တစ် ဖန်၊ အ မှု တော် များ ကို မ ကြာ မီ မေ့ လျော့ လျက်၊ အ ကြံ တော် ကို မ ငံ့ မ လင့် ဘဲ၊
ထွက်မြောက် 17:2 - Garrad Bible ထို လူ မျိုး က၊ သောက် ရန် ရေ ပေး ပါ ဟု ဆို ၍ မော ရှေ ကို ရန် ပြု ကြ လျှင် ငါ့ ကို အ ဘယ် ကြောင့် ရန် ပြု ကြ သ နည်း။ ထာ၀ ရ ဘု ရား ကို လည်း အ ဘယ် ကြောင့် စုံ စမ်း ကြ သ နည်း ဟု မော ရှေ ပြန် ဆို ၏။ Common Language Bible ထိုအခါသူတို့သည်မောရှေအား``အကျွန်ုပ် တို့သောက်စရာရေပေးပါ'' ဟုညည်းညူ တောင်းဆိုကြ၏။ မောရှေက``အဘယ်ကြောင့်ညည်းညူကြ သနည်း။ ထာဝရဘုရားကိုအဘယ်ကြောင့် စုံစမ်းကြသနည်း'' ဟုပြန်၍ပြောလေ၏။ Judson Bible ထိုကြောင့်လူများတို့က၊ သောက်ဖို့ရေပေးပါဟုဆို၍ မောရှေကိုရန်တွေ့ကြ၏။ မောရှေကလည်း၊ ငါ့ကို အဘယ်ကြောင့်ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့် စုံစမ်းကြသနည်းဟုဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူတို့က မောရှေအား “ငါတို့သောက်ဖို့ရေပေးပါလော့”ဟု ဆို၍ရန်တွေ့ကြ၏။ မောရှေကလည်း “ငါ့ကို အဘယ်ကြောင့်ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့်အကဲစမ်းကြသနည်း”ဟု ဆို၏။ |
တစ် ဖန်၊ အ မှု တော် များ ကို မ ကြာ မီ မေ့ လျော့ လျက်၊ အ ကြံ တော် ကို မ ငံ့ မ လင့် ဘဲ၊
သဲ တော၌ တပ် မက်၍၊ က န္တာ ရ၌ ဘု ရား သ ခင် ကို စုံ စမ်း ကြ ရာ၊ တောင့် တ ရာ ကို ပေး တော် မူ သော် လည်း၊
ကိုယ့် အ လို အ လျောက် အ စား ကို တောင်း ၍၊ စိတ် နှ လုံး ၌ ဘု ရား သ ခင် ကို စုံ စမ်း ကြ သည် မှာ၊
သူ တို့ သည်ဖောက် ပြန် လျက်၊ ဘု ရား သ ခင် ကို စုံ စမ်း၍၊ ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း တော် မူ သော အ ရှင့် အ မျက် တော် တိုက် လျက်၊
သို့ ဖြစ် ပါ လျက်၊ သူ တို့ သည် မြင့် မြတ် သော ဘု ရား သ ခင် ကို စုံ စမ်း၍ ပုန် ကန် ပြီး လျှင်၊ သက် သေ ခံ တော် မူ ချက် များ ကို မ စောင့် မ ထိန်း၊
သင် တို့ ဘိုး ဘေး များ သည် ငါ့ ကို စိ စစ် စုံ စမ်း၍၊ ငါ ၏ အ မှု ကို သိ မြင် လျက် ပင်၊ မေ ရိ ဘ ခေါ် တော အ ရပ်၊ မဿာ ဟူ သော နေ့ ရက် တွင် ပြု ကြ သ ကဲ့ သို့၊ သင် တို့ စိတ် မ ခဲ ယဉ်း စေ ကြ နှင့်။
ထို လူ မျိုး သည် မော ရှေ အား ညည်း ညူ လျက် မည် သည် ကို သောက် ရ အံ့ နည်း ဟု ဆို ကြ သော်၊
တစ် ဖန် မော ရှေ က၊ ထာ ဝ ရ ဘု ရား သည် ညဉ့် ဦး၌ သင် တို့ စား ရန် အ သား ကို လည်း ကောင်း၊ နံ နက်၌ ဝ လောက် အောင် မု့န် ကို လည်း ကောင်း၊ ပေး သ နား တော် မူ သော အ ခါ သိ မြင် ကြ လိမ့် သ တည်း။ ထာ ဝ ရ ဘု ရား အား သင် တို့ ညည်း ညူ သော အ သံ ကို ကြား တော် မူ ပြီ။ ငါ တို့ ကား မည် သို့ သော သူ နည်း။ သင် တို့ ညည်း ညူ ခြင်း သည် ငါ တို့ နှင့် မ ဟုတ်၊ ထာ ဝ ရ ဘု ရား နှင့် သာ ဆန့် ကျင် ဘက် ဖြစ် သည် ဟု ဆို ၏။
ဣ သ ရေ လ အ မျိုး သား တို့ ရန် ပြု လျက် ငါ တို့ တွင် ထာ ဝ ရ ဘု ရား ရှိ၊ မ ရှိ လော ဟု ထာ ဝ ရ ဘု ရား အား စုံ စမ်း ကြောင်း အ စွဲ ပြု သ ဖြင့် ထို အ ရပ် ကိုမဿာ ဟူ၍ လည်း ကောင်း၊ မေ ရိ ဘ ဟူ ၍ လည်း ကောင်း သ မုတ် သ တည်း။
ဖာ ရော မင်း နှင့် ကျေး ကျွန် သင်း ပင်း တို့ လက် တွင် ဓား ဘေး သင့် စေ ရန်၊ ကျွန် တော် တို့ ၏ ဂုဏ် သ တင်း ညို့ ပုပ် စက် ဆုပ် စေ ကြ သော သင် တို့ ကို ထာ ဝ ရ ဘု ရား ရှု ကြည့် စီ ရင် တော် မူ ပါ စေ သော ဟု ဆို ကြ၏။
ယ ခု ကာ လ၊ ငါ တို့ သည်၊ မာ န ကြီး သူ တို့ ကို ချီး မွမ်း ရ သည့် ပြင်၊ ဆိုး သွမ်း စွာ ပြု ကျင့် သူ တို့ လည်း၊ တည် တံ့ ခွင့် ရ၍၊ ဘု ရား သ ခင် ကို စုံ စမ်း လျက် ပင် ဘေး လွတ် ရ ကြ သည် တ ကား ဟု၊ သင် တို့ ဆို ခြင်း ဖြင့် တည်း။
မော ရှေ၊ အာ ရုန် တို့ ကို ညည်း ညူ၍ အိ ဂျစ် ပြည်၌ သော် လည်း ကောင်း၊ ဤ သဲ တော၌ သော် လည်း ကောင်း၊ သေ ခဲ့ လျှင် ကောင်း လေ စွ။
သဲ က န္တာ ရ တွင် သေ ကြ စေ ရန် အိ ဂျစ် ပြည် မှ အ ဘယ် ကြောင့် ဆောင် ခဲ့ သ နည်း။ ခဲ ဖွယ် သောက် ဖွယ် မ ရှိ။ တင်း မ တိမ် သော ဤ မုန့် ကို ငါ တို့ ညည်း လှ ပြီ ဟု ဘု ရား သ ခင် ကို လည်း ကောင်း၊ မော ရှေ ကို လည်း ကောင်း ဆန့် ကျင် ဘက် ဆို ကြ သည့် အ တွက်၊
ယေ ရှု က သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို အ စုံ အ စမ်း မ ပြု ရ ဟူ သော ကျမ်း ချက် ရှိ ပြန် သည် ဟု မိန့် တော် မူ၏။
ဥ စ္စာ ပ စ္စည်း များ အ နက် ကျွန် တော် ရ ထိုက် သော အ မွေ စု ကို ပေး ပါ ဟု လျှောက် တောင်း သည့် အ တိုင်း ပိုင် ဆိုင် သ မျှ ကို အ ဘ ခွဲ ဝေ လေ၏။
ယေ ရှု က၊ သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို အ စုံ အ စမ်း မ ပြု ရ၊ ကျမ်း ဆို ရှိ သည် ဟု ပြန်၍ မိန့် တော် မူ၏။
ထို့ ကြောင့် ဘိုး ဘေး များ မှ စ၍ ငါ တို့ လည်း မ ထမ်း နိုင် သော ထမ်း ပိုး ကို ထို တ ပည့် တော် တို့ လည် ပေါ် တွင် တင် လျက် အ ဘယ့် ကြောင့် ဘု ရား သ ခင် ကို ယ ခု စုံ စမ်း ကြ သ နည်း။
ပေ တ ရု က သင် တို့ သည် ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် ကို စုံ စမ်း ရန် အ ဘယ် ကြောင့် သ ဘော တူ ကြံ စည် ကြ သ နည်း။ ကြည့် လော့။ သင့် လင် ကို သင်္ဂြိုဟ် ခဲ့ သူ တို့၏ ခြေ များ သည် တံ ခါး ဝ သို့ ပြန် ရောက် ပြီ။ သင့် ကို လည်း ထမ်း သွား ကြ လိမ့် မည် ဟု ဆို လျှင် ဆို ချင်း၊
မြွေ ခဲ သ ဖြင့် သေ ရ သည့် တိုင် အောင် အ ချို့ တို့ သည် ထာ ဝ ရ ဘု ရား ကို စုံ စမ်း သ ကဲ့ သို့ ငါ တို့ မ စုံ စမ်း ကြ ရ။
မဿာ အ ရပ်၌ ပြု သ ကဲ့ သို့၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို အ စုံ အ စမ်း မ ပြု ဘဲ
တ ဗေ ရ၊ မဿာ၊ ကိ ဗြုတ် ဟ တ္တ ဝါ အ ရပ် များ ၌ လည်း၊ ထာ ဝ ရ ဘု ရား ကို အ မျက် တော် တိုက် ပြု ကြ သည့် ပြင်၊
ရှ မွေ လ လည်း ကျွန် တော် တို့ အား အုပ် စိုး စီ ရင် နိုင် သော ဘု ရင် ပေး သ နား ပါ ဟု တောင်း လျှောက် ချက် ကို မ သာ ယာ သ ဖြင့် ထာ ဝ ရ ဘု ရား ထံ ပ ဌ နာ ပြု လျှင်