လာ ခဲ့ ဟု မိန့် တော် မူ သည့် အ တိုင်း ပေ တ ရု သည် လှေ ပေါ် က ဆင်း ပြီး လျှင် ယေ ရှု ထံ ရောက် ရန် ရေ ပေါ် တွင် လျှောက် သွား၏။
တမန်တော်ဝတ္ထု 3:16 - Garrad Bible နာ မ တော် အား ယုံ ကြည် ခြင်း ဖြင့် သင် တို့ သိ မြင် သော ဤ သူ့ ကို ထို အ ရှင်၏ နာ မ တော် ပင် ကျန်း မာ စေ ပြီ။ ထို အ ရှင် ကြောင့် ရ သော ယုံ ကြည် ခြင်း သည် သင် တို့ ရှေ့ ကြန် အင် စုံ စေ လေ ပြီ။ Common Language Bible ထိုအရှင်၏နာမတော်တန်ခိုးအားဖြင့် ဤ ခြေမစွမ်းမသန်သူသည်စွမ်းသန်၍လာ၏။ ထိုအရှင်၏နာမတော်ကိုယုံကြည်ခြင်း အားဖြင့် ယခုသင်တို့တွေ့မြင်ကြရသည့် အမှုအရာသည်ဖြစ်ပွားခဲ့၏။ သင်တို့တွေ့ မြင်သည့်အတိုင်းသခင်ယေရှုကိုယုံကြည် ခြင်းကသာလျှင် ထိုသူအားကျန်းမာလာ စေခြင်းဖြစ်၏။'' Judson Bible ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏နာမတော်သည် သင်တို့သိမြင်သော ဤသူအား အစွမ်းကို ပေးတော်မူပြီ။ ထိုသခင်ကြောင့်ရသော ယုံကြည်ခြင်းသည် သင်တို့မျက်မှောက်တွင် ဤသူ၌စေ့စုံခြင်း အခွင့်ကိုပေး၍ရှိလေပြီ။ မြန်မာ့စံမီသမ္မာကျမ်း ထိုအရှင်၏နာမတော်သည် ယခုသင်တို့မြင်၍ သင်တို့သိသောဤသူအား ထိုနာမတော်ကိုယုံကြည်ခြင်းအားဖြင့် သန်စွမ်းစေပြီး ထိုအရှင်အားဖြင့် ရရှိသောယုံကြည်ခြင်းသည် သင်တို့အားလုံးရှေ့၌ သူ့ကို ပကတိစုံလင်ခြင်းပေးလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏ နာမတော်သည် ဤလူကို သန်စွမ်းစေတော်မူ၏။ ယခင်က ဤလူသည် ခြေမသန်စွမ်းသူဖြစ်ကြောင်း သင်တို့သိမြင်ကြ၏။ ထိုသခင်အားဖြင့် ရရှိသော ယုံကြည်ခြင်းသည်လည်း ဤခြေမသန်စွမ်းသူအား သင်တို့အားလုံးရှေ့၌ အကောင်းပကတိအတိုင်း ဖြစ်စေပြီ။ |
လာ ခဲ့ ဟု မိန့် တော် မူ သည့် အ တိုင်း ပေ တ ရု သည် လှေ ပေါ် က ဆင်း ပြီး လျှင် ယေ ရှု ထံ ရောက် ရန် ရေ ပေါ် တွင် လျှောက် သွား၏။
ငါ့ သ မီး အား ယူ လော့။ သင်၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု မိန့် တော် မူ သည့် အ တိုင်း ပင် ထို အ ချိန် နာ ရီ က စ၍ ကျန်း မာ လေ၏။
ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည်ငါပြုသောအမှုများကိုလည်းကောင်း၊ ထိုထက်ကြီးမြတ်သောအမှုများကိုလည်းကောင်း၊ ပြုရလိမ့်မည်။
ထိုသို့ မောရှေ၏ပညတ်တရားမပျက်စေရန် လူသည်ဥပုသ်နေ့တွင် လှီးဖြတ်ခြင်းမင်္ဂလာခံရလျှင်၊ ဥပုသ်နေ့တွင် လူတစ်ကိုယ်လုံးကိုငါသန်စွမ်းစေသောကြောင့် သင်တို့စိတ်ဆိုးအပ်သလော။
ထို သို့ နေ့ ရက် များ စွာ ပြု ရာ ပေါ လု သည် မ နှစ် သက်၍ လှည့် ပြီး လျှင် ထို သူ မှ ထွက် လော့၊ ယေ ရှု ခ ရစ်၏ နာ မ တော်၌ ငါ အ မိန့် ရှိ သည် ဟု နတ် အား ဆို လျှင် ဆို ချင်း ထွက် ခွာ လေ၏။
ပေ တ ရု က ငါ၌ ရွှေ ငွေ မ ရှိ၊ ရှိ ရာ ကို ငါ ပေး မည်။ နာ ဇ ရက် မြို့ သား ယေ ရှု ခ ရစ်၏ နာ မ တော် ကြောင့် လှမ်း သွား လော့ ဟု မြွက် ဆို ပြီး လျှင်၊
ခုန် ထ လှမ်း သွား၍ တ မန် တော် တို့ နောက် လှမ်း သွား လျက်၊ ခုန် ပေါက် လျက်၊ ဘု ရား သ ခင့် ဂုဏ် တော် ကို ချီး မွမ်း လျက် ဗိ မာန် တော် သို့ လိုက် ဝင် လေ ၏။
သင် တို့ ရှိ သ မျှ နှင့် ဣ သ ရေ လ တစ် မျိုး လုံး သိ စေ လို သည် မှာ သင် တို့ ကား တင် ကြ ရာ သူ သေ တို့ အ ထဲ မှ ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ သော နာ ဇ ရက် မြို့ သား ယေ ရှု ခ ရစ်၏ နာ မ တော် အား ဖြင့် သင် တို့ ရှေ့ ဤ သူ သန် မာ လျက် ရပ် နေ ၏။
တ မန် တော် တို့ ကို အ လယ် တွင် ထား ပြီး လျှင် သင် တို့ သည် မည် သည့် တန် ခိုး၊ မည် သူ့ နာ မ အား ဖြင့်၊ ဤ သို့ ပြု သ နည်း ဟု မေး ကြ သော်၊
ဟော ပြော ခွင့် ရ၍ နက် နဲ ရာ ရှိ သ မျှ၊ အ သိ ပ ညာ ရှိ သ မျှ ကို ထိုး ထွင်း လျက် တောင် များ ကို ရွှေ့ နိုင် သည့် တိုင် အောင် ယုံ ကြည် ခြင်း အ စုံ အ လင် ရ သော် လည်း မေ တ္တာ မ ရှိ လျှင် အ ချည်း နှီး ဖြစ်၏။
အ ပြု အ မူ တော် စုံ လင် လျက်၊ နည်း လမ်း တော် များ တ ရား ယှဉ် လျက်၊ ထို ကျောက် တောင် သည် တ သ မတ် တည်း သ စ္စာ စောင့် ၍ ဖြောင့် မတ် မှန် ကန် သော ဘု ရား ဖြစ် တော် မူ ၏။