ထို အ ခါ အို မင်း မ စွမ်း မျက် စိ မှုန်၍ မ မြင် နိုင် သော ဣ သ ရေ လ သည် ဖက် ယမ်း နမ်း ရှုပ် လျက်၊
တမန်တော်ဝတ္ထု 20:1 - Garrad Bible ထို သို့ ရုန်း ရင်း ခတ် ဖြစ် ခြင်း ရပ် စဲ သည့် နောက် ပေါ လု သည် တ ပည့် တော် တို့ ကို ခေါ် စေ၍ နှိုး ဆော် နှုတ် ဆက် ပြီး လျှင် မာ ကေ ဒေါ နိ ပြည် သို့ ထွက် သွား လေ၏။ Common Language Bible ဆူပူလှုပ်ရှားမှုရပ်စဲသွားသောအခါ ပေါလုသည် တပည့်တော်တို့ကိုခေါ်၍အား ပေးစကားပြောကြား၏။ ထိုနောက်သူတို့ ကိုနှုတ်ဆက်ပြီးလျှင်မာကေဒေါနိပြည် သို့ထွက်ခွာသွားလေသည်။- Judson Bible ထိုရုန်းရင်းခတ်သော အမှုငြိမ်းသောအခါ ပေါလုသည်၊ တပည့်တော်တို့ကိုခေါ်၍ နှုတ်ဆက်ပြီးမှ မာကေဒေါနိပြည်သို့ သွားလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုရုန်းရင်းဆန်ခတ်မှု ရပ်တန့်သွားပြီးနောက် ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ တိုက်တွန်းနှိုးဆော်ကာ သူတို့အား နှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့ထွက်ခွာသွားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုရုန်းရင်းဆန်ခတ်ပြုခြင်းအမှု ပြီးဆုံးသွားသောအခါ ပေါလုသည် တပည့်တော်များကို ခေါ်၍ အားပေးစကားပြောဆိုကာ နှုတ်ဆက်ပြီး မာကေဒေါနိပြည်သို့ ထွက်ခွာသွားလေ၏။ |
ထို အ ခါ အို မင်း မ စွမ်း မျက် စိ မှုန်၍ မ မြင် နိုင် သော ဣ သ ရေ လ သည် ဖက် ယမ်း နမ်း ရှုပ် လျက်၊
အ န္တိ အုတ် မြို့ ရောက် ခေါ် လာ ပြီး လျှင် ထို သူ တို့ သည် တစ် နှစ် တိုင် တိုင် အ သင်း တော် နှင့် စည်း ဝေး လျက်၊ များ စွာ သော သူ တို့ အား ဒေ သ နာ ပေး ကြ၏။ အ န္တိ အုတ် မြို့ တွင် လည်း ခ ရစ် ယာန် ဟူ သော ဘွဲ့ ကို တ ပည့် တော် တို့ ဦး စွာ ခံ ရ ကြ၏။
တစ် ဖန် ထွက်၍ မာ ကေ ဒေါ နိ ပြည် တစ် နယ်၊ မြို့ ကြီး ဖြစ် သော ရော မ ဓ လေ့ အ လိုက် ဖိ လိ ပ္ပိ မြို့ သို့ ရောက် သ ဖြင့် နေ့ ရက် အ တန် ကြာ နေ ထိုင် ကြ၏။
ထို ကာ လ ညဉ့် အ ခါ ထင် ရှား သော ရူ ပါ ရုံ တွင် မာ ကေ ဒေါ နိ ပြည် သား တစ် ယောက် သည် ရပ် လျက်၊ မာ ကေ ဒေါ နိ ပြည် သို့ ကူး လာ၍ အ ကျွန်ုပ် တို့ ကို ကယ် မ ပါ ဟု တောင်း ပန် လျက် နေ သည် ကို ပေါ လု မြင် သော်၊
ထို အ ခြင်း အ ရာ များ ဖြစ် ပြီး နောက် ပေါ လု က ငါ သည် မာ ကေ ဒေါ နိ ပြည် နှင့် အ ခါ ယ ပြည် များ ကို လျှောက် လျက် ယေ ရု ရှ လင် မြို့ ရောက် သွား မည် ဟု အ ကြံ ပြု သည့် ပြင် ရောက် ပြီး မှ ရော မ မြို့ သို့ လည်း အ ကြည့် အ ရှု သွား မည် ဟု အောက် မေ့ သည့် အ တိုင်း၊
ထို ကာ လ ပေါ လု သည် ဆင်း သွား၍ အ လောင်း ပေါ် မှာ မှောက် လှဲ ဖက် ယမ်း လျက် မ မြည် တမ်း ကြ နှင့်။ သူ၌ အ သက် ရှိ သည် ဟု ဆို ပြီး နောက်၊
ဂ ရိတ် ပြည် သို့ သွား ရောက်၍ သုံး လ ကြာ မှ ရှု ရိ ပြည် သို့ သင်္ဘော စီး မည့် အ ခိုက် အ သက် အ န္တ ရာယ် ကို ယု ဒ လူ မျိုး တို့ ရှာ ကြံ ကြ သ ဖြင့် မာ ကေ ဒေါ နိ ပြည် ကို ဖြတ်၍ ပြန် မည် ပြ ဋ္ဌာန်း ၏။
ထို သူ တို့ လည်း သူ့ မျက် နှာ ကို ကြည့် မြင် ရ တော့ မည် မ ဟုတ် ဟူ သော စ ကားကြောင့် အ ထူး ဝမ်း နည်း သ ဖြင့် သည်း စွာ ငို ကြွေး လျက် ပေါ လု ကို လည် ရှက် ဘက် ယမ်း နမ်း ရှုပ် ပြီး လျှင် သင်္ဘော သို့ လိုက် ပို့ ကြ၏။
တစ် ယောက် ကို တစ် ယောက် သန့် ရှင်း စွာ နမ်း ရှုပ် လျက် နှုတ် ဆက် ကြ လော့။ ခ ရစ် တော်၏ အ သင်း တော် ရှိ သ မျှ တို့ က သင် တို့ ကို နှုတ် ဆက် လိုက် ကြ၏။
ညီ အစ် ကို ရှိ သ မျှ တို့ က လည်း နှုတ် ဆက် လိုက် ကြ၏။ တစ် ယောက် ကို တစ် ယောက် သန့် ရှင်း စွာ နမ်း ရှုပ် လျက် နှုတ် ဆက် ကြ လော့။
အ သို့ ဆို သော် မာ ကေ ဒေါ နိ ပြည် သို့ ငါ တို့ ရောက် သည့် အ ခါ ပင် ကာ ယ သု ခ မ ရ ဘဲ ဗ ဟိ ဒ္ဓ တွင် တိုက် လှန် ခြင်း၊ အ ဇ္စု တ္တ တွင် ကြောက် ရွံ့ ခြင်း သင့် လျက် ဖိ စီး ခြင်း ကို အ ဘက် ဘက် ခံ ရ သော် လည်း၊
ငါ သည် မာ ကေ ဒေါ နိ ပြည် သို့ သွား ဆဲ တွင် ခြား နား သော ဒေ သ နာ ကို မ သင် ကြား ရ ဟူ၍ လည်း ကောင်း၊ ပုံ ဝ တ္ထု များ၊ အ ဆုံး မဲ့ ဆွေ စဉ် စာ ရင်း များ ကို ဂ ရု မ ပြု ရ ဟူ၍ လည်း ကောင်း၊ ဧ ဖက် မြို့ တွင် ရပ် ဆိုင်း လျက် အ ချို့ တို့ အား မိန့် မှာ စေ ရန် သင့် ကို နှိုး ဆော် ခဲ့ သည့် အ တိုင်း ထပ်၍ နှိုး ဆော်၏။ ထို သို့ သော စာ ရင်း များ သည် ဘု ရား သ ခင့် သာ သ နာ တော် ကို သ ဒ္ဓါ ယုံ ကြည် ခြင်း ဖြင့် မ ပြု စု ဘဲ ဆွေး နွေး ငြင်း ခုံ ချက် များ ကို သာ ပြု စု ၏။