အ စဉ် အ တိုင်း မီး ခွက် တင် ထွန်း ခြင်း ငှါ ထောင်း ညှပ် ၍ ရ သော မီး ပူ ဇော် ရန် သံ လွင် ဆီ စစ် ကို သင့် ထံ ဆောင် ခဲ့ ကြ ရ မည့် အ ကြောင်း ဣ သ ရေ လ အ မျိုး သား တို့ အား မှာ ထား လော့။
ထွက်မြောက် 40:4 - Garrad Bible စား ပွဲ တော် ကို လည်း သွင်း၍ ၎င်း အ ပေါ် တွင် ခင်း ကျင်း ရန် ရှိ သ မျှ ကို ခင်း ကျင်း လော့။ မီး ခုံ တော် ကို လည်း သွင်း၍ မီး ခွက် များ ကို တင် ထွန်း လော့။ Common Language Bible တဲတော်ထဲသို့စားပွဲတော်ကိုသွင်း၍၊ ဆိုင် ရာပစ္စည်းများကို စားပွဲပေါ်တွင်တင်ထား လော့။ ဆီမီးတိုင်ကိုလည်းသွင်း၍ မီးခွက် များကိုတင်ထွန်းရမည်။- Judson Bible စားပွဲကိုလည်းသွင်း၍၊ စားပွဲပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင်ရမည်။ မီးခုံကိုလည်းသွင်း၍၊ မီးခွက်တို့ကိုထွန်းရမည်။ မြန်မာ့စံမီသမ္မာကျမ်း စားပွဲကိုလည်းသွင်း၍ နေရာတကျ ခင်းကျင်းရမည်။ ဆီမီးခုံကိုလည်းသွင်း၍ မီးခွက်များကို ပြင်ဆင်ရမည်။ |
အ စဉ် အ တိုင်း မီး ခွက် တင် ထွန်း ခြင်း ငှါ ထောင်း ညှပ် ၍ ရ သော မီး ပူ ဇော် ရန် သံ လွင် ဆီ စစ် ကို သင့် ထံ ဆောင် ခဲ့ ကြ ရ မည့် အ ကြောင်း ဣ သ ရေ လ အ မျိုး သား တို့ အား မှာ ထား လော့။
ဣ သ ရေ လ အ မျိုး သား တို့ စောင့် ရှောက် ရ သော ထာ ဝ ရ ပ ဋိ ညာဉ် ဖြစ် သည် နှင့် အ ညီ ဥ ပုသ် နေ့ အ စဉ် အ တိုင်း ထာ ဝ ရ ဘု ရား ရှေ့ ခင်း ကျင်း စေ။