တ ရား တော်၌ အံ့ ဖွယ် ရာ များ ကို သိ မြင် ရ စေ ရန်၊ အ ကျွန်ုပ် မျက် စိ များ ကို ပွင့် လင်း စေ တော် မူ ပါ။
တမန်တော်ဝတ္ထု 26:18 - Garrad Bible မှောင် မိုက် မှ အ လင်း တော် သို့လည်း ကောင်း၊ စာ တန်၏ တန် ခိုး အောက် မှ ဘု ရား သ ခင့် အ ထံ တော် သို့လည်း ကောင်း၊ လှည့် ဝင် ခွင့် အ ပြစ် ပြေ လွတ် ခွင့် ငါ့ ကို ယုံ ကြည် ခြင်း အား ဖြင့် သီး သန့် ရာ ရောက် သူ တို့ ဘောင် တွင် ပိုင် ခွင့် ရ စေ ခြင်း ငှာ၊ ထို လူ မျိုး ခြား တို့၏ မျက် စိ ကို ဖွင့် စေ ရန် စေ လွှတ် မည် ဟု ပြန်၍ မိန့် တော် မူ ၏။ Common Language Bible သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။'' Judson Bible သင်သည် ယခုမြင်ရသောအကြောင်းအရာတို့နှင့်၊ နောက်မှ ငါသည်သင့်အား ထင်ရှားလတ္တံ့သော အကြောင်းအရာတို့မှာ၊ အမှုဆောင်ရွက်သောသူ၊ သက်သေခံသောသူအရာ၌ သင့်ကိုခန့်ထားစေခြင်းငှာ ငါသည်သင့်အား ထင်ရှား၏။ တစ်ပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်းသို့ ကူးမြောက်၍၊ စာတန်၏အာဏာထဲမှ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်းနှင့်၊ ငါ့ကိုယုံကြည်သောအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သောသူတို့နှင့် ဆက်ဆံ၍ အမွေခံရမည်အကြောင်း၊ သူတို့၏မျက်စိကို ဖွင့်စေခြင်းငှာ သူတို့ဆီသို့ သင့်ကို ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။ |
တ ရား တော်၌ အံ့ ဖွယ် ရာ များ ကို သိ မြင် ရ စေ ရန်၊ အ ကျွန်ုပ် မျက် စိ များ ကို ပွင့် လင်း စေ တော် မူ ပါ။
ထာ ဝ ရ ဘု ရား သည် ကန်း သော မျက် စိ များ ကို ပွင့် လင်း စေ ခြင်း၊ ထာ ဝ ရ ဘု ရား သည် ငုံ့ လျှိုး ရ သူ တို့ ကိုထူ ပင့် ခြင်း၊ ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် သူ တို့ ကို ချစ် ခင် ခြင်း၊
ထို ကာ လ၊ နား ပင်း သူ တို့ သည် စာ စ ကား ကို ကြား ခွင့်၊ မျက် မ မြင် တို့ သည်၊ မှောင် အ တိ နှင့် ကင်း လွတ် လျက် မြင် ခွင့် ရ ကြ သည့် ပြင်၊
ထို အ ခါ၊ မျက် မ မြင် တို့ သည် မျက် စိ လင်း ခွင့်၊ နား ပင်း သူ တို့ သည် နား ပွင့် ခွင့်၊
မျက် မ မြင် တို့ ကို၊ မ သိ မ ကျွမ်း ကြ သော လမ်း ခ ရီး တွင် လမ်း ပြ ပို့ ဆောင် လျက်၊ ၎င်း တို့ ရှေ့ အမှောင် ကို အ လင်း၊ မောက် ရာ ကို လွင် ပြင် ဖြစ် စေ လိမ့် မည်။ ထို အ မှု အ ရေး များ ကို အ ကြံ မ လျော့ ဘဲ၊ ငါ စီ ရင် လိမ့် မည် ဟူ၍ တည်း။
ငါ၏ ကျွန် ရင်း ဖြစ် သ ဖြင့်၊ ယာ ကုပ် အ မျိုး အ နွယ် များ ကို ထူ မ ခွင့်၊ ဣ သ ရေ လ လူ အ ကျန် အ ကြွင်း တို့ ကို ပြန် ဆောင် ခွင့် များ သည်၊ သာ မ ည ဖြစ် သေး သည် နှင့် မြေ ကြီး အ စွန် အ ဖျား တိုင် အောင်၊ ငါ့ ကယ် တင် ရာ ကယ် တင် ကြောင်း အ လို့ ငှာ၊ လူ မျိုး ခြား တို့ ရှေ့ အ လင်း သ ဖွယ်၊ သင့် ကို ငါ ခန့် ထား ဦး မည် ဟု မိန့် တော် မူ ၏။
မှောင် မိုက်၌ သွား လာ ရ သော လူ မျိုး သည်၊ ကြီး စွာ သော အ လင်း ကို မြင် ရ၍၊ သေ မင်း အ ရိပ် တွင် ထိုင် နေ ရ သူ တို့ အ ပေါ်၌ လည်း၊ အ လင်း တောက် ပ လိမ့် မည်။
နာ မ တော် ကို ခန့် ညား သော သင် တို့၌ မူ ကား၊ အောင် မြင် သော နေ မင်း သည်၊ ကု သ ခြင်း ရောင် ခြည် ကို လွှတ် သ ဖြင့်၊ တင်း ကုပ် လှောင် နွား သား ငယ် များ ကဲ့ သို့၊ သင် တို့ ထွက် သွား မြူး ထူး လျက်၊
သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို သာ ရှိ ခိုး ဝတ် ပြု ရ မည် ဟူ သော ကျမ်း ချက် ရှိ သည် ဟု မိန့် တော် မူ၏။
ထို ကျမ်း ချက် များ ကို နား လည် ကြ စေ ရန် သူ တို့ ဉာဏ် ကို ဖွင့် တော် မူ ရာ ထို အ တိုင်း ခ ရစ် တော် သည် ဒု က္ခ ခံ၍
ယေ ရု ရှ လင် မြို့ မှ စ သော လူ အ မျိုး မျိုး တို့ အား အ ပြစ် ပြေ လွှတ် ခြင်း အ လို့ ငှာ နောင် တ ရ ခြင်း တ ရား ကို ကိုယ် တော်၏ နာ မ နှင့် ဟော ပြော ရ မည့် အ ကြောင်း ရေး ထား လျက် ရှိ သည်။
သူ ဆင်း ရဲ တို့ အား ဝမ်း မြောက် ဖွယ် သ တင်း ကို ကြော် ငြာ စေ ခြင်း ငှါ လည်း ကောင်း၊ အ ကျဥ်း သား တို့ ပွင့် လွတ် ခွင့်၊ မျက် မ မြင် တို့ အား မြင် ရ ခွင့် ကို ကြား ပြော စေ ခြင်း ငှါ လည်း ကောင်း၊ နှိပ် စက် ခံ ရ သူ တို့ ကို အ လွတ် ထား စေ ခြင်း ငှါ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား လက် ခံ တော် မူ ဖွယ် နှစ် ကာ လ ကို ကြား ပြော စေ ခြင်း ငှါ လည်း ကောင်း ငါ့ ကို ဘိ သိက် သွန်း၍ စေ လွှတ် တော် မူ သည် နှင့် အ ညီ ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် သည် ငါ့ အ ပေါ် တွင် တည် နေ လျက် ရှိ သည် ဟူ သော အ ချက် ကို တွေ့ တော် မူ ၏။
သူတို့လည်း မစပ်ဆိုင်ကြသောကြောင့် သမ္မာဓမ္မ၌သီးသန့်ထားတော်မူပါ။ ကိုယ်တော်၏တရားတော်သည် သမ္မာဓမ္မဖြစ်ပါ၏။
တရားစီရင်ဆုံးဖြတ်ခြင်းမှာ ဤလောကသို့အလင်းရောက်လာရာ လူတို့သည် အပြုအမူဆိုးသွမ်းသည့်အလျောက် အလင်းထက်မှောင်မိုက်ကိုနှစ်သက်ကြ၏။
ယေရှုက သင်သည်ဘုရားသခင့်ဆုကျေးဇူးတော်ကိုလည်းကောင်း၊ သောက်ရန်ပေးပါဟုတောင်းဆိုသူ မည်သူမှန်းကိုလည်းကောင်းသိခဲ့လျှင် ထိုသူ့ထံတောင်းမည်။ သူလည်းအသက်ရေကိုပေးလေပြီဟု ပြန်၍မိန့်တော်မူသော်၊
ငါပေးမည့်ရေကိုသောက်သူတိုင်းမူကား ကာလအစဉ်ရေငတ်တော့မည်မဟုတ်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်အဖို့ထွက်သောစမ်းရေဖြစ်လိမ့်မည်ဟု ပြန်၍မိန့်တော်မူသည့်ကာလ၊
တစ်ဖန်တုံ၊ လူပရိသတ်အားယေရှုက ငါသည်ဤလောက၏အလင်းဖြစ်၏၊ ငါ့နောက်လိုက်သောသူသည် မှောင်မိုက်၌သွားလာရမည်မဟုတ်။ အသက်အလင်းကို ရလိမ့်မည်ဟုမိန့်တော်မူ၏။
ယေရှုကလည်း၊ မမြင်သူမြင်စေ။ မြင်သူကန်းစေဟူသောစီရင်ချက်တော်တည်စေရန် ဤလောကသို့ ငါ့ရောက်လာခဲ့ပြီဟု မိန့်တော်မူသည်ကို၊
ထို အ ရှင် ကို ယုံ ကြည် သော သူ တိုင်း နာ မ တော် အား ဖြင့် အ ပြစ် ပြေ လွတ် ခွင့် ရ မည် ဟူ၍ ပ ရော ဖက် ရှိ သ မျှ တို့ သက် သေ ခံ ကြ သည် ဟု ဟော ပြော လေ၏။
ယုံ ကြည် ခြင်း အား ဖြင့် သူ တို့ စိတ် နှ လုံး ကို စင် ကြယ် စေ သည့် အ တိုင်း ငါ တို့ နှင့် သူ တို့ ကို ခြား နား စေ တော် မ မူ။
ပေ တ ရု က နောင် တ ရ၍ အ ပြစ် ပြေ လွတ် ခြင်း အ လို ငှါ လူ တိုင်း ယေ ရှု ခ ရစ်၏ နာ မ တော်၌ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ လော့။ သို့ ပြု လျှင် သန့် ရှင်း သော ဝိ ညာဉ် တော့် ဆု ကျေး ဇူး ကို ခံ ရ ကြ လိမ့် မည်။
ယ ခု မှာ ငါ သည် သင် တို့ ကို ဘု ရား သ ခင် သို့လည်း ကောင်း၊ သီး သန့် ထား တော် မူ သ မျှ သော သူ တို့ ဘောင် တွင် အ ပိုင် ပေး ခွင့် နှင့် ဆောက် တည် ခွင့် တန် ခိုး ရှိ သော ကျေး ဇူး တော် ဆိုင် ရာ တ ရား တော် သို့လည်း ကောင်း အပ် လိုက် ၏။
ထို ကြောင့် အို အ ဂ ရိ ပ္ပ ဘု ရင် မင်း မြတ်၊ ကျွန် တော် သည် ကောင်း ကင် ရူ ပါ ရုံ အ တိုင်း မ လိုက် မ နာ ဘဲ မ နေ။
ထို့ ကြောင့် သင် တို့ အ ပြစ် ဒု စ ရိုက် များ ပ ပျောက် စေ ရန် နောင် တ ရ ၍ ပြောင်း လဲ ကြ လော့။ သို့ ပြု လျှင် ထာ ဝ ရ ဘု ရား အ ထံ တော် မှ ချမ်း သာ ရာ အ ချိန် ကာ လ ရောက် လာ လျက် ယေ ရှု တည်း ဟူ သော သင် တို့ အ ဖို့ ခန့် ထား တော် မူ ခဲ့ သော ခ ရစ် တော် ကို စေ လွှတ် တော် မူ လိမ့် မည်။
ဣ သ ရေ လ လူ မျိုး အား နောင် တ ရ ခွင့် နှင့် အ ပြစ် ပြေ လွတ် ခွင့် ကို သ နား စေ ရန်၊ မင်း အ ဖြစ်၊ ကယ် တင် ရှင် အ ဖြစ်၊ ညာ လက် ရုံး တော် ဖြင့် ချီး မြှောက် တော် မူ ပြီ။
သား မှန် က အ မွေ ခံ ဖြစ် ရုံ မျှ မ ဟုတ်။ ဘုန်း တော် ကို ခ ရစ် တော် နှင့် ခံ စား ခွင့် ရ ရန် ဒု က္ခ တော်၌ ဆက် ဆံ ကြ လျှင် ဘု ရား သ ခင့် အ မွေ တော် ခံ၊ ခ ရစ် တော် နှင့် အ မွေ စား ဘက် များ လည်း ဖြစ် ကြ သ တည်း။
ငါ တို့ အ ရှင်၊ သူ တို့ အ ရှင် ဖြစ် သော ယေ ရှု ခ ရစ်၏ နာ မ တော် ကို အ ပြည် ပြည် တွင် ပ ဌ နာ ပြု သူ ခပ် သိမ်း တို့ နှင့် တ ကွ၊ သီး သန့် ခေါ် ထား တော် မူ သူ ခ ရစ် တော် ယေ ရှု အား ဖြင့် သန့် ရှင်း သူ များ ဖြစ် သော ကော ရိ န္သု မြို့ ရှိ ဘု ရား သ ခင်၏ အ သင်း တော့် ထံ ရေး လိုက် သည် မှာ၊
သို့ ရာ တွင် ကိုယ် ကို ဂုဏ် တင် လို သူ ကား ထာ ဝ ရ ဘု ရား ကြောင့် ဂုဏ် တင် စေ ဟု ကျမ်း ချက် အ ရ ဖြစ် စေ ခြင်း ငှာ ဖြောင့် မတ် ခြင်း၊ သန့် ရှင်း ခြင်း၊ ရွေး နုတ် ခြင်း များ တည်း ဟူ သော ပ ညာ တော် အ ဖြစ် ငါ တို့ အ ဖို့ ဘု ရား သ ခင် ထား တော် မူ သော ခ ရစ် တော် ယေ ရှု၌ တည် နေ ခွင့် ကို သင် တို့ သည် ဘု ရား သ ခင် ကြောင့် ရ ရှိ ကြ ၏။
ဘု ရား သ ခင့် ပုံ သ ဏ္ဌာန် တည်း ဟူ သော ခ ရစ် တော်၏ ဘုန်း တော် ဆိုင် ရာ သ တင်း တော် မြတ် ရောင် ခြည် မ ထွန်း တောက် စေ ရန် ယ ခု ခေတ် ဘု ရား ကြောင့် မ နော စ က္ခု ကန်း ပြီး သူ တို့၌ သာ ပုန်း ကွယ် လျက် ရှိ ၏။
မ ယုံ ကြည် သူ တို့ နှင့် ဘက် မ ညီ ဘဲ တမ်း ပိုး တင် မ ခံ ကြ လင့်။ ဖြောင့် မတ် ခြင်း နှင့် မ တ ရား ခြင်း သည် မည် သို့ ဖက် စပ် နိုင် အံ့ နည်း။ အ လင်း နှင့် မှောင် မိုက် သည် မည် သို့ ဆက် ဆံ နိုင် အံ့ နည်း။
ခ ရစ် တော် နှင့် အ တူ ကား တင် ခံ ပြီး ဖြစ် လျက် ငါ့ ကိုယ် တိုင် အ သက် ရှင် တော့ မည် မ ဟုတ်။ ငါ၌ ခ ရစ် တော် ရှင် နေ တော် မူ၏။ ရုပ် ခ န္ဓာ၌ ယ ခု ငါ ရှင် သည် မှာ ငါ့ အား ချစ်၍ ငါ့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် ခြင်း ကြောင့် ရှင်၏။
သင် တို့ သည် ဝိ ညာဉ် တော် ကို ရ ကြ သည် မှာ ပ ညတ် တ ရား အ လိုက် ကျင့် ခြင်း အား ဖြင့် လော၊ ယုံ ကြည် ၍ နာ ယူ ခြင်း အား ဖြင့် လော၊ ဤ အ ကြောင်း တစ် ကြောင်း တည်း ကို ငါ သိ လို၏။
ခ ရစ် တော်၌ ဦး စွာ မျှော် လင့် လျက် နေ ခဲ့ ကြ သော ငါ တို့ သည် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မွမ်း ရာ အ ကြောင်း ဖြစ် စေ ခြင်း ငှါ ကြံ ရွယ် သော သ ဘော တော် အ လိုက် အ ရာ ရာ ကို ပြု ပြင် တော် မူ သော အ ရှင်၏ အ ကြံ တော် နှင့် အ ညီ တင် ရင် မှတ် သား တော် မူ ခြင်း ခံ ပြီး လျှင် ထို အ ရှင် အား ဖြင့် ပိုင် ရာ တော် ဖြစ် ကြ လေ ပြီ။
သား တော်၏ အ သွေး တော် ကြောင့် ကြွယ် ဝ သော ကျေး ဇူး တော် အ လျောက် ငါ တို့ အား ရွေး နုတ် တော် မူ ခြင်း တည်း ဟူ သော ကျူး လွန် မှု များ ပြေ လွတ် ခွင့် ကို ပေးသ နားတော် မူ သည့် ပြင်၊
သင် တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် ကျေး ဇူး တော် ကြောင့် ကယ် တင် ရာ ရောက် ခဲ့ ကြ သည် မှာ ကိုယ့် အ စွမ်း ကြောင့် မ ဟုတ်။ ကိုယ့် အ ကျင့် ကြောင့် လည်း မ ဟုတ်။ မည် သူ မျှ ဂုဏ် မ တင် မိ စေ ရန် ဘု ရား သ ခင့် ဆု ကျေး ဇူး တော် ကြောင့် တည်း။
ထို သူ တို့ သည် ဉာဏ် မိုက် မဲ လျက် စိတ် ခဲ ယဉ်း ခြင်း ကြောင့် ဖြစ် သော အ ဝိ ဇ္ဇာ အား ဖြင့် ဘု ရား သ ခင်၏ အ သက် တော် နှင့် စိမ်း ကား လျက်၊
အ ကျိုး မဲ့ သော မှောင် မိုက် အ ကျင့် များ နှင့် မ ဆက် ဆံ သည် သာ မ က ၎င်း အ ပြစ် ကို ဖော် ပြ ကြ လော့။
သို့ နှင့် အ ညီ အိပ် နေ သူ နိုး၍ သူ သေ တို့ အ ထဲ မှ ထ မြောက် လော့။ ခ ရစ် တော် သည် သင့် အ ပေါ် တွင် ထွန်း လင်း တော် မူ လိမ့် မည် ဟု အ ဆို ရှိ၏။
သင် တို့ သည် မှောင် မိုက် ဖြစ် ဖူး သော် လည်း ယ ခု မှာ အ ရှင် ဘု ရား အား ဖြင့် အ လင်း ရောက် သော ကြောင့် အ လင်း ရ သူ များ အ ဖြစ် ကျင့် ကြံ ပြု မူ ကြ လော့။
ငါ တို့ တိုက် လှန် ရ သည် မှာ အ သွေး အ သား ဖြစ် သူ တို့ နှင့် မ ဟုတ်။ နတ် မင်း များ၊ အာ ဏာ ရှင် များ၊ ဤ မှောင် မိုက်၏ ဧ က ရာဇ် များ၊ ကောင်း ကင် နတ် ဆိုး များ နှင့် တိုက် လှန် ရ ကြ သည် ဖြစ်၍၊
ထို သို့ ယေ ရှု ခ ရစ်၏ ကိုယ် ခ န္ဓာ တော် ကို အ ပြီး သတ် ဆက် ကပ် တော် မူ ခြင်း အား ဖြင့် ငါ တို့ သည် ထို အ လို တော် အ တိုင်း သန့် ရှင်း ရာ ရောက် ကြ လေ ပြီ။
ဘု ရား သ ခင့် ထံ ချဉ်း ကပ် လို သူ သည် ကိုယ် တော် ရှိ တော် မူ ကြောင်း ကိုလည်း ကောင်း၊ လိုက် ရှာ သူ တို့ အား အ ကျိုး ပေး တော် မူ ကြောင်း ကိုလည်း ကောင်း ယုံ ကြည် ရ မည်။ ယုံ ကြည် ခြင်း မ ရှိ လျှင် စိတ် တော် နှင့် တွေ့ ရာ မ ရောက် နိုင် ချေ။
ထို ကြောင့် ပ ထ မ ပ ဋိ ညာဉ် ကို လွန် ကြူး မှု များ မှ ရွေး နုတ် ရန် အ သေ ခံ ပြီး နောက် ခေါ် ထား တော် မူ သူ တို့ သည် က တိ တော် အ တိုင်း ထာ ဝ ရ အ မွေ ကို ခံ စား ရ စေ ခြင်း ငှာ ကိုယ် တော် သည် ပ ဋိ ညာဉ် သစ် ဆိုင် ရာ စေ့ စပ် သော အ ရှင် ဖြစ် တော် မူ ၏။
ငါ ချစ် သော ညီ အစ် ကို တို့၊ နာ ခံ ကြ ဦး။ ကိုယ် တော် ကို ချစ် သူ တို့ အား က တိ ထား တော် မူ သော နိုင် ငံ တော်၏ အ မွေ ခံ များ၊ ယုံ ကြည် ခြင်း ၌ သူ ကြွယ် များ ဖြစ် စေ ရန် ဤ လော က တွင် ဆင်း ရဲ သား တို့ ကို ဘု ရား သ ခင် ရွေး ချယ် တော် မူ သည် မ ဟုတ် လော။
သိုး များ ကဲ့ သို့ သင် တို့ သည် အ ထက် က လမ်း လွဲ ကြ သော် လည်း သင် တို့ နာမ် သက် များ ကို ထိန်း ကျောင်း ကြည့် ရှု တော် မူ သော အ ရှင့် ထံ ယ ခု ပြန် ရောက် ကြ ပြီ။
သင် တို့ မူ ကား မှောင် မိုက် ထဲ မှ အံ့ ဖွယ် သော အ လင်း တော် ထဲ သို့ ခေါ် ခဲ့ တော် မူ သော အ ရှင်၏ ဘုန်း တော် ကို ဖော် ပြ စေ ခြင်း ငှာ ရွေး ချယ် သော လူ မျိုး တော် ပ ရော ဟိတ် နိုင် ငံ တော် သီး သန့်၍ ပိုင် ဆိုင် တော် မူ ရာ လူ မျိုး တော် ဖြစ် လျက်
အ ပြစ် ဝန် ချ ကြ လျှင် မူ ကား ကိုယ် တော် သည် သ စ္စာ စောင့်၍ ဖြောင့် မတ် တော် မူ သ ဖြင့် ထို အ ပြစ် များ ကို ဖြေ လွတ် လျက် ဒု စ ရိုက် အ မျိုး မျိုး နှင့် စင် ကြယ် စေ တော် မူ မည်။
အ ချင်း သူ ငယ် တို့၊ နာ မ တော့် အ တွက် ကြောင့် သင် တို့ အ ပြစ် ပြေ လွတ် ပြီး ဖြစ်၍ သင် တို့ ထံ ငါ ရေး လိုက်၏။
အ ပြစ် ပြု ကျင့် သူ သည် အ စ အ ဦး က ပြစ် မှား လေ့ ရှိ သော မာရ် နတ် ဘက် သား ဖြစ်၏။ မာရ် နတ်၏ အ မှု အ ရာ များ ကို ဖြို ဖျက် ရန် ဘု ရား သ ခင့် သား တော် ထင် ရှား တော် မူ ခဲ့၏။
ငါ တို့ သည် ဘု ရား သ ခင့် ဘက် တော် သား ဖြစ် ကြောင်း ကိုလည်း ကောင်း၊ တစ် လော က လုံး သည် မာရ် နတ်၏ လက် တွင်း၌ ရှိ နေ ကြောင်း ကို လည်း ကောင်း ငါ တို့ သိ ကြ၏။
ယေ ရှု ခ ရစ်၏ ကျွန်၊ ယာ ကုပ်၏ ညီ ဖြစ် သော ယု ဒ က အ ဘ ဘု ရား သ ခင် ချစ် တော် မူ သူ၊ ယေ ရှု ခ ရစ် အ ဖို့ စောင့် ထိန်း ၍ ခေါ် ထား တော် မူ သူ တို့ ထံ ရေး လိုက် သည် မှာ၊
မ သန့် သော သူ မှ စ၍ မု သာ နှင့် ရွံ့ ရှာ ဖွယ် ပြု မူ သူ တို့ သည် ဝင် ရောက် ရ မည် မ ဟုတ်။ သိုး ငယ် တော်၏ အ သက် စာ ရင်း သွင်း သူ တို့ သာ ဝင် ရောက် ခွင့် ရ ကြ လိမ့် မည်။