ထွက်မြောက် 4:4 - Garrad Bible ထာ ဝ ရ ဘု ရား က လည်း၊ ထို သူ တို့ ဘိုး ဘေး များ ၏ ဘု ရား သ ခင်၊ အာ ဗြ ဟံ ၏ ဘု ရား၊ ဣ ဇာက်၏ ဘု ရား၊ ယာ ကုပ်၏ ဘု ရား တည်း ဟူ သော ထာ ဝ ရ ဘု ရား သည် သင့် အား ထင် ရှား တော် မူ ကြောင်း ယုံ ကြ စေ ခြင်း ငှါ၊ လက် ဆန့်၍ အ မြီး ကို ကိုင် ဖမ်း လော့ ဟု မိန့် တော် မူ သည့် အ တိုင်း လက် ဆန့်၍ ဖမ်း မိ က လက် တွင် တောင် ဝေး ပင် ဖြစ် ပြန် သ တည်း။ Common Language Bible ထိုအခါထာဝရဘုရားက မောရှေအား``သင် ၏လက်ကိုဆန့်၍မြွေအမြီးကိုကိုင်ဖမ်းလော့'' ဟုမိန့်တော်မူ၏။ မောရှေသည်လက်ကိုဆန့်၍ မြွေကိုကိုင်ဖမ်းလိုက်သောအခါ လက်ထဲ၌ တောင်ဝှေးတစ်ဖန်ဖြစ်လာပြန်လေသည်။- Judson Bible ထာဝရဘုရားကလည်း၊ သင့်လက်ကိုဆန့်၍ သူ့အမြီးကိုကိုင်ဖမ်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ မောရှေသည် လက်ကိုဆန့်၍ ဖမ်းမိသဖြင့်၊ သူ၏လက်၌ လှံတံဖြစ်ပြန်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားက မောရှေအား “သင်၏လက်ကိုဆန့်၍ မြွေ၏အမြီးကို ဖမ်းကိုင်လော့”ဟု မိန့်တော်မူသဖြင့် သူသည် မိမိ၏လက်ကိုဆန့်၍ ဖမ်းဆွဲလိုက်ရာ ထိုမြွေသည် သူ၏လက်ထဲ၌ တောင်ဝှေးပြန်ဖြစ်လေ၏။ |
သင် သည် ခြင်္သေ့ နှင့် မြွေ ဆိုး များ ကို နင်း၍၊ ခြင်္သေ့ ပျို နှင့် န ဂါး တို့ ကို ကျော် ရ လိမ့် မည်။
မြေ ပေါ် သို့ ပစ် ချ လော့ ဟု မိန့် တော် မူ သည့် အ တိုင်း ပစ် ချ က၊ တောင် ဝေး သည် မြွေ ဖြစ်၍၊ ၎င်း ရှေ့ မှ မော ရှေ ပြေး လေ ၏။
မြွေ များ ကို ဖမ်း ကိုင် ခြင်း၊ အ ဆိပ် အ တောက် ကို သောက် မိ လျှင် ဘေး ကင်း ခြင်း၊ မ ကျန်း မ မာ သူ တို့ အ ပေါ် မှာ လက် တင်၍ ကျန်း မာ စေ ခြင်း များ တည်း ဟု မိန့် တော် မူ၏။
မြွေ၊ ကင်း များ ကို နင်း ခွင့်၊ ရန် သူ၏ တန် ခိုး ရှိ သ မျှ ကို နိုင် ခွင့် အာ ဏာ ငါ ပေး အပ်၍၊