သို့ ဖြစ်၍၊ ငါ့ စိတ် နှ လုံး ဝမ်း မြောက် လျက်၊ ငါ့ ဝိ ညာဉ် သည် ရွှင် လန်း ပါ ၏။ ငါ့ ကိုယ် ခ န္ဓာ လည်း လုံ ခြုံ စွာ တည်း ခို ပါ လိမ့် မည်။
တမန်တော်ဝတ္ထု 2:26 - Garrad Bible သို့ ဖြစ်၍ ငါ့ စိတ် နှ လုံး ဝမ်း မြောက် လျက် ငါ့ လျှာ ရွှင် လန်း ပါ၏။ ငါ့ ကိုယ် ခ န္ဓာ လည်း စောင့် မျှော် လျက် တည်း ခို ပါ လိမ့် မည်။ Common Language Bible သို့ဖြစ်၍ငါ၏စိတ်နှလုံးသည်ရွှင်လန်းလျက်၊ ငါ၏နှုတ်သည်ရွှင်ပြသောစကားများဖြင့် ပြည့်လျက်ရှိပါ၏။ ငါသည်သေမျိုးပင်ဖြစ်သော်လည်းမျှော်လင့်လျက် ငြိမ်ဝပ်စိတ်ချစွာနေပါမည်။ Judson Bible ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတစ်ပါး ငါ့အသားသည် မျှော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါ၏စိတ်နှလုံးသည်ပျော်ရွှင်၍ ငါ၏နှုတ်သည်ရွှင်မြူး၏။ ထိုမျှမက ငါ၏သွေးသားသည်လည်း မျှော်လင့်ခြင်း၌ခိုလှုံလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ငါ့စိတ်နှလုံးသည် ရွှင်လန်း၍ ငါ့နှုတ်သည် ချီးမွမ်းလေ၏။ ထိုမျှမက ငါ့ကိုယ်ခန္ဓာသည်လည်း မျှော်လင့်လျက် အသက်ရှင်လိမ့်မည်။ |
သို့ ဖြစ်၍၊ ငါ့ စိတ် နှ လုံး ဝမ်း မြောက် လျက်၊ ငါ့ ဝိ ညာဉ် သည် ရွှင် လန်း ပါ ၏။ ငါ့ ကိုယ် ခ န္ဓာ လည်း လုံ ခြုံ စွာ တည်း ခို ပါ လိမ့် မည်။
ကိုယ် တော် သည်၊ မြည် တမ်း ခြင်း ကို က ခုန် ခြင်း ဖြစ် စေ တော် မူ ပါ ပြီ။ အ ကျွန်ုပ် ၏ လျှော် တေ ကို ချွတ်၍၊ ဝမ်း မြောက် ခြင်း နှင့် ခါး စည်း တော် မူ ပါ ပြီ။
ဆီ ဥ ခြင် ဆီ သ ဖွယ် ကိုယ် တော် နှင့် သာ ရောင့် ရဲ၍၊ ရွှင် လန်း သော နှုတ် ခမ်း ဖြင့် ချီး မွမ်း ပါ မည်။
ကျူး ဧ ရ သော အ ခါ၊ ရွေး နုတ် တော် မူ သော အ ကျွန်ုပ် အ သက် ဝိ ညာဉ် သည်၊ နှုတ် ခမ်း ပါ ကြွေး ကြော် ရ ပါ လိမ့် မည်။
ထို အ ရှင် နှင့် စပ်၍ ဒါ ဝိဒ် မင်း မြွက် ဆို သည် ကား၊ ငါ သည် ထာ ဝ ရ ဘု ရား ကို အ စဉ် မျက် မှောက် ပြု ပါ ပြီ။ ငါ မ ရွေ့ စေ ခြင်း ငှာ ကိုယ် တော် သည် ငါ့ လက်ျာ ဘက်၌ ရှိ နေ တော် မူ၏။
အ သို့ ဆို သော် ကိုယ် တော် သည် အ ကျွန်ုပ် အ သက် ဝိ ညာဉ် ကို မ ရ ဏာ့ နိုင် ငံ တွင် ပစ် ထား တော် မ မူ၊ သီး သန့် ထား တော် မူ သော သူ့ ကို ပုပ် ပျက် ခြင်း နှင့် ကြုံ ကြိုက် စေ တော် မူ မည် မ ဟုတ်။