ကိုယ်တော်၏အကြောင်းကိုယောဟန်က၊ ငါ့နောက်မှကြွလာသောအရှင်သည် ငါ့အရင် ရှိတော်မူသည့်အတိုင်း ငါ့ရှေ့ကနေရာတော်ရသည်ဟူ၍ငါဆိုသောသူကား ဤအရှင်တည်းဟုကြွေးကြော်လျက် သက်သေခံ၏။
တမန်တော်ဝတ္ထု 19:4 - Garrad Bible ယော ဟန် သည် နောင် တ ရ ခြင်း ဆိုင် ရာ ဗ တ္တိ ဇံ မင်္ဂ လာ ကို ပေး လျက် သူ့ နောက် ကြွ လာ မည့် အ ရှင် တည်း ဟူ သော ယေ ရှု ကို ယုံ ကြည် ရ မည် ဟူ၍ ပြည် သူ ပြည် သား တို့ အား ဟော ပြော ခဲ့ သည် ဟု ပေါ လု ဆို လေ၏။ Common Language Bible ပေါလုက ``ယောဟန်၏ဗတ္တိဇံမင်္ဂလာသည် နောင်တရသူတို့အဖို့ဖြစ်၏။ ယောဟန်သည် မိမိ၏နောက်တွင်ကြွလာတော်မူမည့်အရှင် ကိုယုံကြည်ရမည်ဟု ဣသရေလအမျိုးသား တို့အားဟောပြောခဲ့၏။ ထိုအရှင်ကားသခင် ယေရှုပေတည်း'' ဟုဆို၏။ Judson Bible ပေါလုကလည်း၊ ယောဟန်က၊ ငါ့နောက်ကြွလာသောသူကို ယုံကြည်ရမည်ဟု လူများတို့အား ပြောဆိုလျက်၊ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ ယေရှုခရစ်ကို ဆိုလိုသည်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပေါလုက “ယောဟန်သည် ‘မိမိနောက်တွင်ကြွလာမည့်အရှင်ကိုယုံကြည်ရမည်’ဟု ဆိုလျက် လူတို့အား နောင်တနှင့်ဆိုင်သောဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ယေရှုကိုဆိုလို၏”ဟု ဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေါလုက “ယောဟန်သည် နောင်တနှင့် သက်ဆိုင်သော နှစ်ခြင်းမင်္ဂလာကို ပေးလျက် သူ့နောက် ကြွလာမည့်သူကို ယုံကြည်ရမည်ဟု လူတို့အား သွန်သင်လေ၏။ ထိုသို့ဆိုရာ၌ ယေရှုကို ဆိုလိုသည်” ဟု ပြောလေ၏။ |
ကိုယ်တော်၏အကြောင်းကိုယောဟန်က၊ ငါ့နောက်မှကြွလာသောအရှင်သည် ငါ့အရင် ရှိတော်မူသည့်အတိုင်း ငါ့ရှေ့ကနေရာတော်ရသည်ဟူ၍ငါဆိုသောသူကား ဤအရှင်တည်းဟုကြွေးကြော်လျက် သက်သေခံ၏။
ယောဟန်က၊ ငါသည်ရေနှင့်ဗတ္တိဇံမင်္ဂလာပေးသည်မှန်၏။ ငါ့နောက်ကြွလာ၍၊ သင်တို့မသိသောအရှင်ဖိနပ်တော်ကြိုးကိုမျှ ငါမဖြည်ထိုက်သောအရှင်ကား သင်တို့ဘောင်တွင်တည်ရှိလေပြီဟု ဖြေဆို၏။
သူသက်သေခံခြင်းဖြင့် လူခပ်သိမ်းတို့ယုံကြည်ကြစေရန် အလင်းတော့်အကြောင်းကိုသက်သေခံရောက်လာ၏။
ယော ဟန် သည် ရေ နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ပေး သည် မှန် ၏။ သင် တို့ မူ ကား၊ နေ့ ရက် များ စွာ မ ကြာ မီ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ဗတ္တိ ဇံ မင်္ဂ လာ ကို ခံ ရ ကြ လိမ့် မည် ဟု မိန့် မှာ တော် မူ ၏။
ယော ဟန် သည် ရေ နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ပေး သည် မှန်၏။ သင် တို့ မူ ကား သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ရ ကြ လိမ့် မည် ဟူ၍ အ ရှင် ဘု ရား မိန့် တော် မူ ချက် ကို ငါ သ တိ ရ၏။