ကိုယ် တော် ကို မှတ် မိ၍ ပတ် ဝန်း ကျင် အ ရပ် ရပ် သို့ လွှတ် လျက် သူ နာ ရှိ သ မျှ ကို အ ထံ တော် သို့ ခေါ် ခဲ့ ကြ ပြီး လျှင်
တမန်တော်ဝတ္ထု 3:10 - Garrad Bible ဗိ မာန် တော် ရှိ တင့် တယ် တံ ခါး အ နီး တောင်း စား သူ ဖြစ် ကြောင်း မှတ် မိ သ ဖြင့် သူ၌ ဖြစ် သော အ ခြင်း အ ရာ ကို များ စွာ အံ့ သြ မိန်း မော ကြ ၏။ Common Language Bible ထိုသူသည်ဗိမာန်တော်တင့်တယ်တံခါးဝ တွင် ထိုင်နေလေ့ရှိသည့်သူတောင်းစားဖြစ် ကြောင်းကိုမှတ်မိကြသဖြင့် သူတို့သည် ထိုသူ၌ဖြစ်ပျက်သည့်အမှုအရာကို များစွာအံ့သြမိန်းမောကြ၏။ Judson Bible ထိုသူသည် ဗိမာန်တော်၏တင့်တယ်တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည် အမှုကို အံ့ဩမိန်းမောတွေဝေခြင်းရှိ၍၊ မြန်မာ့စံမီသမ္မာကျမ်း သူသည် ပေးကမ်းစွန့်ကြဲခြင်းကိုခံရန် ဗိမာန်တော်၏တင့်တယ်တံခါးနားတွင် ထိုင်လေ့ရှိသူဖြစ်ကြောင်း မှတ်မိကြသဖြင့် ထိုသူ၌ဖြစ်ပျက်သည့်အမှုအရာအတွက် အလွန်အံ့သြ၍မိန်းမောတွေဝေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူသည် ဗိမာန်တော်၏ လှပသောတံခါးအနီး၌ ထိုင်၍ ငွေကြေးတောင်းရမ်းသောသူဖြစ်ကြောင်း သတိပြုမိကြ၏။ သူတို့သည် ထိုသူ၌ ဖြစ်ပျက်ခဲ့သည့်အခြင်းအရာများကို အလွန်အံ့အားသင့်၍ ရင်သပ်ရှုမောလျက်ရှိကြ၏။ |
ကိုယ် တော် ကို မှတ် မိ၍ ပတ် ဝန်း ကျင် အ ရပ် ရပ် သို့ လွှတ် လျက် သူ နာ ရှိ သ မျှ ကို အ ထံ တော် သို့ ခေါ် ခဲ့ ကြ ပြီး လျှင်
အ န္တ ရာယ် မ ပြု ဘဲ ထွက် ခွာ၏။ ရှိ သ မျှ တို့ လည်း အံ့ သြ၍ ဤ ဒေ သ နာ မှာ မည် သို့ နည်း။ နတ် ဆိုး များ ပင် အာ ဏာ တန် ခိုး နှင့် အ မိန့် ရှိ က ထွက် ခွာ ရ ကြ ပါ သည် တ ကား ဟု အ ချင်း ချင်း ပြော ဆို ကြ၏။
ရှိ သ မျှ တို့ သည် ဘု ရား သ ခင့် မ ဟာ တန် ခိုး တော် ကို အ လွန် အံ့ သြ ကြ၏။ ပြု တော် မူ သ မျှ ကို လူ အ ပေါင်း တို့ အံ့ သြ လျက် နေ ကြ စဉ်၊
ခမည်းတော်သည် သားတော်ကိုချစ်၍ ကိုယ်တော်တိုင်ပြုတော်မူသမျှကိုပြသတော်မူ၏။ သင်တို့အံ့သြရစေခြင်းငှါ ယခုထက်ကြီးမြတ်သောအမှုများကိုလည်း သားတော်အားပြသတော်မူသည်မှာ၊
ယေရှုက ဤသူ့ပြစ်မှု၊ မိဘတို့ပြစ်မှုမဟုတ်။ သူ၌ ဘုရားသခင်၏အမှုတော်များထင်ရှားစေရန် ထိုသို့ဖြစ်သတည်း။
သို့ဖြစ်၍ သူတောင်းစားအဖြစ်မြင်ဘူးသူတို့နှင့်အိမ်နီးချင်းတို့က၊ ဤသူသည်ထိုင်၍ တောင်းစားသူမဟုတ်လောဟုဆိုကြရာ အချို့က ထိုသူပင်ဖြစ်သည်၊
ရှိ သ မျှ တို့ ပင် မိန်း မော တွေး တော လျက် ဤ အ မှု ကား မည် သို့ နည်း ဟု အ ချင်း ချင်း မေး မြန်း ကြ ၏။
အံ့ သြ မိန်း မော တွေ ဝေ လျက် ကြည့် ပါ။ ဟော ပြော သူ တို့ ကား ဂါ လိ လဲ နယ် သား များ မ ဟုတ် လော။
ဗိ မာန် တော် ဝင် သူ တို့ ထံ အ စွန့် အ ကြဲ ခံ စေ ခြင်း ငှါ တင့် တယ် ခေါ် ဗိ မာန် တော့် တံ ခါး အ နီး နေ့ တိုင်း ချ ထား လေ့ ရှိ သော ဝမ်း တွင်း ပါ ခြေ ဆွံ့ တစ် ယောက် ကို ထမ်း လာ ကြ သ ဖြင့်၊