တမန်တော်ဝတ္ထု 27:12 - Garrad Bible အ များ က လည်း ဆောင်း ခို ရန် ထို ဆိပ် ကမ်း မ သာ သော ကြောင့် အ နောက် မြောက် နှင့် အ နောက် တောင် သို့ မျက် နှာ မူ သော က ရေ တေ ကျွန်း ရှိ ဖိ နိတ် မြို့ ဆိပ် ကမ်း သို့ ရောက် နိုင် လျှင် လွှင့် ပြန်၍ ဆောင်း ခို ရန် အ ကြံ ပေး ကြ သည့် အ လျောက်၊ Common Language Bible ဤဆိပ်ကမ်းတွင်ဆောင်းကာလပတ်လုံးရပ်နား ရန်မသင့်သဖြင့် လူများစုကဤဆိပ်ကမ်းမှ ထွက်ခွာပြီးလျှင် ဖြစ်နိုင်ပါကဖိနိတ်မြို့သို့ ရောက်အောင်သွား၍ဆောင်းရာသီအတွက်ရပ် နားလိုကြ၏။ ဖိနိတ်ဆိပ်ကမ်းကားကရေတေ ကျွန်းတွင်ရှိ၍ အနောက်တောင်နှင့်အနောက် မြောက်သို့မျက်နှာမူလျက်ရှိသတည်း။ Judson Bible ထိုမြို့ဆိပ်၌ ဆောင်းကာလပတ်လုံး မနေသင့်သောကြောင့် တစ်ဖန်လွှတ်ပြန်၍ ဖိနိတ်မြို့ဆိပ်သို့မီနိုင်လျှင်၊ ထိုဆိပ်၌ ဆောင်းကာလကို လွန်စေသော် သာ၍ကောင်းမည်ဟု လူအများတို့သည် ဆိုကြ၏။ ဖိနိတ်ဆိပ်ကား ကရေတေကျွန်း၌ ရှိ၏။ အနောက်မြောက်သို့လည်းကောင်း၊ အနောက်တောင်သို့လည်းကောင်း မျက်နှာပြု၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုဆိပ်ကမ်းသည်လည်း ဆောင်းခိုရန်မသင့်လျော်သောဆိပ်ကမ်းဖြစ်သောကြောင့် အများစုက ထိုဆိပ်ကမ်းမှရွက်လွှင့်ပြီး ဖြစ်နိုင်လျှင် အနောက်တောင်နှင့် အနောက်မြောက်သို့မျက်နှာမူသည့် ကရေတေကျွန်း၏ဖိနိတ်ဆိပ်ကမ်းသို့ တစ်နည်းနည်းဖြင့်သွား၍ ဆောင်းခိုမည်ဟု ဆုံးဖြတ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုဆိပ်ကမ်းသည် ဆောင်းခိုရန်မသင့်လျော်သဖြင့် ထိုနေရာမှခွာကာ ဖြစ်နိုင်ပါက ဖိနိတ်မြို့သို့ရောက်ရှိ၍ ဖိနိတ်ဆိပ်ကမ်းတွင် ဆောင်းခိုနိုင်ရန်အတွက် လူအများစုက အကြံပြုကြ၏။ ထိုဆိပ်ကမ်းသည် ကရေတေကျွန်းရှိဆိပ်ကမ်းဖြစ်ပြီး အနောက်တောင်နှင့် အနောက်မြောက်ဘက်သို့ မျက်နှာမူလျက်ရှိ၏။ |
က ရေ တေ ကျွန်း သား များ၊ အာ ရပ် လူ မျိုး များ ဖြစ် သူ ငါ တို့ သည် ဘု ရား သ ခင်၏ အ မှု တော် ကြီး များ အ ကြောင်း ကို ငါ တို့ ဘာ သာ ဖြင့် ဟော ပြော ရာ ကြား နာ ရ ပါ သည် တ ကား ဟု ဆို ကြ ၏။
တောင် လေ ဖြည်း ညှဉ်း စွာ တိုက် သည့် ကာ လ အ ကြံ မြောက် ပြီ ဟု ထင် မှတ် သ ဖြင့် ကျောက် ဆူး နုတ် ပြီး လျှင် က ရေ တေ ကျွန်း နား တစ် လျှောက် တိုက် သွား ကြ၏။
မ စား မ သောက် ရ ဘဲ ကာ လ ရှည် စွာ ရှိ နေ ကြ ပြီး မှ ပေါ လု သည် အ လယ် တွင် ထ ရပ် လျက် အ ချင်း တို့၊ သင် တို့ သည် ငါ့ စ ကား ကို နာ ယူ၍ က ရေ တေ ကျွန်း မှ မ လွှင့် ခဲ့ ကြ လျှင် ဤ သို့ ပျက် စီး ဆုံး ပါး ခြင်း မ ရှိ ခဲ့ လေ။
ရက် ပေါင်း များ စွာ တ ဖြည်း ဖြည်း တိုက် သွား လျက် က နိဒ် မြို့ ရင် ဆိုင် သို့ ခက် ခဲ စွာ ရောက် သော် လေ ပြင်း တိုက်၍ ရှေ့ ရှု မ သွား နိုင် သော ကြောင့် သာ လ မုန် အ ငူ ရင် ဆိုင် က၊ က ရေ တေ ကျွန်း တစ် လျှောက် လေ ခို လျက်၊
က ရေ တေ ကျွန်း သား တို့ သည် အ စဉ် မု သာ အိုး သား ရဲ ဆိုး ပျင်း ရိ စား ကြူး သူ များ ဖြစ် သည် ဟု ချင်း တို့ ပ ရော ဖက် တစ် ဦး သက် သေ ခံ တိုင်း ဟုတ် မှန်၏။
လို အပ် သော အ ရာ များ ကို စီ မံ စေ ရန် လည်း ကောင်း၊ ငါ မိန့် မှာ ခဲ့ သည် နှင့် အ ညီ အ ပြစ် မဲ့ သူ၊ မိန်း မ တစ် ယောက် နှင့် သာ အိမ် ထောင် ပြု သူ၊ ပျော် ကြူး ပြစ်၊ မ လိုက် နာ ပြစ် စွဲ ဆို ချက် လွတ်၍ တ ပည့် ဖြစ် သော သား သ မီး ရှိ သူ တို့ ကို ဥ က္ကဌ အ ဖြစ် မြို့ တိုင်း တွင် ခန့် ထား စေ ရန်လည်း ကောင်း က ရေ တေ ကျွန်း၌ သင့် ကို ငါ ထား ခဲ့ ၏။