တမန်တော်ဝတ္ထု 9:14 - Garrad Bible ဤ မြို့ တွင် လည်း အ ရှင့် နာ မ တော် အား ပ ဌ နာ ပြု သူ ရှိ သ မျှ တို့ ကို ချည် နှောင် ရန်၊ ပ ရော ဟိတ် ကြီး တို့ ထံ မှ အ ခွင့် အာ ဏာ ရ ရှိ သူ ဖြစ် ပါ သည် ဟု ပြန် လျှောက် သော်၊ Common Language Bible ထို့ပြင်ကိုယ်တော်အားပတ္ထနာပြုသူမှန်သမျှ ကိုလည်း ဖမ်းဆီးရန်ယဇ်ပုရောဟိတ်ကြီးတို့ ထံမှအခွင့်အာဏာရရှိထားသူဖြစ်ပါ၏'' ဟုလျှောက်၏။ Judson Bible ဤအရပ်၌လည်း ကိုယ်တော်ကို ပတ္ထနာပြုသော သူရှိသမျှတို့ကို ချည်နှောင်ရမည်အခွင့်ကို ယဇ်ပုရောဟိတ်အကြီးတို့ထံ၌ ရပါသည်ဟု ပြန်လျှောက်၏။- မြန်မာ့စံမီသမ္မာကျမ်း ဤအရပ်၌လည်း ကိုယ်တော်၏နာမတော်အား ပတ္ထနာပြုသောသူအပေါင်းတို့ကိုချည်နှောင်ထားရန် ယဇ်ပုရောဟိတ်အကြီးအကဲများထံမှ အခွင့်အာဏာကို သူရရှိထားပါသည်”ဟု ပြန်လျှောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤဒေသတွင်လည်း သူသည် သခင်ဘုရား၏အမည်နာမတော်ကို အမှီပြုဆုတောင်းသောသူရှိသမျှတို့ကို ဖမ်းဆီးချုပ်နှောင်ရန် ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံမှ အခွင့်အာဏာရရှိထားပါ၏” ဟု လျှောက်လေ၏။ |
ယ ခု မှာ အ ဘယ် ကြောင့် ဆိုင်း လင့် သ နည်း။ ထ ပြီး လျှင် နာ မ တော် အား ပ ဌ နာ ပြု လျက် ဗ တ္တိ ဇံ မင်္ဂ လာ ခံ၍ သင့် အ ပြစ် များ ကို ဆေး ကြော လော့ ဟု ဆို ၏။
ပစ် လျက် နေ ကြ စဉ် သ တေ ဖန် သည် အို အ ရှင် ယေ ရှု၊ အ ကျွန်ုပ် ဝိ ညာဉ် ကို လက် ခံ တော် မူ ပါ ဟု ဟစ် ခေါ် တောင်း လျှောက် ပြီး လျှင် ဒူး ထောက် လျက်၊
ကြား နာ သူ ခပ် သိမ်း တို့ အံ့ သြ လျက် ဤ သူ ကား ယေ ရု ရှ လင် မြို့ တွင် ထို နာ မ အား ပ ဌ နာ ပြု သူ တို့ ကို ဖျက် ဆီး ပြီး လျှင် ဤ မြို့ တွင် လည်း ချည် နှောင်၍ ပ ရော ဟိတ် ကြီး တို့ ထံ ပို့ အပ် ရန် အ ကြံ နှင့် ရောက် လာ ခဲ့ သူ မ ဟုတ် လော ဟု ဆို ကြ ၏။
ငါ တို့ အ ရှင်၊ သူ တို့ အ ရှင် ဖြစ် သော ယေ ရှု ခ ရစ်၏ နာ မ တော် ကို အ ပြည် ပြည် တွင် ပ ဌ နာ ပြု သူ ခပ် သိမ်း တို့ နှင့် တ ကွ၊ သီး သန့် ခေါ် ထား တော် မူ သူ ခ ရစ် တော် ယေ ရှု အား ဖြင့် သန့် ရှင်း သူ များ ဖြစ် သော ကော ရိ န္သု မြို့ ရှိ ဘု ရား သ ခင်၏ အ သင်း တော့် ထံ ရေး လိုက် သည် မှာ၊
ပျို ရွယ် သူ တို့ တပ် မက် ခြင်း များ ကို ကြဉ် ရှောင် လျက် အ ရှင် ဘု ရား ထံ စင် ကြယ် သော စိတ် နှ လုံး ဖြင့် ပ ဌ နာ ပြု သူ တို့ နှင့် တ ကွ အ သင့် အ တင့် နေ ခြင်း မှ စ၍ ဖြောင့် မတ် ခြင်း၊ ယုံ ကြည် ခြင်း၊ ချစ် ခြင်း များ ကို လိုက် ရှာ လော့။