ဘု ရား သ ခင့် နိုင် ငံ တော် ကို စောင့် မျှော် သူ ကျက် သ ရေ ဆောင် လွှတ် တော် အ ရာ ရှိ အ ရိ မ သဲ မြို့ သား ယော သပ် သည် လာ၍ ပိလတ် မင်း ထံ တိုး ဝင် ပြီး လျှင် ယေ ရှု၏ အ လောင်း တော် ကို တောင်း ရာ၊
တမန်တော်ဝတ္ထု 17:12 - Garrad Bible နေ့ စဉ် ကျမ်း စာ ကို စစ် ဆေး သော ကြောင့် အ များ တို့ ယုံ ကြည် ကြ၏။ ဂုဏ် အ သ ရေ ရှိ ဂ ရိတ် လူ မျိုး မိန်း မ ယော ကျ်ား အ များ လည်း ယုံ ကြည် ကြ ၏။ Common Language Bible ထို့ကြောင့်သူတို့အများပင်ယုံကြည်လာကြ၏။ ယင်းသို့ယုံကြည်သူတို့တွင်ဂုဏ်အသရေရှိ ဂရိအမျိုးသမီး၊ အမျိုးသားအမြောက် အမြားပါဝင်၏။- Judson Bible ထိုကြောင့်၊ ယုဒလူအများတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ၏။ အသရေထင်ရှားသော ဟေလသမိန်းမတို့နှင့် ယောက်ျားအများတို့သည်လည်း ယုံကြည်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် များစွာသောသူတို့သည် ယုံကြည်ကြ၏။ ထိုသူတို့တွင် ဂုဏ်သရေရှိသောဂရိအမျိုးသမီးများနှင့်အမျိုးသားများလည်း မနည်းလှပေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့အားဖြင့် ဂျူးလူမျိုးများစွာတို့သည် ယုံကြည်သက်ဝင်လာကြ၏။ ဂုဏ်သရေရှိဂရိအမျိုးသား၊ အမျိုးသမီးတို့သည်လည်း ယုံကြည်သက်ဝင်လာကြ၏။ |
ဘု ရား သ ခင့် နိုင် ငံ တော် ကို စောင့် မျှော် သူ ကျက် သ ရေ ဆောင် လွှတ် တော် အ ရာ ရှိ အ ရိ မ သဲ မြို့ သား ယော သပ် သည် လာ၍ ပိလတ် မင်း ထံ တိုး ဝင် ပြီး လျှင် ယေ ရှု၏ အ လောင်း တော် ကို တောင်း ရာ၊
မည်သူမဆို ထိုအရှင့်အလိုတော်ကိုဆောင်ရွက်လိုလျှင် ဒေသနာတော်မှာ ဘုရားသခင့်အထံတော်မှ ဖြစ်သည်။ အလိုအလျောက်ငါဟောပြောသည်ကို ပိုင်းခြားသိမြင်လိမ့်မည်။
ပေါ လု နှင့် ဗာ န ဗ တို့ က ဘု ရား သ ခင်၏ တ ရား တော် ကို သင် တို့ အား ဦး စွာ ဟော ပြော ရ၏။ သို့ ရာ တွင် သင် တို့ ပစ် ပယ် လျက် ထာ ဝ ရ အ သက် နှင့် မ ထိုက် တန် ကြောင်း ကိုယ် တိုင် ဆုံး ဖြတ် ကြ သော ကြောင့် မြေ ကြီး အ စွန်း အ ဖျား တိုင် အောင် ကယ် တင် ရာ ကယ် တင် ကြောင်း အ လို့ ငှါ၊ လူ မျိုး ခြား တို့ ရှေ့ အ လင်း သ ဖွယ် သင့် ကို ငါ ခန့် ထား သည် ဟူ သော ထာ ဝ ရ ဘု ရား အ မိန့် တော် ကို ရ သည့် အ တိုင်း၊ ငါ တို့ သည် လူ မျိုး ခြား တို့ ထံ လှည့် တော့ မည် ဟု ရဲ ရင့် စွာ ပြန် ဆို ကြ၏။
ယု ဒ လူ မျိုး တို့ မူ ကား ဂုဏ် အ သ ရေ ရှိ ဘု ရား တ ရား ကြည် ညို သော မိန်း မ များ နှင့် မြို့ ရှိ အ ကြီး အ ကဲ များ ကို တိုက် တွန်း လျက် ပေါ လု နှင့် ဗာ န ဗ တို့ ကို ညှဉ်း ပန်း စေ ပြီး လျှင် ကိုယ့် နယ် မှ နှင် ထုတ် ကြ သည့် အ တွက်၊
ထို နည်း တူ ဣ ကော နိ မြို့ တွင် လည်း ယု ဒ လူ မျိုး တို့ ဓ မ္မာ ရုံ သို့ ပေါ လု နှင့် ဗာ န ဗ ဝင်၍ ဟော ပြော ကြ သ ဖြင့် ယု ဒ လူ မျိုး နှင့် ဂ ရိတ် လူ မျိုး အ မြောက် အ မြား တို့ သည် ယုံ ကြည် ကြ၏။
ဘု ရား သ ခင် ၏ ဂုဏ် တော် ကို ချီး မွမ်း ၍ ပြည် သူ ပြည် သား အ ပေါင်း တို့ ရှေ့ မျက် နှာ သာ ရ ကြ၏။ အ ရှင် ဘု ရား လည်း ကယ် တင် တော် မူ ရာ ရောက် လျက် နေ သူ တို့ ကို တစ် နေ့ နောက် တစ် နေ့ ထပ် သွင်း တော် မူ ၏။
၎င်း ပြင် ညီ အစ် ကို တို့၊ သင် တို့၏ ခေါ် ထား တော် မူ ရင်း အ ဖြစ် အ နေ ကို ထောက် ရှု ဦး လော့။ လော ကီ ပ ညာ ရှိ သူ၊ အ ကြီး အ ကဲ ဖြစ် သူ၊ အ မျိုး မြတ် သူ အ များ ပါ သည် မ ဟုတ်။
သို့ နှင့် အ ညီ အိပ် နေ သူ နိုး၍ သူ သေ တို့ အ ထဲ မှ ထ မြောက် လော့။ ခ ရစ် တော် သည် သင့် အ ပေါ် တွင် ထွန်း လင်း တော် မူ လိမ့် မည် ဟု အ ဆို ရှိ၏။
ကြွယ် ဝ သူ သည် မြက် ပွင့် သ ဖွယ် လွင့် ပျောက် ရ သော ကြောင့် အ နိမ့် ခံ ရာ၌ လည်း ကောင်း ရွှင် လန်း စေ။
သို့ ဖြစ် ၍ ခပ် သိမ်း သော ညစ် ပေ ခြင်း နှင့် အ လွန် ယုတ် ညံ့ ခြင်း ကို ပယ် ရှား ပြီး လျှင် သင် တို့ ဝိ ညာဉ် ကို ကယ် တင် နိုင် သော အဇ္စု တ္တ၌ စိုက် ပျိုး ပြီး တ ရား တော် ကို သိမ် မွေ့ စွာ ခံ ယူ ကြ လော့။