ညဉ့် ဦး ပူ ဇော် ချိန် တွင်၊ အ တွင်း ပြင် ဆုတ် ပြီး ဝတ် နှင့်၊ စိတ် ပျက် ရာ မှ ငါ ထ ပြီး လျှင်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား လက် အုပ် ချီ လျက်၊ ဒူး ထောက် လျက်၊ ပ ဌ နာ ပြု သည် မှာ၊
တမန်တော်ဝတ္ထု 7:60 - Garrad Bible အ ရှင် ဘု ရား၊ ဤ ပြစ် ဝန် ကို သူ တို့ အ ပေါ် တွင် တင် တော် မ မူ ပါ နှင့် ဟု ကျယ် သော အ သံ နှင့် ကြွေး ကြော် ပြီး နောက် အိပ် ပျော် ရှာ လေ ၏။ Common Language Bible သူသည်ဒူးထောက်၍``သခင်ဘုရား၊ ဤသူတို့ ပြုသောအပြစ်ကိုလွှတ်တော်မူပါ'' ဟုအသံ ကျယ်စွာကြွေးကြော်ပြီးနောက်အသက်ချုပ် လေ၏။ Judson Bible ဒူးထောက်လျက်၊ သခင်၊ ဤသူတို့ပြုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသောအသံနှင့် ကြွေးကြော်ပြီးမှ ကျိန်းစက်လေ၏။ သူ့ကို ကွပ်မျက်သောအမှုကို ရှောလုသည်လည်း ဝန်ခံလျက်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူသည် ဒူးထောက်လျက် “သခင်ဘုရား၊ ဤအပြစ်ကို သူတို့အပေါ်တင်တော်မမူပါနှင့်”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အိပ်ပျော်ခြင်းသို့ရောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဒူးထောက်လျက် ကျယ်သောအသံဖြင့် “သခင်ဘုရား… ဤသူတို့ ပြုသောအပြစ်များကို မှတ်တော်မမူပါနှင့်” ဟု ကြွေးကြော်၍ အသက်ဆုံးလေ၏။ |
ညဉ့် ဦး ပူ ဇော် ချိန် တွင်၊ အ တွင်း ပြင် ဆုတ် ပြီး ဝတ် နှင့်၊ စိတ် ပျက် ရာ မှ ငါ ထ ပြီး လျှင်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား လက် အုပ် ချီ လျက်၊ ဒူး ထောက် လျက်၊ ပ ဌ နာ ပြု သည် မှာ၊
မြေ မုန့်၌ အိပ် ပျော် သူ အ များ တို့ လည်း။ နိုး ထ ပြီး လျှင်။ အ ချို့ တို့ ကား၊ ထာ ဝ ရ အ သက် ရှင် ခြင်း အ ဖြစ် သို့၎င်း၊ အ ချို့ တို့ ကား၊ ထာ ဝ ရ ကဲ့ ရဲ့ ရွံ ရှာ ဘွယ် အ ဖြစ် သို့၎င်း၊ ရောက် ကြ လိမ့် မည်။
ထို သို့ လက် မှတ် ရေး ထိုး ကြောင်း ကို ဒံ ယေ လ ကြား သိ သော အ ခါ အိမ် သို့ ပြန် သွား၍ ယေ ရု ရှ လင် မြို့ သို့ မျက် နှာ ပြု ရာ ပြူ တင်း ပေါက် ပွင့် လျက် ရှိ သော အ ထက် ခန်း၌ ပြု လေ့ ရှိ သည့် အ တိုင်း တစ် နေ့ လျှင် သုံး ကြိမ် ဒူး ထောက် လျက် ဘု ရား သ ခင် အား ဆု တောင်း၍ ကျေး ဇူး တော် ကို ချီး မွမ်း လေ၏။
ငါ ဆို သည် ကား ရန် သူ တို့ ကို ချစ် ကြ လော့။ ညှဉ်း ပန်း သူ တို့ အ ဖို့ မေ တ္တာ ပို့ ကြ လော့။
ယေ ရှု က အို အ ဘ၊ သူ တို့ ကို ချမ်း သာ ပေး တော် မူ ပါ။ ကိုယ် ပြု သော အ မှု ကို မ သိ ကြ ပါ ဟု မြွက် ဆို တော် မူ၏။ အ ဝတ် တော် များ ကို လည်း မဲ ချ၍ ခွဲ ဝေ ကောက် ယူ ကြ သ တည်း။
ထိုသို့မိန့်တော်မူပြီးနောက် တပည့်တော်တို့အား ငါတို့အဆွေလာဇရုအိပ်ပျော်လေပြီ။ သို့ရာတွင်သူ့ကိုနိုးထစေခြင်းငှါ ငါသွားမည်ဟုမိန့်တော်မူရာ၊
ဒါ ဝိဒ် မင်း သည် ကိုယ့် လက် ထက် တွင် ဘု ရား သ ခင့် အ လို တော် ကို ဆောင် ရွက် ပြီး နောက်၊ အိပ် ပျော်၍ ဘိုး ဘေး တို့ ထံ ရောက် သ ဖြင့် ပုပ် ပျက် ခြင်း နှင့် ကြုံ ကြိုက် ရ သည် မှန် ၏။
ခု နစ် ရက် စေ့ သော် ငါ တို့ ထွက် သွား ပြန် ရာ သား မ ယား ပါ မြို့ ပြင် တိုင် အောင် လိုက် ပို့ သော ထို သူ ရှိ သ မျှ တို့ နှင့် သောင် ပေါ် တွင် ဒူး ထောက် တောင်း လျှောက် ကြ ပြီး လျှင်၊
ပေ တ ရု သည် ရှိ သ မျှ ကို ပြင် သို့ ထုတ်၍ ဒူး ထောက် လျက် ပ ဌ နာ ပြု ပြီး လျှင် အ လောင်း ဘက် သို့ လှည့် လျက် တ ဗိ သ၊ ထ လော့ ဟု ဆို သည့် အ တိုင်း မျက် စိ ဖွင့်၍ ပေ တ ရု ကို မြင် သော် ထ ထိုင် လေ ၏။
မု ချ အား ဖြင့် ခ ရစ် တော် သည် အိပ် ပျော် သူ တို့ အ နက် ကောက် ဦး အ ဖြစ် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် တော် မူ ပြီ။
နက် နဲ ရာ ကို ငါ ဖော် ပြ မည် မှာ ငါ တို့ ရှိ သ မျှ သည် အိပ် ပျော် ရ မည် မ ဟုတ်။ နောက် ဆုံး တံ ပိုး တော် မှုတ် သည့် ကာ လ တစ် ခ ဏ တည်း မျက် စိ တ မှိတ် တွင် ရှိ သ မျှ တို့ ပြောင်း လဲ ကြ ရ မည်။ မု ချ အား ဖြင့် ထို တံ ပိုး တော် မှုတ် သော် သူ သေ တို့ သည် အ သင်္ခါ ရ အ ဖြစ် ရှင် ပြန် ထ မြောက် ခြင်း၊ ငါ တို့ လည်း ပြောင်း လဲ ခြင်း ကို ခံ ရ ကြ လိမ့် သ တည်း။
ထို နောက် အ ချို့ အိပ် ပျော် ပြီး ဖြစ် သော် လည်း အ များ အား ဖြင့် ယ ခု တိုင် ရှိ သေး သော ညီ အစ် ကို ငါး ရာ ကျော် အား တစ် ပြိုင် နက် ထင် ရှား တော် မူ ကြောင်း၊
ပ ထ မ အ ကြိမ် ငါ ထု ချေ ရ သည့် ကာ လ မည် သူ မျှ ငါ့ ဘက် မှာ မ နေ ဘဲ ရှိ သ မျှ တို့ စွန့် ခွာ ကြ၏။ ထို အ မှု ကို သူ တို့ အ ပေါ်၌ မှတ် တော် မ မူ ပါ စေ နှင့်။
ကြွ လာ တော် မူ မည် ဟူ သော က တိ တော် ကား မည် သို့ နည်း။ ဘိုး ဘေး တို့ အိပ် ပျော် သည့် ကြ နေ့ ရက် က စ၍ ဖန် ဆင်း စ ကာ လ နည်း တူ အ ရာ ခပ် သိမ်း ရှိ မြဲ ရှိ နေ သည် ဟု သ ရော် ကြ မည့် အ ကြောင်း အ ထူး မှတ် သား ကြ လော့။