တမန်တော်ဝတ္ထု 4:25 - Garrad Bible သန့် ရှင်း သော ဝိ ညာဉ် တော် သွန် သင် သည့် အ လျောက် ကျွန် တော် ရင်း ဖြစ် သူ အ ကျွန်ုပ် တို့ အ ဘ ဒါ ဝိဒ် မင်း နှုတ် ဖြင့် မည် သည့် အ ကြောင်း ကြောင့် လူ မျိုး ခြား တို့ ရုန်း ရင်း ခတ် ပြု၍ လူ အ မျိုး မျိုး တို့ အ ချည်း နှီး ကြံ စည် ကြ သ နည်း။ Common Language Bible ကိုယ်တော်ရှင်သည်မိမိ၏အစေခံ၊ အကျွန်ုပ် တို့၏ဘိုးဘေးဒါဝိဒ်မင်းမှတစ်ဆင့်သန့်ရှင်း သောဝိညာဉ်တော်အားဖြင့်၊ `လူမျိုးခြားတို့သည်အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်ပြုကြသနည်း။ လူမျိုးတကာတို့သည်အဘယ်ကြောင့်အကျိုးမဲ့ လျှို့ဝှက်ကြံစည်ကြသနည်း။ Judson Bible ကိုယ်တော်ကလည်း၊ လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ်ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အကျွန်ုပ်တို့၏ဘိုးဘေးဖြစ်သော ကိုယ်တော်၏အစေခံဒါဝိဒ်၏နှုတ်မှတစ်ဆင့် ‘တိုင်းနိုင်ငံတို့သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကြသနည်း။ လူတို့သည်လည်း အဘယ်ကြောင့် အချည်းနှီးသောအရာများကိုကြံစည်ကြသနည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အကျွန်ုပ်တို့၏ဖခင်ကြီး အစေခံဒါဝိဒ်မင်းကြီးမှတစ်ဆင့် မိန့်တော်မူသည်မှာ ‘လူမျိုးခြားတို့သည် အဘယ်ကြောင့် အမျက်ဒေါသထွက်ကြသနည်း။ လူတို့သည် အချည်းနှီးအမှုတို့ကို အဘယ်ကြောင့် ကြံစည်ကြသနည်း။ |
ငါ တို့၌ အ ဘ အာ ဗြ ဟံ ရှိ ပြီ ဟု အောက် မေ့၍ မ ဆို ကြ နှင့်။ ဤ ကျောက် ခဲ များ ဖြင့် အာ ဗြ ဟံ အ ဖို့ သား သ မီး တို့ ကို ဘု ရား သ ခင် ဖန် ဆင်း တော် မူ နိုင် သည်။ ငါ ဆို ၏။
ညီ အစ် ကို တို့၊ ယေ ရှု ကို ဖမ်း ဆီး သူ တို့ အား လမ်း ပြ သူ ယု ဒ နှင့် စပ်၍ ဒါ ဝိဒ် မင်း နှုတ် ဖြင့် သန့် ရှင်း သော ဝိ ညာဉ် တော် တင် ရင် ဆင့် ဆို သည့် ကျမ်း ချက် ပြည့် စုံ ရန် အ ကြောင်း ရှိ ခဲ့ သည်။
သို့ ရာ တွင် ပ ရော ဖက် ဖြစ် သော ကြောင့် ကိုယ့် အ မျိုး အ နွယ် အ နက် တစ် ပါး ကို နန်း ဆက် စေ တော် မူ မည် ဟု ဘု ရား သ ခင် သည် သ စ္စာ ဓိ ဋ္ဌာန် ပြု တော် မူ ကြောင်း သိ လျက်၊