မ ကောင်း သော အ ကြံ အ စည် များ သည်၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ်၏။ စင် ကြယ် သူ တို့ သည်၊ ချို သာ သော စ ကား ကို ပြော ဆို တတ် ကြ၏။
တမန်တော်ဝတ္ထု 8:20 - Garrad Bible တ မန် တော် တို့ အား ငွေ ပေး ကမ်း ရာ ပေ တ ရု က ဘု ရား သ ခင့် ဆု ကျေး ဇူး တော် ကို ငွေ ပေး ၍ ရ နိုင် သည် ထင် မှတ် သော ကြောင့် သင် နှင့် ငွေ ပါ ပျက် စီး ရာ ရောက် ပါ စေ။ Common Language Bible ပေတရုက``သင်သည်ဘုရားသခင်၏ဆု ကျေးဇူးတော်ကိုငွေနှင့်ဝယ်ယူမည်အကြံ ရှိသဖြင့် သင်၏ငွေသည်သင်နှင့်အတူပျက် စီးပါစေသတည်း။- Judson Bible ပေတရုက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည်ဟု အကြံရှိသောကြောင့်၊ သင်နှင့်တကွ သင်၏ငွေသည် ပျက်စီးခြင်းသို့ ရောက်ပါစေ။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပေတရုက “သင်သည် ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကို ငွေအားဖြင့်ဝယ်ယူနိုင်သည်ဟုထင်မှတ်သောကြောင့် သင်၏ငွေသည် သင်နှင့်အတူပျက်စီးပါစေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ပေတရုက “ဘုရားသခင်ပေးသောလက်ဆောင်ကို ငွေနှင့် ဝယ်ယူနိုင်သည်ဟု သင်ယူဆသောကြောင့် သင့်ငွေသည် သင်နှင့်အတူ ပျက်စီးပါစေ။ |
မ ကောင်း သော အ ကြံ အ စည် များ သည်၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ်၏။ စင် ကြယ် သူ တို့ သည်၊ ချို သာ သော စ ကား ကို ပြော ဆို တတ် ကြ၏။
အို ရေ ငတ် သူ အ ပေါင်း တို့၊ ငွေ မ ရှိ သူ တို့ ပါ ရေ ရှိ ရာ သို့ လာ ကြ လော့။ လာ၍ ဝယ် ယူ စား သောက် ကြ လော့။ အ ဖိုး မဲ့ ငွေ ကင်း လျက်၊ စ ပျစ် ရည် နှင့် နို့ ရည် ကို လာ၍ ဝယ် ကြ လော့။
ဒံ ယေ လ က လည်း ဆု လပ် တော် ကို လက် တော် တွင် ပြန် သိမ်း၍ သူ တစ် ပါး အ ဖို့ ဖြစ် ပါ စေ။ သို့ ရာ တွင် ရှေ့ တော်၌ ထို စာ ကို ဖတ်၍ အ နက် ကို ဖော် ပြ ပါ မည်။
ငါ စေ လွှတ် သည့် အ တိုင်း ထို အမင်္ဂ လာ သည်၊ ငါ့ နာ မ ကို တိုင် တည် လျက်၊ မု သာ ကျိန် ဆို သူ တို့ နှင့် ခိုး သူ တို့ တိုက် အိမ် များ အ တွင်း ဝင် ရောက် တည် နေ သ ဖြင့်၊ ကျောက်၊ သစ် သား များ ပါ၊ ထို တိုက် အိမ် များ ပျက် ပြုန်း လိမ့် မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ပြန် ဆို လေ၏။
နာ သူ တို့ ကို ကျန်း မာ စေ ကြ လော့၊ သေ သူ တို့ ကို ရှင် ပြန် စေ ကြ လော့၊ နူ သူ တို့ ကို သန့် စေ ကြ လော့။ နတ် များ ကို နှင် ထုတ် ကြ လော့၊ အ ဖိုး မဲ့ ရ ကြ သည့် အ လျောက် အ ခ မဲ့ ပေး ကြ လော့။
မ ကောင်း ကြံ စည် ခြင်း၊ သူ့ အ သက် ကို သတ် ခြင်း၊ သူ့ သား အိမ် ရာ ကို ပြစ် မှား ခြင်း၊ မ တ ရား မေ ထုန် ပြု ခြင်း၊ သူ့ ဥစ္စာ ကို ခိုး ခြင်း၊ မု သာ သက် သေ ခံ ခြင်း၊ ကုန်း ချော ခြင်း များ သည် စိတ် နှ လုံး မှ ထွက် လာ၍၊
ကိုယ့် ဒု စ ရိုက် မှု အ ခ ဖြင့် လယ် တစ် ကွက် ကို ရ ပြီး နောက် ဦး စောက် ကျ ၍ ဝမ်း ကွဲ လျက် အူ ရှိ သ မျှ ထွက် သည့် အ ကြောင်း ကို၊
လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ရ သူ တို့ အ နက် ယုံ ကြည်၍ ပေ တ ရု နှင့် လိုက် လာ သူ တို့ သည် ဘာ သာ စ ကား ထူး ပြော ဆို လျက် ဘု ရား သ ခင့် ဂုဏ် တော် ချီး မြှောက် ကြ သည် ကို ကြား ရ သည် နှင့် လူ မျိုး ခြား တို့ အ ပေါ် သို့ လည်း သန့် ရှင်း သော ဝိ ညာဉ် တော် ဆု ကျေး ဇူး ကို သွန်း လောင်း တော် မူ သည့် အ တွက် အံ့ သြ ကြ ရာ၊
သို့ ဖြစ်၍ အ ရှင် ယေ ရှု ခ ရစ် ကို ယုံ ကြည် သော ငါ တို့ အား ဘု ရား သ ခင် သ နား တော် မူ သော ဆု ကျေး ဇူး တော် နှင့် ထပ် တူ ထို သူ တို့ အား လည်း သ နား တော် မူ သည် မှန် လျှင် ဘု ရား သ ခင် ကို ကန့် ကွက် နိုင် ခြင်း ငှါ ငါ ကား မည် သူ နည်း ဟု ပြန် ကြား လေ ၏။
ပေ တ ရု က နောင် တ ရ၍ အ ပြစ် ပြေ လွတ် ခြင်း အ လို ငှါ လူ တိုင်း ယေ ရှု ခ ရစ်၏ နာ မ တော်၌ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ လော့။ သို့ ပြု လျှင် သန့် ရှင်း သော ဝိ ညာဉ် တော့် ဆု ကျေး ဇူး ကို ခံ ရ ကြ လိမ့် မည်။
သို့ ဖြစ်၍ သင့် ဆိုး သွမ်း ခြင်း အ တွက် နောင် တ ရ လျက် အ ကြံ အ စည် ကို လည်း ချမ်း သာ ပေး ကောင်း ပေး တော် မူ စေ ရန် အ ရှင် ဘု ရား ထံ တောင်း ပန် လော့။
လွတ် ငြိမ်း ရာ သ တ္တ မ နှစ် ရောက် လု ပြီ ဟူ၍ ယုတ် မာ သော အ ကြံ နှင့် ထို နွမ်း ပါး သူ သား ချင်း အား တွန့် တို လျက် မ ပေး ကမ်း ဘဲ နေ သ ဖြင့် ထာ ဝ ရ ဘု ရား ထံ ထို သူ အော် ဟစ် ခြင်း ကြောင့် ပြစ် ဒဏ် မ သင့် ရန် သ တိ မူ လော့။
မြေ လှန် ဖွယ် ရာ ဖြစ် သော ကြောင့်၊ လုံး လုံး စက် ဆုပ် ရွံ ရှာ လျက်၊ ထို ရွံ ရှာ ဖွယ် ကဲ့ သို့ မြေ လှန် ရာ ကိုယ် တိုင် မ ပါ မ ရောက် အောင်၊ အိမ် တွင်း သို့ မ သွင်း ကြ ရ။
ကြွယ် ဝ လို သူ တို့ မူ ကား သွေး ဆောင် ခြင်း၊ ကျော့ ကွင်း မိ ခြင်း မှ စ၍ လူ တို့ ကို ပျက် စီး ဆုံး ရှုံး ရာ၌ နစ် မြှုပ် စေ သည့် တပ် မက် ခြင်း၊ အ န္တ ရာယ် ရှာ ကြံ လျက် မိုက် မဲ သော တပ် မက် ခြင်း များ နောက် သို့ ပါ သွား တတ် ကြ၏။
သင် တို့ ရွှေ ငွေ လည်း အ ညှိ တက်၍ ထို အ ညှိ သည် သင် တို့ တစ် ဘက်၌ သက် သေ ခံ လျက် သင် တို့ အ သား ကို မီး ကဲ့ သို့ စား လိမ့် မည်။ ဤ နောက် ဆုံး ခေတ် ကာ လ၌ ဘ ဏ္ဍာ ကို သို ထား ကြ ပြီ တ ကား။
ထို မြို့ ထွက် ကုန် စည် များ ကို ရောင်း ဝယ် ကြွယ် ဝ သော ကုန် သည် တို့ သည် ဤ ညှဉ်း ဆဲ ခြင်း ကို ကြောက် ရွံ့၍ အ ဝေး က ရပ် နေ လျက်၊