အို အ ရှင် ဘု ရား၊ ကိုယ် တော် သည် မွန် မြတ် လျက်၊ ချမ်း သာ ပေး လျက်၊ ကိုယ် တော့် ပ ဌ နာ ပြု သူ ရှိ သ မျှ တို့ အား၊ က ရု ဏာ တော် ကြွယ် ဝ ပါ ၏။
တမန်တော်ဝတ္ထု 2:21 - Garrad Bible ထို အ ခါ ငါ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ပ ဌ နာ ပြု သူ တိုင်း၊ ဘေး လွတ် ခွင့် ရ လ တ္တံ့ ဟု ဘု ရား သ ခင် မိန့် တော် မူ သည် ဟူ၍ တည်း။ Common Language Bible ထိုအခါထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ ဆုတောင်းပတ္ထနာပြုကြသူအပေါင်းတို့သည် ကယ်တင်တော်မူခြင်းကိုခံရကြလိမ့်မည်' ဟူ၍ဟောပြောခဲ့သတည်း။ Judson Bible ထိုအခါထာဝရဘုရားကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့ဟု ဘုရားဗျာဒိတ်တော်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်’ဟူ၍ ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ထာဝရဘုရား၏အမည်နာမကို အမှီပြု၍ ဆုတောင်းသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရလိမ့်မည်” ဟု မိန့်တော်မူ၏’ ဟူ၍ ဖြစ်၏။ |
အို အ ရှင် ဘု ရား၊ ကိုယ် တော် သည် မွန် မြတ် လျက်၊ ချမ်း သာ ပေး လျက်၊ ကိုယ် တော့် ပ ဌ နာ ပြု သူ ရှိ သ မျှ တို့ အား၊ က ရု ဏာ တော် ကြွယ် ဝ ပါ ၏။
ငါ ထာ ဝ ရ ဘုရား က တိ ပေး သည့် အ တိုင်း၊ ဇိ အုန် တောင် ယေ ရု ရှ လင် မြို့ တွင်၊ ဘေး လွှတ် ခွင့် ရ သူ တို့၊ ကျန် ကြွင်း သူ တို့ တွင်၊ ငါ ထာ ဝ ရ ဘု ရား ခေါ် ဆောင် မည့် သူ တို့ ရှိ နေ သည့် အ လျောက်၊ ငါ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ပ ဌ နာ ပြု သူ တိုင်း၊ ဘေး လွတ် ခွင့် ရ လ တ္တံ့။
ထို ကြောင့် သွား၍ လူ မျိုး တ ကာ ကို ငါ့ တ ပည့် များ ဖြစ် စေ လျက် ခ မည်း တော်၊ သား တော်၊ သန့် ရှင်း သော ဝိ ညာဉ် တော်၏ နာ မ တော်၌ ဗ တ္တိ ဇံ မင်္ဂ လာ ပေး လျက်၊
ငါ ထာ ဝ ရ ဘု ရား၏ နေ့ ထူး နေ့ ကြီး မ တိုင် မီ နေ ကို အ မိုက်၊ လ ကို အ သွေး ဖြစ် စေ မည်။
ယ ခု မှာ အ ဘယ် ကြောင့် ဆိုင်း လင့် သ နည်း။ ထ ပြီး လျှင် နာ မ တော် အား ပ ဌ နာ ပြု လျက် ဗ တ္တိ ဇံ မင်္ဂ လာ ခံ၍ သင့် အ ပြစ် များ ကို ဆေး ကြော လော့ ဟု ဆို ၏။
အ ရှင် ဘု ရား က ထ၍ လမ်း ဖြောင့် ခေါ် ကြား လမ်း သို့ သွား ပြီး လျှင် ယု ဒ အိမ် တွင် တာ ရှု မြို့ သား ရှော လု ကို မေး လော့။
အ ရှင် ဘု ရား က သွား လော့။ ထို သူ သည် လူ မျိုး ခြား တို့ ရှေ့၊ ဘု ရင် မင်း တို့ ရှေ့၊ ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ တွင် ငါ့ နာ မ ကို ဆင့် ရွက် စေ ရန် ငါ ရွေး ကောက် သော အ သုံး အ ဆောင် တော် ဖြစ် သည်။
ငါ တို့ အ ရှင်၊ သူ တို့ အ ရှင် ဖြစ် သော ယေ ရှု ခ ရစ်၏ နာ မ တော် ကို အ ပြည် ပြည် တွင် ပ ဌ နာ ပြု သူ ခပ် သိမ်း တို့ နှင့် တ ကွ၊ သီး သန့် ခေါ် ထား တော် မူ သူ ခ ရစ် တော် ယေ ရှု အား ဖြင့် သန့် ရှင်း သူ များ ဖြစ် သော ကော ရိ န္သု မြို့ ရှိ ဘု ရား သ ခင်၏ အ သင်း တော့် ထံ ရေး လိုက် သည် မှာ၊
က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။