ကောင်း ကင် ဘုံ၌ စံ နေ တော် မူ သော အ ရှင် ဘု ရား ပြုံး ရယ် လျက်၊ ထို သူ တို့ ကို ကဲ့ ရဲ့ တော် မူ လိမ့် မည်။
တမန်တော်ဝတ္ထု 5:23 - Garrad Bible နှောင် အိမ် သည် လုံ ခြုံ စွာ ပိတ် ထား လျက် တံ ခါး စောင့် များ ရပ် နေ သည် ကို ကျွန် တော် တို့ တွေ့ သည် နှင့် ဖွင့် လျှင် အ တွင်း ၌ မည် သူ့ ကို မျှ မ တွေ့ ပါ ဟု ပြန် သွား လျှောက် ထား ကြ ၏။ Common Language Bible ``အကျဉ်းထောင်တံခါးသည်သေချာစွာပိတ် လျက်ရှိသည်ကိုလည်းကောင်း၊ ထောင်စောင့်တို့ သည်လည်းတံခါးပြင်တွင်ရပ်လျက်ရှိသည် ကိုလည်းကောင်း အကျွန်ုပ်တို့တွေ့ပါ၏။ သို့ရာ တွင်တံခါးကိုဖွင့်လိုက်သောအခါ အတွင်း တွင်မည်သူ့ကိုမျှမတွေ့ရပါ'' ဟုလျှောက် ထားကြ၏။- Judson Bible ထောင်တံခါးလည်း အထူးသဖြင့် လုံခြုံစွာပိတ်လျက်၊ ထောင်ကိုစောင့်သောသူတို့လည်း တံခါးပြင်မှာ ရပ်လျက်ရှိကြသည်ကို အကျွန်ုပ်တို့သည်တွေ့ပါ၏။ ဖွင့်ပြီးမှ အထဲ၌ အဘယ်သူကိုမျှမတွေ့ပါဟု ကြားလျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း “ထောင်ခန်းကို မြဲမြံလုံခြုံစွာပိတ်ထားလျက် အစောင့်များလည်း တံခါးရှေ့၌ရပ်နေကြသည်ကို အကျွန်ုပ်တို့တွေ့ရပါ၏။ သို့သော် ဖွင့်ကြည့်လိုက်သောအခါ အထဲ၌ မည်သူ့ကိုမျှမတွေ့ရပါ”ဟု သတင်းပို့ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း “ထောင်ကို လုံခြုံစွာ သော့ခတ်လျက် တံခါးရှေ့တွင်လည်း အစောင့်များရပ်နေကြသည်ကို ကျွန်ုပ်တို့တွေ့ခဲ့ပါ၏။ သို့သော် ထောင်တံခါးကို ဖွင့်ကြည့်သောအခါ အထဲတွင် မည်သူ့ကိုမျှ မတွေ့ပါ” ဟု ပြန်ပြောကြ၏။ |
ကောင်း ကင် ဘုံ၌ စံ နေ တော် မူ သော အ ရှင် ဘု ရား ပြုံး ရယ် လျက်၊ ထို သူ တို့ ကို ကဲ့ ရဲ့ တော် မူ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည်၊ လူ မျိုး ခြား တို့၏ ပြ ဋ္ဌာန်း ချက် ကို အ ချည်း နှီး၊ လူ မျိုး တို့၏ အ ကြံ အ စည် များ ကို အ ကျိုး မဲ့ ဖြစ် စေ တော် မူ ၏။
ထာ ဝ ရ ဘု ရား ကို ဆန့် ကျင် ဘက် ပြု သော ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန်၊ အ ကြံ အ စည် များ သည်၊ မ တည် နိုင် ချေ။
အ ရှင် ဘု ရား ထုတ် ဆင့် တော် မ မူ သော အ ရာ ကို၊ အ မိန့် ရှိ၍ အ တည် ပြု နိုင် သူ ကား၊ မည် သူ နည်း။
နှောင် အိမ် တွင် ချ ထား ကြ ရာ ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး သည် ညဉ့် အ ခါ ထောင် တံ ခါး ကို ဖွင့်၍ ထုတ် ဆောင် လျက် သွား ကြ လော့။
ထို စ ကား ကို ဗိ မာန် တော် မ ဟာ ဒါန် ဝန် နှင့် ပ ရော ဟိတ် ကြီး တို့ ကြား သော်၊ အ ဖြစ် အ ပျက် အ ကြောင်း တွေး တော လျက် နေ ကြ စဉ်၊