ဧ လိ ယ က၊ သား ကို အပ် ပေး လော့ ဟု ဆို လျက် ရင် ခွင် မှ ဆောင် ယူ၍ တည်း ခို ရာ အ ထက် ဆင့် ရှိ ကိုယ့် အိပ် ရာ ပေါ် တွင် ထား ပြီး လျှင်
တမန်တော်ဝတ္ထု 20:9 - Garrad Bible လေ သာ ပေါက် တွင် ထိုင်၍ များ စွာ ငိုက် မျည်း သော ဥ တု ခု ဆို သူ လူ ငယ် တစ် ယောက် သည် ပေါ လု အ ကျယ် ဟော ပြော ရာ တွင် အိပ် ကြူး သ ဖြင့် တ တိ ယ ဆင့် မှ ကျ၍ အ လောင်း ကို ချီ ယူ ကြ ၏။ Common Language Bible ဥတုခုဆိုသူလူငယ်လူရွယ်တစ်ယောက်သည် ပြူတင်းပေါက်ဘောင်ပေါ်တွင်ထိုင်လျက်နေ၏။ ပေါလုဆက်၍ဟောပြောနေစဉ်သူသည်ငိုက် မြည်းလာပြီးလျှင် နောက်ဆုံး၌အိပ်ပျော်သွား ကာအိမ်၏တတိယအထပ်မှမြေသို့လိမ့် ကျလေသည်။ လူတို့သည်သူ့ကိုပွေ့ချီလိုက် ရာသေနေသည်ကိုတွေ့ကြ၏။- Judson Bible ဥတုခုအမည်ရှိသော လုလင်တစ်ယောက်သည် ပြတင်းပေါက် နားမှာထိုင်၍ အိပ်ပျော်ကျူးလွန်လျက် နေ၏။ ပေါလုသည် ကြာမြင့်စွာ ဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျော့ကျ၍ သေသည်ကို သူတို့သည် ချီကြွကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဥတုခုအမည်ရှိသော လူငယ်တစ်ဦးသည် ပြတင်းပေါက်အပေါ်၌ထိုင်၍ အလွန်အမင်းအိပ်ငိုက်နေ၏။ ပေါလုသည် ကြာမြင့်စွာဆွေးနွေးပြောဆိုသောအခါ သူသည် အိပ်မောကျ၍ တတိယထပ်မှ အောက်သို့ ပြုတ်ကျသွားလေ၏။ သူ့ကိုပွေ့ချီလိုက်သောအခါ သေဆုံးနေသည်ကို တွေ့ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဥတုခုဟု ခေါ်သော လူငယ်တစ်ယောက်သည် ပေါလုကြာရှည်စွာဟောပြောနေစဉ် ပြတင်းပေါက်ပေါ်တွင်ထိုင်ကာ အလွန်အိပ်ငိုက်လျက်နေ၏။ ထိုသူသည် အိပ်ပျော်သွားကာ သုံးလွှာအထပ်မှ အောက်သို့ ပြုတ်ကျသဖြင့် သူ့အား ပွေ့ချီလိုက်သောအခါ သေဆုံးနေသည်ကို သိကြ၏။ |
ဧ လိ ယ က၊ သား ကို အပ် ပေး လော့ ဟု ဆို လျက် ရင် ခွင် မှ ဆောင် ယူ၍ တည်း ခို ရာ အ ထက် ဆင့် ရှိ ကိုယ့် အိပ် ရာ ပေါ် တွင် ထား ပြီး လျှင်
နတ် ဆိုး အော်၍ သူ ငယ် ကို ပြင်း စွာ တုန် တက် စေ ပြီး လျှင် ထွက် ခွာ ရာ သူ ငယ် သည် သေ ငယ် သေ သ ဖြင့် အ များ က သေ ပြီ ဟု ဆို ကြ သော် လည်း၊
သို့ သော် လည်း ယု ဒ လူ မျိုး တို့ သည် အ န္တိ အုတ် မြို့ နှင့် ဣ ကော နိ မြို့ များ မှ ရောက် လာ၍ လူ ပ ရိ သတ် ကို သွေး ဆောင် သည် နှင့် ပေါ လု ကို ပစ် ခတ်၍ သေ ပြီ ထင် မှတ် သ ဖြင့်၊
ထို ကာ လ ပေါ လု သည် ဆင်း သွား၍ အ လောင်း ပေါ် မှာ မှောက် လှဲ ဖက် ယမ်း လျက် မ မြည် တမ်း ကြ နှင့်။ သူ၌ အ သက် ရှိ သည် ဟု ဆို ပြီး နောက်၊
သိ တင်း ဦး နေ့၌ ငါ တို့ သည် မုန့် ဖဲ့ ဝတ် ကို ပြု ရန် စည်း ဝေး လျက် နေ ကြ သော် နောက် နေ့၌ သွား မည့် အ ကြံ ရှိ သော ပေါ လု သည် ငါ တို့ စည်း ဝေး ရာ အ ထက် ခန်း တွင် မီး ခွက် များ စွာ ထွန်း သည် နှင့် သန်း ခေါင် တိုင် အောင် သင် ကြား ဟော ပြော စဉ်၊