မည် သည့် မြို့ ရွာ ကို မ ဆို ဝင် သော် မည် သူ ထိုက် တန် ကြောင်း စူး စမ်း ရှာ ဖွေ ပြီး လျှင်၊ ထို မြို့ ရွာ မှ မ ထွက် မ သွား မီ သူ့ အိမ်၌ တည်း ခို ကြ လော့။
တမန်တော်ဝတ္ထု 21:4 - Garrad Bible တ ပည့် တော် တို့ ကို ရှာ တွေ့၍ ခု နစ် ရက် နေ ကြ၏။ ထို တ ပည့် တော် တို့ က ပေါ လု ကို ယေ ရု ရှ လင် မြို့ သို့ မ သွား စေ ရန် ဝိ ညာဉ် တော် အား ဖြင့် ကန့် ကွက် ကြ သော် လည်း၊ Common Language Bible ထိုအရပ်တွင်ယုံကြည်သူအချို့တို့ကိုတွေ့ သဖြင့် ကျွန်ုပ်တို့သည်သူတို့နှင့်အတူခုနစ် ရက်မျှနေကြ၏။ ထိုတပည့်တော်တို့သည် ဝိညာဉ်တော်၏တန်ခိုးအားဖြင့် ပေါလုအား ယေရုရှလင်မြို့သို့ဆက်၍မသွားရန်ပြော ကြားကြ၏။- Judson Bible တပည့်တော်တို့ကိုတွေ့၍ ငါတို့သည် ခုနစ်ရက်နေကြ၏။ ပေါလုသည် ယေရုရှလင်မြို့သို့ မတက်ရမည် အကြောင်း၊ ထိုတပည့်တော်တို့သည် ဝိညာဉ်တော်အားဖြင့် ပြောကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် တပည့်တော်တို့ကိုတွေ့၍ ထိုအရပ်၌ ခုနစ်ရက်နေကြ၏။ သူတို့သည် ပေါလုအား ဂျေရုဆလင်မြို့သို့တက်မသွားရန် ဝိညာဉ်တော်အားဖြင့် ပြောကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေရာတွင် ကျွန်ုပ်တို့သည် တပည့်တော်တချို့ကို ရှာတွေ့သဖြင့် သူတို့နှင့်အတူ ခုနစ်ရက်နေကြ၏။ သူတို့က သန့်ရှင်းသောဝိညာဉ်တော်ဖွင့်ပြခြင်းအားဖြင့် ပေါလုကို ဂျေရုဆလင်မြို့သို့ မသွားရန်ပြောကြ၏။ |
မည် သည့် မြို့ ရွာ ကို မ ဆို ဝင် သော် မည် သူ ထိုက် တန် ကြောင်း စူး စမ်း ရှာ ဖွေ ပြီး လျှင်၊ ထို မြို့ ရွာ မှ မ ထွက် မ သွား မီ သူ့ အိမ်၌ တည်း ခို ကြ လော့။
အ န္တိ အုတ် မြို့ ရောက် ခေါ် လာ ပြီး လျှင် ထို သူ တို့ သည် တစ် နှစ် တိုင် တိုင် အ သင်း တော် နှင့် စည်း ဝေး လျက်၊ များ စွာ သော သူ တို့ အား ဒေ သ နာ ပေး ကြ၏။ အ န္တိ အုတ် မြို့ တွင် လည်း ခ ရစ် ယာန် ဟူ သော ဘွဲ့ ကို တ ပည့် တော် တို့ ဦး စွာ ခံ ရ ကြ၏။
ကော ရိ န္သု မြို့၌ အာ ပေါ လု ရှိ နေ စဉ် ပေါ လု သည် အ ညာ နယ် ကို သွား၍ ဧ ဖက် မြို့ သို့ ရောက် ရာ တွေ့ သော တ ပည့် တော် တို့ အား၊
ငါ တို့ ကို ဧည့် ခံ မည့် သူ ကု ပ ရု ကျွန်း သား တ ပည့် တော် ဟောင်း မ နာ သုန် ဆို သူ့ အိမ် ရောက် ကဲ သ ရိ မြို့ က တ ပည့် တော် အ ချို့ လိုက် ပို့ ကြ ၏။
ထို မြို့ တွင် ညီ အစ် ကို များ ကို တွေ့ သော် ခု နစ် ရက် တည်း ခို စေ ရန် ငါ တို့ ကို ပင့် ခေါ် ကြ၏။ ထို သို့ ပင် ငါ တို့ သည် ရော မ မြို့ သို့ ရောက် ကြ သ တည်း။
ငါ့ နာ မ အ တွက် ခံ ရ သ မျှ သော ဆင်း ရဲ ဒု က္ခ ကို သူ့ အား ငါ ပြ မည် ဟု မိန့် တော် မူ သည့် အ တိုင်း၊
အ ရှင် ဘု ရား နေ့ တွင် ဝိ ညာဉ် တော် ဝင် စား စဉ် နောက် က တံ ပိုး မှုတ် သံ သ ဖွယ် ကျယ် စွာ ထွက် သည် ကား။