အ ချင်း လူ ဆိုး၊ သူ တော် ကောင်း၏ တည် နေ ရာ ကို၊ ချောင်း မြောင်း၍ မ နေ နှင့်။ နေ ထိုင် ရာ ကို လည်း မ ဖျက် ဆီး နှင့်။
တမန်တော်ဝတ္ထု 25:3 - Garrad Bible ခ ရီး အ ကြား ချောင်း မြောင်း သတ် ပစ် မည့် အ ကြံ နှင့် ကျေး ဇူး ပြု၍ ပေါ လု ကို ယေ ရု ရှ လင် မြို့ သို့ ခေါ် ပါ မည့် အ ကြောင်း အ သ နား ခံ ကြ၏။ Common Language Bible သူတို့သည်ပေါလုကိုလမ်းတွင်ချောင်းမြောင်း ၍သတ်ရန် လျှို့ဝှက်ကြံစည်ထားကြပြီးဖြစ် ပေသည်။ သို့ဖြစ်၍မိမိတို့အားကျေးဇူးပြု သည့်အနေဖြင့် ပေါလုကိုယေရုရှလင်မြို့ သို့ခေါ်ဆောင်ပေးရန်ဖေတ္တုအားမေတ္တာရပ်ခံ ကြ၏။- Judson Bible ပေါလုကို သတ်ခြင်းငှာ လမ်းနား၌ ချောင်း၍ နေမည်ဟုအကြံရှိသည်နှင့်၊ ပေါလု၏အကြောင်းကို ကြားလျှောက်တောင်းပန်၍၊ သူ့ကို ယေရုရှလင်မြို့သို့ စေလွှတ်တော်မူမည်အကြောင်း အသနားတော်ခံကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မိမိတို့အား ကျေးဇူးပြုသည့်အနေဖြင့် ပေါလုကို ဂျေရုဆလင်မြို့သို့ပို့ပေးရန် သူ့အားတောင်းပန်ကြ၏။ အကြောင်းမှာ သူတို့သည် ပေါလုကို လမ်း၌ချောင်းမြောင်းသတ်ဖြတ်ရန် ကြံစည်ထားကြသောကြောင့်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့က မိမိတို့အားကျေးဇူးပြုသည့်အနေဖြင့် ပေါလုကို ဂျေရုဆလင်မြို့သို့ဆင့်ခေါ်ရန် တောင်းဆိုကြ၏။ ဤသို့တောင်းဆိုရခြင်းမှာ ထိုသူတို့သည် ပေါလုကိုလမ်းတွင် ချောင်းမြောင်း၍ လုပ်ကြံသတ်ဖြတ်ရန် ဖြစ်၏။ |
အ ချင်း လူ ဆိုး၊ သူ တော် ကောင်း၏ တည် နေ ရာ ကို၊ ချောင်း မြောင်း၍ မ နေ နှင့်။ နေ ထိုင် ရာ ကို လည်း မ ဖျက် ဆီး နှင့်။
ထို့ နောက်၊ ယေ ရ မိ အ သက် အ န္တ ရာယ် ကို ရှာ ကြံ ကုန် အံ့။ ပ ညတ် တ ရား ထား သော ပ ရော ဟိတ်၊ အ ကြံ ပေး သော သု ခ မိန်၊ ဗျာ ဒိတ် တော် ဆင့် သော ပ ရော ဖက် များ ပြတ် စဲ မည် မ ဟုတ်။ ယေ ရ မိ ဟော ပြော ချက် ကို နား မ ထောင် ဘဲ၊ နှုတ် ဖြင့် အ မှု ရှာ ကြံ ကြ ကုန် အံ့ ဟု ထို သူ တို့ ဆို ကြ ၏။
မှူး မတ် တို့ က၊ ဤ သူ သည် လူ မျိုး ချင်း တို့ အ ကျိုး ကို မ ရှာ၊ အ န္တ ရာယ် ကို သာ ရှာ ကြံ သည် နှင့် အ ညီ၊ ကြော် ငြာ သော စ ကား များ ဖြင့်၊ မြို့ တော် တွင် ကျန် သေး သော သူ ရဲ တို့ နှင့် မြို့ သား တို့ ကို လက် လျော့ စေ သည့် အ တွက် သေ ဒဏ် ပေး တော် မူ ပါ ဟု ဘု ရင် မင်း ထံ တင် လျှောက် ကြ သော်၊
ပ ရော ဟိတ် မင်း ထံ ဝင်၍ မဂ် လမ်း တော် လိုက် သူ မည် သည့် ယောက်ျား မိန်း မ မ ဆို တွေ့ လျှင် ချည် နှောင် လျက် ယေ ရု ရှ လင် မြို့ သို့ ယူ လာ ခွင့် ရ ရန် ဒ မာ သက် မြို့ ရှိ အ စည်း အ ဝေး များ သို့ အ မိန့် စာ တောင်း လေ၏။
ထို အ ကြံ ကို ရှော လု ကြား သိ သ ဖြင့် ကွပ် မျက် ခွင့် ရ ရန်၊ နေ့ ညဉ့် မ ပြတ် မြို့ တံ ခါး များ တွင် စောင့် နေ ကြ သော် လည်း၊
ကောင်း ကျိုး ရှိ စေ ရန် မ ကောင်း ပြု ကျင့် ကြ ကုန် အံ့ ဟု ငါ တို့ ဆို ကြောင်း အ ချို့ တို့ ကုန်း ချော လျက် စွဲ ဆို ကြ သည့် အ တိုင်း ပင် အ ဘယ် ကြောင့် မ ပြု အပ် သ နည်း ဟူ၍ လည်း ကောင်း၊ အောက် မေ့ သော သူ တို့ သည် အ ပြစ် စီ ရင် ခံ ထိုက် ၏။
ခ ရီး များ သ ဖြင့် မြစ် ချောင်း ဘေး၊ ဓား ပြ ဘေး၊ အ မျိုး သား ခြင်း တို့ ဘေး၊ လူ မျိုး ခြား တို့ ဘေး၊ မြို့ ရွာ ဘေး၊ တော အ ရပ် ဘေး၊ ပင် လယ် ဘေး၊ ညီ အစ် ကို ယောင် ဆောင် သူ တို့ ဘေး များ နှင့် တွေ့ ကြုံ ရ ၏။