ထို အ ခါ၌ ယေ ရှု က အို မိုး မြေ့ ရှင် အ ဘ ခ မည်း တော်၊ ဤ အ ရာ များ ကို ပ ညာ ရှိ နှင့် ဥာဏ် ကောင်း သူ တို့ အား ဝှက် ထား လျက် သူ ငယ် တို့ အား ဖွင့် ပြ တော် မူ သော ကြောင့် ကျေး ဇူး တော် ကြီး လှ ပါ၏။
တမန်တော်ဝတ္ထု 4:13 - Garrad Bible ပ ညာ ရှိ ကျမ်း တတ် မ ဟုတ် ကြောင်း ထို သူ တို့ သိ သ ဖြင့် ပေ တ ရု နှင့် ယော ဟန် တို့ ရဲ ရင့် ခြင်း ကို မြင် သော် အံ့ သြ လျက်၊ ယေ ရှု နှင့် လိုက် ပါ သူ ဖြစ် သည် ကို မှတ် မိ ကြ၏။ Common Language Bible ပေတရုနှင့်ယောဟန်တို့သည်ပညာမတတ် သူ၊ လူသာမန်များသာဖြစ်လျက်နှင့်မည်မျှ ရဲရင့်ကြသည်ကို တရားလွှတ်တော်အဖွဲ့ဝင် တို့တွေ့မြင်ကြသောအခါများစွာအံ့သြ ကြ၏။ ထိုသူနှစ်ဦးတို့သည် သခင်ယေရှု၏ အပေါင်းအဖော်များဖြစ်ခဲ့သည်ကိုလည်း သတိပြုမိကြ၏။- Judson Bible ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့၏ ရဲရင့်ခြင်းသတ္တိကို မြင်၍၊ လူတတ်မဟုတ်၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့ဩ၍နေကြ၏။ ထိုသူနှစ်ယောက်တို့သည် အထက်ကယေရှုနှင့်အတူ ရှိသည်ကို သတိရ၍လည်းကောင်း၊- မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ရဲရင့်ခြင်းကိုမြင်၍ သူတို့နှစ်ဦးသည် ပညာမတတ်သော သာမန်လူများဖြစ်ကြောင်းသတိထားမိသဖြင့် အံ့သြကြလေ၏။ သူတို့နှစ်ဦးသည် ယေရှုနှင့်အတူရှိခဲ့ကြကြောင်းကိုလည်း မှတ်မိကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုနှင့် ယောဟန်တို့မှာ ပညာတတ်မဟုတ်၊ သာမန်လူသာဖြစ်လျက်နှင့် ထိုသို့ရဲစွမ်းသတ္တိရှိကြသည်ကို မြင်သောအခါ ထိုသူတို့သည် အံ့သြကြ၏။ ထို့ပြင် ယေရှု၏အပေါင်းအဖော်များဖြစ်ကြောင်းကိုလည်း မှတ်မိကြ၏။ |
ထို အ ခါ၌ ယေ ရှု က အို မိုး မြေ့ ရှင် အ ဘ ခ မည်း တော်၊ ဤ အ ရာ များ ကို ပ ညာ ရှိ နှင့် ဥာဏ် ကောင်း သူ တို့ အား ဝှက် ထား လျက် သူ ငယ် တို့ အား ဖွင့် ပြ တော် မူ သော ကြောင့် ကျေး ဇူး တော် ကြီး လှ ပါ၏။
ထို နောက် တံ ခါး ဝ သို့ ထွက် သည့် ကာ လ အ ခြား သော ကျွန် မ မြင်၍ ဤ သူ သည် နာ ဇ ရက် မြို့ သား ယေ ရှု နှင့် လိုက် ဘူး သူ ဖြစ် သည် ဟု အ နီး ရှိ သူ တို့ အား ဆို သော်
ခ ဏ ကြာ သော် အ နီး တွင် ရပ် နေ သူ တို့ ချဉ်း လာ၍ ပေ တ ရု အား စင် စစ် သင် သည် ထို သူ တို့ အ ပေါင်း အပါ ဖြစ် ကြောင်း၊ သင့် စ ကား က ထင် ရှား သည် ဟု ဆို ကြ ရာ ထို လူ ကို ငါ မ သိ ဟု
ကိုယ် တော် သည် ပေ တ ရု နှင့် ယော ဟန် အား ငါ တို့ စား ရန် ပ သ ခါ ပွဲ ကို သွား၍ ပြင် ဆင် ကြ ဟု မိန့် ဆို လျက် စေ လွှတ် တော် မူ သော်၊
မယ်တော့်အနီး ချစ်တော်မူသောတပည့်တော်ရပ်နေသည်ကို ယေရှုမြင်တော်မူသော် မယ်တော်အား အရှင်မ၊ သင့်သားပါတကားဟူ၍လည်းကောင်း၊
အ နာ ကင်း ပျောက် သူ လည်း တ မန် တော် တို့ နှင့် ရပ် နေ သည် ကို မြင် သ ဖြင့် ငြင်း ဆို ခြင်း မ ပြု နိုင် ကြ ချေ။
သို့ ရာ တွင် ပေ တ ရု နှင့် ယော ဟန် တို့ က ဘု ရား သ ခင့် ဗျာ ဒိတ် တော် ထက် သင် တို့ စ ကား ကို နာ ယူ သော် ဘု ရား သ ခင့် ရှေ့ သင့် မ သင့် ဆုံး ဖြတ် ကြ လော့။
ယ ခု မှာ အ ရှင် ဘု ရား၊ ချင်း တို့ ခြိမ်း ချောက် ချက် များ ကို ရှု ကြည့် တော် မူ လျက် သန့် ရှင်း သူ ကျွန် တော် ရင်း ယေ ရှု၏ နာ မ တော် ဖြင့် အ နာ ကင်း ပျောက်၍ အံ့ ဖွယ် ရာ နိ မိတ် လ က္ခ ဏာ များ ဖြစ် စေ ခြင်း ငှါ လက် ရုံး တော် ဆန့် သည့် ပြင်၊ ရဲ ရင့် စွာ တ ရား တော် ဟော ပြော ခွင့် ကို ကျွန် တော် မျိုး တို့ အား သ နား တော် မူ ပါ ဟူ၍ တည်း။
ဤ ပ ဌ နာ အ ဆုံး၌ စည်း ဝေး ရာ အ ရပ် တုန် လှုပ်၍ ရှိ သ မျှ တို့ သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဘု ရား သ ခင့် တ ရား တော် ကို ရဲ ရင့် စွာ ဟော ပြော ကြ ၏။
သို့ ရာ တွင် ဗာ န ဗ သည် ရှော လု ကို တ မန် တော် တို့ ထံ ခေါ် သွင်း၍ အ ရှင် ဘု ရား ကို လမ်း တွင် ဖူး မြင် လျက်၊ ဗျာ ဒိတ် တော် ကို ခံ ရ ကြောင်း၊ ဒ မာ သက် မြို့၌ ယေ ရှု၏ နာ မ တော် နှင့် ရဲ ရင့် စွာ ဟော ကြောင်း များ ကို ကြား ပြော ပြီး မှ၊
ရှော လု သည် ယေ ရု ရှ လင် မြို့ တွင် တ မန် တော် တို့ နှင့် ဝင် ထွက် လျက် အ ရှင် ဘု ရား၏ နာ မ တော် နှင့် ရဲ ရင့် စွာ ဟော ပြော လျက် နေ ၏။
ရှေ့ တော် တွင် လူ သ တ္တ ဝါ တစ် ဦး မျှ ကိုယ် ကို ဂုဏ် တင် ခွင့် မ ရ စေ မည့် အ ကြံ တော် နှင့် ဘု ရား သ ခင် သည် ပ ညာ ရှိ တို့ ကို အ ရှက် ခွဲ ရန် ဤ လော က တွင် မိုက် မဲ ရာ များ ကို ရွေး ချယ် ခြင်း၊ အား ကြီး သူ တို့ ကို အ ရှက် ခွဲ ရန် ဤ လော က တွင် အား နည်း ရာ များ ကို ရွေး ချယ် ခြင်း၊ ထွန်း ကား ရာ များ ကို အ ကျိုး မဲ့ စေ ရန် ဤ လော က တွင် မ ရှိ သ ဘွယ် ညံ့ သော အ ရာ၊ မ ရေ ရ သော အ ရာ များ ကို ရွေး ချယ် ခြင်း ပြု တော် မူ ၏။
ဝှက် ထား သော စိတ် အ ကြံ အ စည် များ ထင် ရှား သ ဖြင့် သင် တို့ တွင် ဘု ရား သ ခင် မု ချ တည် တော် မူ သည် ဟု ဝန် ခံ လျက် ဘု ရား သ ခင် အား ပျပ် ဝပ် ရှိ ခိုး လိမ့် မည်။
ထို သို့ မြော် လင့် ခွင့် ရှိ သော ကြောင့် ငါ တို့ သည် ကွယ် ပျောက် ဆဲ ဘုန်း ၏ ကုန် ဆုံး ခြင်း ကို ဣ သ ရေ လ အ မျိုး သား တို့ မ ရှု ကြည့် ရ စေ ခြင်း ငှာ မျက် နှာ ဖုံး ဆင် ယင် ရ သူ မော ရှေ အ လေ့ ကို မ လိုက် ဘဲ ထင် ထင် ဟော ပြော ကြ၏။