် အ နွယ် ကို လည်း ကောင်း၊ ဧ ဖ ရိမ့် အ နွယ် သည် မ နာ ရှေ့ အ နွယ် ကို လည်း ကောင်း၊ ထို နှစ် နွယ် လုံး ပင် ယု ဒ လူ မျိုး ကိုလည်း ကောင်း၊ ကိုယ့် လက် ရုံး သား သ ဖွယ်၊ အ ချင်း ချင်း စား မျို ကြ ရ ၏။ ထို မျှ ဖြစ် သော် လည်း၊ အ မျက် တော် မ ပြေ၊ လက် ရုံး တော် မ ရုပ် သေး လေ စွ တ ကား။