မည် သည့် အ ကြောင်း ကြောင့် လူ မျိုး ခြား တို့ ရုန်း ရင်း ခတ် ပြု၍၊ လူ အ မျိုး မျိုး တို့ အ ချည်း နှီး ကြံ စည် ကြ သ နည်း။
တမန်တော်ဝတ္ထု 4:26 - Garrad Bible ထာ ဝ ရ ဘု ရား နှင့် ဘိ သိက် တော် ခံ မင်း တစ် ဘက်၌ မြေ ကြီး ဘု ရင် တို့ ထ ကြွ၍ အ ရာ ရှိ တို့ စု ရုံး ကြ သည် ဟု ဗျာ ဒိတ် ပေး တော် မူ ခဲ့ သည် နှင့် အ ညီ မု ချ ဤ မြို့ တော် တွင်၊ Common Language Bible လောကီဘုရင်တို့သည်ထာဝရဘုရားကို ပုန်ကန်ရန်အသင့်ပြင်ဆင်ကြ၏။ ကိုယ်တော်နှင့်ကိုယ်တော်စေလွှတ်တော်မူသော မေရှိယအရှင်အားဆန့်ကျင်ဘက်ပြုရန် စုဝေးကြ၏' ဟုမိန့်တော်မူခဲ့ပါ၏။ Judson Bible လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ်အရာရှိတို့လည်း ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက် စည်းဝေးကြ၏ဟု ကိုယ်တော်ကျွန်ဒါဝိဒ်၏ နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊- မြန်မာ့စံမီသမ္မာကျမ်း ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် ထကြ၍ အုပ်ချုပ်သူတို့သည် အတူတကွစုဝေးကြကာ ထာဝရဘုရားနှင့် ကိုယ်တော်၏ခရစ်တော်ကို ဆန့်ကျင်ကြ၏’ဟု မိန့်တော်မူခဲ့၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လောကီရှင်ဘုရင်တို့သည် ထကြ၍ အာဏာပိုင်တို့သည် အတူတကွစုရုံးလျက် ထာဝရဘုရားကို ဆန့်ကျင်ဘက်ပြု၍ ဘိသိက်ခံရသူကို ပုန်ကန်ကြ၏’ ဟူ၍ ဖြစ်၏။ |
မည် သည့် အ ကြောင်း ကြောင့် လူ မျိုး ခြား တို့ ရုန်း ရင်း ခတ် ပြု၍၊ လူ အ မျိုး မျိုး တို့ အ ချည်း နှီး ကြံ စည် ကြ သ နည်း။
ထာ ဝ ရ ဘု ရား နှင့် ဘိ သိက် တော် ခံ မင်း တစ် ဘက်၌၊ မြေ ကြီး ဘု ရင် တို့ သည် ထ ကြွ၍၊ မင်း တို့ သည် တိုင် ပင် လျက်၊
လွန် ကျူး မှု ကို ကန့် သတ်၍ အ ပြစ် ကို တံ ဆိပ် ခတ် ပိတ် လျက် ဒု စ ရိုက် ဖြေ ရှင်း ခြင်း ငှာ လည်း ကောင်း၊ ထာ ဝ ရ ဖြောင့် မတ် ခြင်း ကို သွင်း၍ ရူ ပါ ရုံ နှင့် ဗျာ ဒိတ် တော် များ ကို တံ ဆိတ် ခတ် ပိတ် လျက် အ ထူး သန့် ရှင်း သော ဌာ န ကို ဘိ သိက် သွန်း စေ ခြင်း ငှာ လည်း ကောင်း၊ သင်၏ လူ မျိုး နှင့် သန့် ရှင်း သော မြို့ အ ဖို့ သိ တင်း ခု နစ် ဆယ် ဟု ပြ ဋ္ဌာန်း တော် မူ လေ ပြီ။
သူ ဆင်း ရဲ တို့ အား ဝမ်း မြောက် ဖွယ် သ တင်း ကို ကြော် ငြာ စေ ခြင်း ငှါ လည်း ကောင်း၊ အ ကျဥ်း သား တို့ ပွင့် လွတ် ခွင့်၊ မျက် မ မြင် တို့ အား မြင် ရ ခွင့် ကို ကြား ပြော စေ ခြင်း ငှါ လည်း ကောင်း၊ နှိပ် စက် ခံ ရ သူ တို့ ကို အ လွတ် ထား စေ ခြင်း ငှါ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား လက် ခံ တော် မူ ဖွယ် နှစ် ကာ လ ကို ကြား ပြော စေ ခြင်း ငှါ လည်း ကောင်း ငါ့ ကို ဘိ သိက် သွန်း၍ စေ လွှတ် တော် မူ သည် နှင့် အ ညီ ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် သည် ငါ့ အ ပေါ် တွင် တည် နေ လျက် ရှိ သည် ဟူ သော အ ချက် ကို တွေ့ တော် မူ ၏။
နာ ဇ ရက် မြို့ သား ယေ ရှု သည် သန့် ရှင်း သော ဝိ ညာဉ် တော် တန် ခိုး တော် နှင့် ဘု ရား သ ခင့် ထံ ဘိ သိက် တော် ခံ ရ ပြီး လျှင် ကိုယ် တော် နှင့် အ တူ ဘု ရား သ ခင် ရှိ တော် မူ သည် နှင့် အ ညီ ကျေး ဇူး ပြု လျက် မာရ် နတ် နှိပ် စက် သူ ခပ် သိမ်း ကို ကျန်း မာ စေ လျက် လှည့် လည် နေ သည် ကို လည်း ကောင်း သင် တို့ သိ ကြ လေ ပြီ။
ကိုယ် တော် သည် ဖြောင့် မတ် ခြင်း ကို နှစ် သက်၍ မ တ ရား ခြင်း ကို ရွံ့ ရှာ တော် မူ သော ကြောင့် ဘု ရား တည်း ဟူ သော ကိုယ် တော်၏ ဘု ရား သ ခင် သည် ကိုယ် တော် ကို ဘု ရင် ချင်း တို့ ထက် မင်္ဂ လာ ဆီ နှင့် ဘိ သိက် သွန်း တော် မူ ပါ ပြီ ဟူ ၍ လည်း ကောင်း၊
သ တ္တ မ စေ တ မန် တော် တံ ပိုး မှုတ် သော် ဤ လော က နိုင် ငံ ကို ငါ တို့ အ ရှင် နှင့် ဘိ သိက် တော် ခံ မင်း သည် ပိုင် ရ လေ ပြီ။ ကမ္ဘာ အ ဆက် ဆက် စိုး စံ တော် မူ လိမ့် မည် ဟု ကောင်း ကင် ဘုံ၌ ကျယ် သော မြွက် ဆို သံ များ ကို ငါ ကြား ရ၏။
ကောင်း ကင် ဘုံ မှ ကျယ် သော ကြွေး ကြော် သံ က ယ ခု မှာ ငါ တို့ ဘု ရား သ ခင်၏ ကယ် တင် တော် မူ ခွင့် မှ စ၍ တန် ခိုး တော်၊ နိုင် ငံ တော် နှင့် ဘိ သိက် တော် ခံ မင်း ၏ အာ ဏာ တော် သည် တည် ရောက် လေ ပြီ။ ငါ တို့ ညီ အစ် ကို များ ကို ငါ တို့ ဘု ရား သ ခင် ရှေ့ နေ့ ညဉ့် မ ပြတ် အ ပြစ် စွဲ ဆို သူ သည် ပစ် ချ ခံ ရ လေ ပြီ။
အ သို့ ဆို သော် ဘု ရား သ ခင် ပြ ဋ္ဌာန်း ချက် မ ပြီး မ ချင်း ကိုယ့် နိုင် ငံ ကို သား ရဲ သို့ အ ကြံ တူ အပ် နှံ၍ အ ကြံ တော် အ တိုင်း ဆောင် ရွက် ကြ စေ ရန် သူ တို့ စိတ် ကို ဘု ရား သ ခင် ပြု ပြင် တော် မူ ၏။