ဗျာ ဒိတ် တော် ကို သ တိ ရ ၍၊ နာ မ တော် နှင့် ဟော ပြော တော့ မည် မ ဟုတ် ဟု၊ အ ကျွန်ုပ် အောက် မေ့ မိ လျှင်၊ မ ချိ မ ဆံ့၊ ချုပ် တည်း မ ရ သည့် တိုင် အောင်၊ အ ရိုး တွင်း ၌ လှောင် ထား သော မီး သ ဖွယ်၊ စိတ် ပူ လောင် လျက် နေ ရ ပါ၏။
တမန်တော်ဝတ္ထု 18:5 - Garrad Bible မာ ကေ ဒေါ နိ ပြည် မှ သိ လ နှင့် တိ မော သေ တို့ ရောက် လာ ကြ သည့် ကာ လ ပေါ လု သည် ဟော ပြော မှု ကို ဝိ ရိ ယ စိုက်၍ ယေ ရှု ပင် ခ ရစ် တော် မှန် ကြောင်း ယု ဒ လူ မျိုး တို့ အား သက် သေ ခံ လျက် နေ ရာ၊ Common Language Bible သိလနှင့်တိမောသေတို့မာကေဒေါနိပြည် မှရောက်လာကြသောအခါ ပေါလုသည်တရား ဟောခြင်းအမှုကိုသာဆောင်ရွက်လျက် မေရှိယ သည်သခင်ယေရှုပင်ဖြစ်ကြောင်းယုဒအမျိုး သားတို့အားသေချာစွာရှင်းပြ၏။- Judson Bible သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာသောအခါ၊ ပေါလုသည် သူတို့နှင့်တကွ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်၍၊ ယေရှုခရစ်၏အကြောင်းကို ယုဒလူတို့အား ကြိုးစား၍ သက်သေခံလေ၏။- မြန်မာ့စံမီသမ္မာကျမ်း သိလနှင့်တိမောသေတို့သည် မာကေဒေါနိပြည်မှ ဆင်းလာကြသောအခါ ပေါလုသည် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ဂျူးလူမျိုးတို့အား သက်သေခံလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာကြသောအခါ ပေါလုသည် တရားဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ဂျူးတို့အား သက်သေခံ၍ ဟောပြောလေ၏။ |
ဗျာ ဒိတ် တော် ကို သ တိ ရ ၍၊ နာ မ တော် နှင့် ဟော ပြော တော့ မည် မ ဟုတ် ဟု၊ အ ကျွန်ုပ် အောက် မေ့ မိ လျှင်၊ မ ချိ မ ဆံ့၊ ချုပ် တည်း မ ရ သည့် တိုင် အောင်၊ အ ရိုး တွင်း ၌ လှောင် ထား သော မီး သ ဖွယ်၊ စိတ် ပူ လောင် လျက် နေ ရ ပါ၏။
ငါ သည် ထာ ဝ ရ ဘု ရား၏ အ မျက် တော် နှင့် ပြည့် လျက်၊ မ ချိ မ ဆံ့ ပန်း လှ ပြီ ဖြစ် ရ ကား။ ထာ ဝ ရ ဘု ရား က၊ လမ်း ရှိ သူ ငယ် တို့ နှင့် စု ရုံး သော လူ ပျို တို့ အ ပေါ် သို့ သွန်း လောင်း လော့။ ယောက်ျား နှင့် မိန်း မ ကို လည်း ကောင်း၊ အို မင်း သူ နှင့် ကြီး ရင့် သူ့ ကို လည်း ကောင်း၊ သုံ့ ပန်း မည် ဖြစ် ၍၊
ဝိ ညာဉ် တော် ချီ မ ဆောင် သွား ရာ၊ နစ် နာ ပူ ပန် ခြင်း စိတ် ရှိ သော ငါ သည်၊ ထာ ဝ ရ ဘု ရား၏ လက် တော် ကိုင် ဆွဲ သ ဖြင့် လိုက် သွား လျက်၊
ငါ မှာ မူ၊ ယာ ကုပ် အ မျိုး အား ကိုယ့် လွန် ကျူး မှု၊ ဣ သ ရေ လ အ မျိုး အား ကိုယ့် ပြစ် မှု ကို ဖော် ပြ အံ့ သော ငှာ၊ ထာ ဝ ရ ဘု ရား၏ ဝိညာဉ် တော် ကြောင့်၊ အ စွမ်း သ တ္တိ၊ ဉာဏ် သ တ္တိ၊ နှုတ် သ တ္တိ နှင့် ပြည့် စုံ လေ ပြီ။
ယုဒလူမျိုးတို့ဝိုင်းလာ၍ ငါတို့၌မည်မျှကြာစိတ်ဒွိဟဖြစ်ကြစေမည်နည်း။ သင်သည်ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟု ဆိုကြသော်၊
ငါသည် ခရစ်တော်မဟုတ်။ ရှေ့တော်ကစေလွှတ်လိုက်သောသူဖြစ်သည်ဟု ငါပြောခဲ့ကြောင်း သင်တို့ကိုယ်တိုင်သက်သေခံဖြစ်ကြ၏။
ရှင် သူ၊ သေ သူ တို့၏ တ ရား မင်း အ ဖြစ် ဘု ရား သ ခင် ခန့် ထား တော် မူ သော အ ရှင် ဖြစ် ကြောင်း ပြည် သူ ပြည် သား တို့ အား ဟော ပြော လျက် သက် သေ ခံ ကြ စေ ရန် ငါ တို့ ကို မိန့် မှာ တော် မူ၏။
ထို အ ခါ တ မန် တော် များ၊ ဥ က္က ဋ္ဌ များ မှ စ၍ တစ် သင်း လုံး သည် ပေါ လု နှင့် ဗာ န ဗ တို့ ပြင် ညီ အစ် ကို တို့ တွင် အ ကြီး အ မှူး ဖြစ် သူ ဗာ ရှ ဗ္ဗ ခေါ် ယု ဒ နှင့် သိ လ တို့ ကို အ သင်း တော် မှ ရွေး ကောက်၍ အ န္တိ အုတ် မြို့ သို့ စေ လွှတ် သင့် ကြောင်း သ ဘော တူ ကြ သည့် အ တိုင်း သူ တို့ လက် ဖြင့် ပေး လိုက် သော စာ မှာ၊
တစ် ဖန် ထွက်၍ မာ ကေ ဒေါ နိ ပြည် တစ် နယ်၊ မြို့ ကြီး ဖြစ် သော ရော မ ဓ လေ့ အ လိုက် ဖိ လိ ပ္ပိ မြို့ သို့ ရောက် သ ဖြင့် နေ့ ရက် အ တန် ကြာ နေ ထိုင် ကြ၏။
ထို ကာ လ ညဉ့် အ ခါ ထင် ရှား သော ရူ ပါ ရုံ တွင် မာ ကေ ဒေါ နိ ပြည် သား တစ် ယောက် သည် ရပ် လျက်၊ မာ ကေ ဒေါ နိ ပြည် သို့ ကူး လာ၍ အ ကျွန်ုပ် တို့ ကို ကယ် မ ပါ ဟု တောင်း ပန် လျက် နေ သည် ကို ပေါ လု မြင် သော်၊
ခ ရစ် တော် သည် စီ ရင် ရာ ခံ၍ သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် ရ မည့် အ ကြောင်း နှင့် ငါ ကြော် ငြာ သော ယေ ရှု သည် ခ ရစ် တော် မှန် ကြောင်း ဖော် ပြ ဟော ပြော သ ဖြင့်၊
သို့ ဖြစ်၍ သင် တို့ ကား တင် သော ထို ယေ ရှု ကို အ ရှင် ဘု ရား အ ဖြစ်၊ ဘိ သိက် ခံ မင်း အ ဖြစ်၊ ဘု ရား သ ခင် ခန့် ထား တော် မူ ကြောင်း ဣ သ ရေ လ တစ် မျိုး လုံး စိတ် ချ လျက် သိ မှတ် စေ ဟု ဟော ပြော လေ၏။
သို့ သော် လည်း ဘု ရား သ ခင့် ကျေး ဇူး တော် ဆိုင် ရာ သ တင်း တော် မြတ် ကို သက် သေ ခံ ရန် အ ရှင် ယေ ရှု ထံ မှ ငါ ခံ ရ သော အ မှု နှင့် အ ငန်း အ တာ ကို ပြီး စီး အောင် ဆောင် ရွက် ခွင့် ရ လျှင် ငါ သည် ကိုယ့် အ သက် ကို ပ မာ ဏ မ ပြု၊ နှ မြော ခြင်း မ ရှိ။
ရှော လု မှာ မူ ခွန် အား တိုး တက် လျက် ယေ ရှု သည် ခ ရစ် တော် မှန် ကြောင်း ထင် ရှား စွာ ဖော် ပြ သ ဖြင့် ဒ မာ သက် မြို့ နေ ယု ဒ လူ မျိုး တို့ စိတ် ရှုပ် ထွေး လျက် နေ ကြ၏။
သင် တို့ ဘောင် တွင် ငါ မှ စ၍ သိ လွာ နု နှင့် တိ မော သေ တို့ ကြော် ငြာ သော ဘု ရား သ ခင့် သား တော် ခ ရစ် တော် ယေ ရှု၌ လည်း ဧ ကန် အ နေ ကန် မ ရှိ၊ ဧ ကန် သာ ရှိ၏။
သင် တို့ ဘောင် တွင် ဆင်း ရဲ ရောက် သော အ ခါ ပင် မည် သူ့ ကို မျှ မ ဖိ စီး ဘဲ ငါ့ အ လို ကို မာ ကေ ဒေါ နိ ပြည် မှ ရောက် သော ညီ အစ် ကို တို့ ဖြည့် ကြ၏။ သင် တို့၌ ဝန် မ လေး စေ ခြင်း ငှာ အ ရာ ရာ တွင် ကိုယ် ကို စောင့် စည်း ခဲ့ သည့် နည်း တူ ရှေ့ သို့ လည်း စောင့် စည်း ဦး မည်။
အ သို့ ဆို သော် တစ် ပါး သည် ရှိ သ မျှ တို့ အ တွက် အ သေ ခံ တော် မူ သ ဖြင့် ရှိ သ မျှ တို့ အ သေ ခံ ကြ ကြောင်း ကို လည်း ကောင်း၊ အ သက် ရှင် သူ တို့ သည် ကိုယ့် အ ဖို့ မ ဟုတ်၊ သူ တို့ အ တွက် အ သေ ခံ၍ ရှင် ပြန် ထ မြောက် တော် မူ သော အ ရှင့် အ ဖို့ ရှင် လျက် နေ ကြ စေ ခြင်း ငှာ အ သေ ခံ တော် မူ ကြောင်း ကို လည်း ကောင်း၊ ငါ တို့ စိတ် ပြ ဋ္ဌာန်း ပြီး ဖြစ် သည့် အ လျောက် ခ ရစ် တော်၏ ချစ် ခြင်း မေ တ္တာ တော် သည် ငါ တို့ ကို အုပ် ချုပ် လျက် ရှိ ၏။
ငါ့ ဆ န္ဒ အ လျောက် ထွက် သွား၍ ခ ရစ် တော် နှင့် အ တူ နေ သော် အ လွန် သာ ယာ မည် ကို သော် လည်း ကောင်း၊ ရုပ် ခ န္ဓာ၌ ရှိ နေ သော် သင် တို့ အ ကျိုး မြတ် မည် ကို လည်း ကောင်း ထောက် ၍ ဒွိ ဟ၌ ကျဉ်း ကျပ် လျက် နေ စဉ်၊
ဤ သို့ ညှဉ်း ပန်း ခံ ရ သည့် အ တွက် မည် သူ မျှ စိတ် လှုပ် ရှား ခြင်း မ ရှိ စေ ရန် သင် တို့ ကို ယုံ ကြည် ခြင်း တ ရား၌ အား ပေး၍ တည် ကြည် စေ မည့် သူ၊ ခ ရစ် တော်၏ သ တင်း တော်မြတ် ဆိုင် ရာ ဘု ရား သ ခင့် အ မှု တော် ဆောင် ဖြစ် သော တိ မော သေ ကို စေ လွှတ် လိုက်၏။ သင် တို့ နှင့် အ တူ ရှိ စဉ် ငါ တို့ တင် ရင် ပြော ဆို သည့် ပြင် အ ဖြစ် အ ပျက် များ ကို ကိုယ် တိုင် သိ ကြ သည့် အ တိုင်း ငါ တို့ သည် ညှဉ်း ပန်း ခံ ရန် ထား သူ များ ဖြစ် ကြောင်း သင် တို့ သိ ကြ၏။
ညီ အစ် ကို တို့၊ တိ မော သေ သည် သင် တို့ ထံ မှ ယ ခု ပင် ရောက် လာ လျက် သင် တို့ ယုံ ကြည် ခြင်း၊ ချစ် ခြင်း များ အ ကြောင်း နှင့် သင် တို့ ကို ငါ တို့ တွေ့ မြင် လို သ ကဲ့ သို့ သင် တို့ လည်း ငါ တို့ ကို တွေ့ မြင် လို လျက် ကောင်း သော သ တိ ထား ခြင်း အ ကြောင်း များ ကို ပြန် ကြား သ ဖြင့်၊
ဘု ရား သ ခင့် ကျေး ဇူး တော် စစ် သည် ဤ သို့ ဖြစ် ကြောင်း နှိုး ဆော် သက် သေ ခံ လျက် ငါ ထင် မှတ် သည့် အ တိုင်း သ စ္စာ ရှိ သူ ညီ အစ် ကို သိ လွာ နု လက် ဖြင့် ငါ အ တို ကောက် ရေး ပို့ လိုက် သ တည်း။ ထို ကျေး ဇူး တော်၌ တည် နေ ကြ လော့။