ကယ် တော် မ မူ သော် လည်း ဘု ရင် မင်း မြတ်၏ ဘု ရား တို့ ကို ကျွန် တော် မျိုး တို့ မ ကိုး ကွယ်၊ တည် ထား တော် မူ သော ရွှေ ရုပ် တု ကို လည်း ရှိ မ ခိုး ကြောင်း သိ တော် မူ ပါ ဟု တင် လျှောက် ကြ ၏။
တမန်တော်ဝတ္ထု 4:10 - Garrad Bible သင် တို့ ရှိ သ မျှ နှင့် ဣ သ ရေ လ တစ် မျိုး လုံး သိ စေ လို သည် မှာ သင် တို့ ကား တင် ကြ ရာ သူ သေ တို့ အ ထဲ မှ ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ သော နာ ဇ ရက် မြို့ သား ယေ ရှု ခ ရစ်၏ နာ မ တော် အား ဖြင့် သင် တို့ ရှေ့ ဤ သူ သန် မာ လျက် ရပ် နေ ၏။ Common Language Bible နာဇရက်မြို့သားယေရှုခရစ်၏နာမတော် တန်ခိုးအားဖြင့် ထိုသူသည်ခြေစွမ်းသန်လာ ၍ ယခုသင်တို့ရှေ့တွင်ရပ်လျက်နေသည်ကို သင်တို့နှင့်အတူဣသရေလအမျိုးသား အပေါင်းတို့သိမှတ်ကြလော့။ ထိုအရှင် ကားသင်တို့လက်ဝါးကပ်တိုင်ပေါ်မှာတင် ၍သတ်ပြီးနောက် ဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူသောသူဖြစ်သတည်း။ Judson Bible သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်၍၊ ဘုရားသခင်သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျန်းမာလျက်ရှိသည်ကို သင်တို့မှစ၍ ဣသရေလလူအပေါင်းတို့ သိမှတ်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အားလုံးနှင့် အစ္စရေးလူမျိုးအပေါင်းတို့အား သိမှတ်စေလိုသည်မှာ လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့တင်ခဲ့သော်လည်း သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသော နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်အားဖြင့် ဤသူသည် သင်တို့ရှေ့တွင် အကောင်းပကတိဖြစ်လျက်ရပ်နေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း နာဇရက်မြို့သား ယေရှုခရစ်တော်၏အမည်နာမအားဖြင့် ထိုသူသည် သင်တို့ရှေ့၌ ကျန်းမာသန်စွမ်းလျက်ရှိသည်ကို သင်တို့မှစ၍ အစ္စရေးလူမျိုးအပေါင်းတို့ သိမှတ်ကြလော့။ ထိုယေရှုမှာ သင်တို့လက်ဝါးကပ်တိုင်တွင် သတ်သော်လည်း သေခြင်းမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူသောသူဖြစ်၏။ |
ကယ် တော် မ မူ သော် လည်း ဘု ရင် မင်း မြတ်၏ ဘု ရား တို့ ကို ကျွန် တော် မျိုး တို့ မ ကိုး ကွယ်၊ တည် ထား တော် မူ သော ရွှေ ရုပ် တု ကို လည်း ရှိ မ ခိုး ကြောင်း သိ တော် မူ ပါ ဟု တင် လျှောက် ကြ ၏။
ကိုယ် တော် ကို နာ ဇ ရက် မြို့ သား ဟု ခေါ် ကြ လ တ္တံ့ ဟူ၍ ပ ရော ဖက် များ ဖြင့် ရောက် သော ဗျာ ဒိတ် တော် အ တိုင်း ပြည့် စုံ စေ ခြင်း ငှာ နာ ဇ ရက် အ မည် ရှိ သော မြို့ သို့ ရောက် သ ဖြင့် နေ ထိုင် ၏။
ထို ယေ ရှု ကို ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ ရာ ငါ တို့ ရှိ သ မျှ သည် သက် သေ ဖြစ် ကြ ၏။
သို့ ဖြစ်၍ သင် တို့ ကား တင် သော ထို ယေ ရှု ကို အ ရှင် ဘု ရား အ ဖြစ်၊ ဘိ သိက် ခံ မင်း အ ဖြစ်၊ ဘု ရား သ ခင် ခန့် ထား တော် မူ ကြောင်း ဣ သ ရေ လ တစ် မျိုး လုံး စိတ် ချ လျက် သိ မှတ် စေ ဟု ဟော ပြော လေ၏။
ပေ တ ရု က ငါ၌ ရွှေ ငွေ မ ရှိ၊ ရှိ ရာ ကို ငါ ပေး မည်။ နာ ဇ ရက် မြို့ သား ယေ ရှု ခ ရစ်၏ နာ မ တော် ကြောင့် လှမ်း သွား လော့ ဟု မြွက် ဆို ပြီး လျှင်၊